News

ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေး သိသာစွာ မြင့်တက်လာ

ကာလအတော်ကြာတဲ့အထိ အပြောင်းအလဲ သိပ်မရှိဘဲ တည်ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ အခု ၂၀၂၄ ခုနှစ် ဒုတိယပတ်ထဲမှာ သိသာမြင်သာ မြင့်တက်လာတာ တွေ့ရပါတယ်။

အရင်အပတ်တွေတုန်းက တစ်ကျပ်သားကို ကျပ် ၃၇ သိန်းပတ်လည်မှာ အချိန်တော်တော်ကြာအထိ ငြိမ်နေခဲ့တဲ့

အကယ်ဒမီ မီးလင်းရွှေဈေးဟာ ဒီနှစ် ၂၀၂၄ အစမှာ ကျပ် ၃၇ သိန်းအပေါ်ကို မြင့်လာပြီး အခု ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ကျပ် ၃၇ သိန်းခွဲဝန်းကျင်အထိ ဆက်တက်လာပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဒီနေ့ ဈေးဖွင့်ချိန်မှာ ကျပ် ၃၇ သိန်း ၂ သောင်းခန့်သာ ရှိခဲ့ရာက နေ့ခင်းပိုင်းမှာ ကျပ် ၃၇ သိန်း ၃ သောင်းနဲ့ ညနေပိုင်းမှာ ကျပ် ၃၇ သိန်းခွဲခန့်အထိ ဆက်တိုက် မြင့်လာတာပါ။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

ဒီနေ့ ကမ္ဘာ့ရွှေဈေးကတော့ သုံးပတ်အတွင်း အနိမ့်ဆုံး ကျနေရာက ပြန်တက်လာပြီး ပြည်တွင်းရွှေဈေး တက်လာသလို သိသာမြင်သာ ထိုးတက်လာတာမျိုး မရှိဘဲ တစ်အောင်စကို ၂၀၃၇ ဒေါ်လာခန့်မှာသာ ရှိနေပါတယ်။

အရင်လက ပြင်ပရွှေဈေးနဲ့ တပြေးတည်း (သို့) ပြင်ပရွှေဈေးထက်တောင် ကျော်လွန်ခဲ့တဲ့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့သတ်မှတ်ရွှေဈေးကတော့ ဒီနေ့မှာ ကျပ် ၃၆၆၂,၂၀၀ ခန့်သာ ရှိနေတာ တွေ့ရပါတယ်။ Ref: Investing, Local Gold Market စာရေးသူ- ငွေကြယ်