ဒေါ်လာအပျော့အမာကို ကြိုးကိုင်ခြယ်လှယ်ထားတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့် မူဝါဒကို
မကြာခင် ရပ်တန့်တော့မယ်လို့ ယူဆရတဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဒုတိယမြောက်လအဖြစ် ဆက်တိုက် မြင့်လာပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၄၈ ဒေါ်လာအထက် ရှိနေတဲ့အတွက် ဒီအပတ်မှာ ၂.၃ % မြင့်နေပါတယ်။
အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၆၈.၅၀ ဒေါ်လာဈေး ရှိနေပြီးတော့ ဝ.၆ % မြင့်တက်လာပါတယ်။ (Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်၊ တခြားမှာ ပြန်ကူးတင်ခွင့် မပြုပါ)
ဈေးကွက်လေ့လာသုံးသပ်သူတွေက ဒီနှစ်လိုပဲ နောက်နှစ် ၂၀၂၄ ထဲမှာလည်း ရွှေဈေးကို ဆက်တက်ဦးမယ်လို့ ခန့်မှန်းထားပြီး အမေရိကန်ဗဟိုဘဏ် မူဝါဒအပြောင်းအလဲကြောင့် ဒေါ်လာတန်ဖိုး အားပျော့လာမယ်လို့လည်း ဆိုပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး နှစ်လဆက်တိုက် မြင့်လာချိန်အတွင်း မြန်မာပြည်တွင်း ရွှေဈေးကလည်း နိုဝင်ဘာလမှာ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းဝန်းကျင်အထိ ခုန်တက်ခဲ့ပြီး အခု ဒီဇင်ဘာလအစမှာ ကျပ် ၃၆ သိန်းခွဲကျော်မှာ တည်ရှိနေပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်