News

၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့ရွှေဈေးနှုန်း အတက်ဘက် ရှိနိုင်မလား?

၂၀၂၃ နှစ်ကုန် ဒီဇင်ဘာလထဲမှာတင် ကမ္ဘာ့ရွှေဈေးနှုန်းဟာ သက်တမ်းတလျှောက် အမြင့်ဆုံးဈေး $2146 အထိ အတက်ရှိခဲ့ပါသည်

လက်ရှိမှာတော့ $2045 ဝန်းကျင်၌ ရှိနေပါသည်။ ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ အတက်လားရာ လမ်းကြောင်းပေါ် ၌ ဆက်လက်ရှိစေနိုင်သည့် အကြောင်းရင်းတွေ များစွာ ရှိနေတဲ့အထဲက အဓိကအချက်တွေကို ကြည့်ကြရာ၌ ….

1. ပထဝီနိုင်ငံရေး တင်းမာမှု

အရှေ့အလယ်ပိုင်းစစ်ရေး တင်းမာမှု၊ ဇာတ်မျောကြီး ဖြစ်နေတဲ့ ရုရှား-ယူကရိန်း အရေး၊ တချက် တချက် ထဖောက်တတ်သည့် မြောက်ကိုရီးယား စသဖြင့် ပထဝီနိုင်ငံရေး တင်းမာမှုတွေ ရှိလာရင်

ကမ္ဘာတဝန်းမှ ရင်းနှီးမြှုပ်နှံသူတွေဟာ သမာရိုးကျ ဘဏ္ဍာရေး ဈေးကွက်ထဲမှာ riskier asset တွေကို လက်ခါပြီးတော့ ရွှေကဲ့သို့ safe haven asset မျိုးကို လက်ဝယ်စုဆောင်းထားရှိလေ့ ရှိပါသည်။

၎င်းအနေအထားမျိုး၌ Financial institution တွေကလည်း ရွှေကို ၎င်း တို့ရဲ့ ပေါ်ဖိုလီယိုထဲမှာ Diversificaton လုပ်မှု ပို၍ တိုးမြှင့်မှုတွေ လုပ်လေ့ရှိကြသည်။

2. ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှာ အင်ဖလေးရှင်းနှုန်းတွေဟာ အမြင့် level တွေ၌ သာ ရှိနေခြင်း

အမေရိကန်၊ ဥရောပ သမဂ္ဂနိုင်ငံများနှင့် ဗြိတိန်တို့လို နိုင်ငံကြီးတွေတောင် အင်ဖလေးရှင်းနှုန်းဟာ ၎င်းတို့ရဲ့ ဗဟိုဘဏ်ကြီးတွေက target ထားတဲ့နှုန်း 2% အထက်မှာပဲ ဆက်လက်ရှိနေသေးသည်။

ခေတ်အဆက်ဆက်ကတည်းက ရွှေဟာ Inflation Hedge လုပ်ရန်အတွက် အကောင်းဆုံးသော အက်ဆက် နေရာ၌ ရှိနေတာကြောင့် Inflation မြင့်နေသေးသ၍ ရွှေကို လက်ဝယ်စုဆောင်းကြဖို့ တွန်းအားအဖြစ် ရှိနေစေသည်။

3. Fed ရဲ့ QE

၂၀၂၄ ဒုတိယ နှစ်ဝက်ကာလထဲမှာ အမေရိကန် Fed ဗဟိုဘဏ်ကြီးရဲ့ QE ပေါ်လစီဘက် ပြန်သွားဖို့ရှိတဲ့ အနေအထားက ဒေါ်လာရဲ့ အတက်ကို အကန့်အသတ်ဖြင့် ရှိစေပြီး ကမ္ဘာ့ရွှေဈေးနှုန်းကို အတက် အားပေးအားမြှောက်ပြုစေနိုင်ပါသည်။

4. Central banks

၂၀၂၂နဲ့ ၂၀၂၃ ခုနှစ်တွေထဲမှာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှ ဗဟိုဘဏ်ကြီးတွေက ရွှေ အဝယ် တိုးမြှင့်မှုတွေ စံချိန်တင် တိုးမြှင့်မှု လုပ်ခဲ့ကြပြီး 2024 ထဲမှာလည်း ရွှေ reserve တွေကို ဆက်လက် တိုးမြှင့်ဖို့ရာ ရှိနေသည့် အနေအထားတွေက ကမ္ဘာ့ရွှေဈေးနှုန်း ကို အတက်တွန်းအား အဖြစ် ရှိစေနိုင်ပါသည်။ မူရင်းဆောင်းပါးရှင် –ဆရာမနန်းခမ်းသီရိဦး