News

ယနေ့ စ​နေနေ့(၂၅.၁၁.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၅၊ ၂၀၂၃ (စ​နေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3410 – 3450

ဥရောပယူရို 3660 – 3770

ဗြိတိသျှစတာလင်ပေါင် 4220 – 4340

သြစတြေးလျဒေါ်လာ 2200 – 2270

ဂျပန်ယန်း 22.40 – 23.00

တောင်ကိုရီးယားဝမ် 2.60 – 2.65

အိန္ဒိယရူပီး 40.20 – 41.40

စင်ကာပူဒေါ်လာ 2510 – 2570

မလေးရှားရင်းဂစ် 715 – 735

တရုတ်ယွမ် 470 – 485

ထိုင်းဘတ် 95.35 – 97.20

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3635,000 – 3645,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3430,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့ (​သောကြာနေ့) က ရန်ကုန် ပြင်ပရွှေဈေးသည် ကျပ် 3630,000 – 3640,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 3625,000 – 3635,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3144,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2002 ဒေါ်လာခန့် ဖြစ်သည်။

YGEA သည် ကောလာဟလလွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။