News

Dollar price for today Thursday (25.1.2024) Gold prices and foreign exchange rates

ဇန်နဝါရီ ၂၅၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး

အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3500 – 3540
ဥရောပယူရို 3760 – 3830
ဗြိတိသျှစတာလင်ပေါင် 4500 – 4650

သြစတြေးလျဒေါ်လာ 2270 – 2330
ဂျပန်ယန်း 23.40 – 24.20

တောင်ကိုရီးယားဝမ် 2.60 – 2.65
အိန္ဒိယရူပီး 41.60 – 42.70

စင်ကာပူဒေါ်လာ 2580 – 2640
မလေးရှားရင်းဂစ် 730 – 770
တရုတ်ယွမ် 470 – 490
ထိုင်းဘတ် 98.50 – 100.00

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3835,000 – 3845,000 ဝန်းကျင်နှင့် ဈေးစဖွင့်ခဲ့ပြီး လက်ရှိတွင် 3825,000 – 3835,000 ဈေး ရှိနေသည်။၁၅ ပဲရည်ဈေးမှာ ကျပ် 3610,000 ခန့် ရှိနေသည်။

ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3830,000 – 3840,000 ဖြင့် စဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် 3845,000 နှင့် ညနေပိုင်းတွင် 3850,000 အထိ ဆက်တက်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3628,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2016 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသဖြင့် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် လျော့နည်းခဲ့သော်လည်း ယခုအခါ သိန်းဂဏန်းအထိ ပြန်ကွာဟလာသည်။