News

ယနေ့ သောကြာနေ့(၈.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၈၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3500 – 3570
ဥရောပယူရို 3700 – 3830

ဗြိတိသျှစတာလင်ပေါင် 4240 – 4380
သြစတြေးလျဒေါ်လာ 2230 – 2300

ဂျပန်ယန်း 23.50 – 24.30

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 40.50 – 41.80
စင်ကာပူဒေါ်လာ 2520 – 2610

မလေးရှားရင်းဂစ် 740 – 760
တရုတ်ယွမ် 470 – 490
ထိုင်းဘတ် 96.70 – 99.20

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3690000 – 3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3490,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့ (အမျိုးသားနေ့) ဈေးပိတ်ရက်က ရွှေဈေးနှုန်းသည် ကျပ် 3765,000 ဖြင့် စတင်ခဲ့သော်လည်း ညနေ နှောင်းပိုင်းတွင် ကျပ် 3755,000 ဝန်းကျင်သာ ရှိခဲ့ကြောင်း သိရသည်။ (လတ်တလော ရွှေဈေးများ မငြိမ်ပါ။ ရောင်းမှားဝယ်မှား မဖြစ်စေဖို့ သတိပြုပါ)

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3561,900 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2030 ဒေါ်လာခန့် ဖြစ်သည်။

YGEA က ဖော်ပြလာသော ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် သိသာစွာ မြင့်လာပြီး ယခင်က ကျပ် 32 သိန်းဝန်းကျင်သာ ရှိရာမှ ယခု 35 သိန်းအပေါ် ရောက်လာသည်။