သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၀၀၀ ဒေါ်လာနားအထိ ပြန် ကျလာပြီး သီတင်းပတ် ၂ ပတ်နီးပါးအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့အလုပ်အကိုင်ဈေးကွက် အခြေအနေ ကောင်းမွန်ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာတဲ့နောက် ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချမယ် ဆိုတဲ့ ကုန်သည်တွေရဲ့မျှော်မှန်းချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။
သောကြာနေ့ ဈေးပိတ်ချိန်က ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၂၀၀၄ ဒေါ်လာခန့်အထိ ကျဆင်းခဲ့ပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၂၀ ဒေါ်လာဝန်းကျင်သာ ရှိခဲ့ပါတယ်။ (Current Content က တင်ပြတဲ့ သတင်း ဖြစ်ပါတယ်)
ကမ္ဘာ့ရွှေဈေး အကျမှာ အမေရိကန်ဒေါ်လာညွှန်းကိန်းက ဝ.၂ % မြင့်လာပြီး ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို ဝယ်လိုအား လျော့နည်းသွားတဲ့အတွက် ရွှေဈေး ပြန်အေးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအပတ်အစောပိုင်းက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၁၄၆ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ရာက သီတင်းပတ်နှောင်းပိုင်း ဈေးပိတ်ချိန်မှာ ဒေါ်လာ ၂၀၀၀ နားအထိ ပြန်ထိုးကျခဲ့တာ ဖြစ်ပါတယ်
ကမ္ဘာ့ရွှေဈေး ပြန်အကျမှာ မြန်မာပြည်တွင်းက အကယ်ဒမီ မီးလင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၆၉၀,၀၀၀ နဲ့ ၃၇၀၀,၀၀၀ ခန့်သာ ရှိတော့ပြီး အရင်ရက်တွေက ကျပ် ၃၇ သိန်းခွဲခန့် ရှိခဲ့ရာကနေ ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။