News

ယနေ့ ဗုဒ္ဓဟူးနေ့ (၁၀.၁.၂၀၂၄) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၁၀ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3430 – 3460
ဥရောပယူရို 3680 – 3750

ဗြိတိသျှစတာလင်ပေါင် 4370 – 4500
သြစတြေးလျဒေါ်လာ 2275 – 2320

ဂျပန်ယန်း 23.20 – 23.90

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.90 – 41.70
စင်ကာပူဒေါ်လာ 2550 – 2610
မလေးရှားရင်းဂစ် 710 – 750
တရုတ်ယွမ် 455 – 480
ထိုင်းဘတ် 97.00 – 99.50

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3740,000 – 3750,000 ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 3540,000 ခန့် ရှိနေသည်။

ယမန်နေ့က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3715,000 – 3725,000 ခန့်နှင့် စဈေးဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် ကျပ် 3730,000 – 3740,000 ၊ ညနေပိုင်းတွင် ကျပ် 3745,000 သို့ ဆက်တိုက် မြင့်တက်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3653,200 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2032 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်အတွက် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် ကျဉ်းလာသည်။