ခြေထောက်က အမာရွတ်ဟောင်းတွေကို ပျောက်ကင်းစေမယ့် နည်းလမ်း (၅) မျိုး
ပျိုမေတို့အတွက် အမာရွတ်တွေဟာ တကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။
ခြေထောက်မှာ အမာရွတ်တွေရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့နည်းသလို စိတ်ကျဉ်းကျပ်ပြီး ရှက်ရွံ့သလိုလည်း ခံစားရပါတယ်။
(၁) ဗီတာမင် E အဆီ
ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကို ဖောက်ထုတ်လိုက်ပါ။
ရလာတဲ့အဆီလေးကို အမာရွတ်တွေကို လိမ်းပေးကာ နှိပ်နယ်ပေးကာ ၁၅ မိနစ်ခန့်ထားလိုက်ပါ။
ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ
ဗီတာမင် E ဟာ တစ်ချို့လူတွေဆီမှာ ဓာတ်မတည့်တာမျိုးလည်း ရှိတတ်လို့ အဆင်မပြေရင်တော့ ဆက်မသုံးဖို့ အကြံပေးလိုက်ပါတယ်။
(၂) သံပုယိုရည်
သံပုယိုရည်ကို ရေအနည်းငယ်ရောပြီး ဂွမ်းစလေးနဲ့တို့ကာ အမာရွတ်ရှိတဲ့အရေပြားပေါ်ကို ညအိပ်ရာမဝင်ခင်တိုင်းလိမ်းပေးခြင်းဖြင့် လပိုင်းမှာ အမာရွတ်တွေ လျော့နည်းပြီး ပါးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို ဖြတ်ပြီး အထဲက အနှစ်ကိုထုတ်ယူလိုက်ပါ။ ရလာတဲ့အနှစ်ကို အမာရွတ်တွေအပေါ် တိုက်ရိုက်လိမ်းပေးလိုက်ပါ။
နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသက်သာသွားမှာဖြစ်ပါတယ်။
(၄) သခွားသီး
သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို သံပုယိုအနည်းငယ်ရောပြီး အမာရွတ်ဖြစ်တဲ့ အရေပြားပေါ်လိမ်းပေးလိုက်ပါ။
နေ့စဉ်ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသွားမှာဖြစ်ပါတယ်
(၅) သံလွင်ဆီ
သံလွင်ဆီကို အနည်းငယ်အပူပေးပြီး ရလာတဲ့ ဆီနွေးနွေးကို အမာရွတ်တွေပေါ်ကိုလိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။
ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ အမြန်ဆုံး ပျောက်ကင်းသွားမှာဖြစ်ပါတယ်
———————–
ေျခေထာက္က အမာ႐ြတ္ေဟာင္းေတြကို ေပ်ာက္ကင္းေစမယ့္ နည္းလမ္း (၅) မ်ိဳး
ပ်ိဳေမတို႔အတြက္ အမာ႐ြတ္ေတြဟာ တကယ္ကိုစိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းပါတယ္။
ေျခေထာက္မွာ အမာ႐ြတ္ေတြရွိေနတဲ့အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈလည္းေလ်ာ့နည္းသလို စိတ္က်ဥ္းက်ပ္ၿပီး ရွက္႐ြံ႕သလိုလည္း ခံစားရပါတယ္။
ဒီလိုစိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းလြန္းတဲ့ အမာ႐ြတ္ေတြကို သက္သာေပ်ာက္ကင္းသြားေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ဗီတာမင္ E အဆီ
ဗီတာမင္ E ေဆးေတာင့္ေလးမွာ ပါဝင္တဲ့ အဆီေလးကို ေဖာက္ထုတ္လိုက္ပါ။
ရလာတဲ့အဆီေလးကို အမာ႐ြတ္ေတြကို လိမ္းေပးကာ ႏွိပ္နယ္ေပးကာ ၁၅ မိနစ္ခန႔္ထားလိုက္ပါ။
ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာသန႔္စင္လိုက္ပါ။
ဗီတာမင္ E ဟာ တစ္ခ်ိဳ႕လူေတြဆီမွာ ဓာတ္မတည့္တာမ်ိဳးလည္း ရွိတတ္လို႔ အဆင္မေျပရင္ေတာ့ ဆက္မသုံးဖို႔ အႀကံေပးလိုက္ပါတယ္။
(၂) သံပုယိုရည္
သံပုယိုရည္ကို ေရအနည္းငယ္ေရာၿပီး ဂြမ္းစေလးနဲ႔တို႔ကာ အမာ႐ြတ္ရွိတဲ့အေရျပားေပၚကို ညအိပ္ရာမဝင္ခင္တိုင္းလိမ္းေပးျခင္းျဖင့္ လပိုင္းမွာ အမာ႐ြတ္ေတြ ေလ်ာ့နည္းၿပီး ပါးသြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။
(၃) ရွားေစာင္းလက္ပပ္
ရွားေစာင္းလက္ပပ္ကို ျဖတ္ၿပီး အထဲက အႏွစ္ကိုထုတ္ယူလိုက္ပါ။ ရလာတဲ့အႏွစ္ကို အမာ႐ြတ္ေတြအေပၚ တိုက္႐ိုက္လိမ္းေပးလိုက္ပါ။
ေန႔စဥ္ပုံမွန္လိမ္းေပးျခင္းျဖင့္ အမာ႐ြတ္ေတြ ေပ်ာက္ကင္းသက္သာသြားမွာျဖစ္ပါတယ္။
(၄) သခြားသီး
သခြားသီးကို ႀကိတ္ၿပီး ရလာတဲ့အႏွစ္ကို သံပုယိုအနည္းငယ္ေရာၿပီး အမာ႐ြတ္ျဖစ္တဲ့ အေရျပားေပၚလိမ္းေပးလိုက္ပါ
ေန႔စဥ္ပုံမွန္ ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးျခင္းျဖင့္ အမာ႐ြတ္ေတြ ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။
(၅) သံလြင္ဆီ
သံလြင္ဆီကို အနည္းငယ္အပူေပးၿပီး ရလာတဲ့ ဆီေႏြးေႏြးကို အမာ႐ြတ္ေတြေပၚကိုလိမ္းေပးကာ စက္ဝိုင္းပုံသ႑ာန္ ႏွိပ္နယ္ေပးပါ။
ညအိပ္ရာဝင္ခါနီးတိုင္း ျပဳလုပ္ေပးျခင္းျဖင့္ အမာ႐ြတ္ေတြ အျမန္ဆုံး ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။