ဒီဇင်ဘာ ၂၅၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3435 – 3485
ဥရောပယူရို 3680 – 3770
ဗြိတိသျှစတာလင်ပေါင် 4240 – 4390
သြစတြေးလျဒေါ်လာ 2270 – 2350
ဂျပန်ယန်း 23.40 – 24.20
တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.10 – 41.60
စင်ကာပူဒေါ်လာ 2540 – 2620
မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 455 – 475
ထိုင်းဘတ် 98.00 – 100.00
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3680,000 – 3700,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3490,000 ကျပ်ခန့် ရှိနေသည်။ (ဈေးပိတ်သောကြောင့် ခန့်မှန်းဈေးကို တင်ပြခြင်း ဖြစ်သည်)
ယနေ့သည် ခရစ္စမတ်နေ့ ဈေးပိတ်ရက် ဖြစ်၍ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေးနှုန်း ထုတ်ပြန်ခြင်း မရှိပါ။ စနေနေ့က YGEA ၏ သတ်မှတ်ရွှေဈေးနှုန်းသည် 3700,800 ကျပ်အထိ ဖြစ်လာ၍ ပြင်ပရွှေဈေးနှင့် ထပ်တူနီးပါး ဖြစ်လာခဲ့သည်
YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်နောက် ပြင်ပရွှေဈေးနှင့် ထပ်တူနီးပါး ဖြစ်လာသည်ကို တွေ့ရသည်။