News

The domestic gold price rose to 38,000 kyats and the dollar price also rose

ဒီနှစ်စတည်းက တရိပ်ရိပ် မြင့်လာတဲ့ ပြည်တွင်းရွှေဈေးဟာ ဒီနေ့မှာ တစ်ကျပ်သားကို ၃၈ သိန်းခွဲထိ ရောက်ရှိလာပြီး

ပြင်ပဒေါ်လာဈေးကလည်း ၃၅၀၀ ကျော်အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ရွှေဈေးဟာ ကျပ် ၃၇ သိန်းပတ်လည်မှာ ငြိမ်နေရာက ၂၀၂၄ ခုနှစ်ထဲကို ဝင်ရောက်လာတဲ့ အခု ဇန်နဝါရီလထဲမှာ ဆက်တိုက်ဆိုသလို မြင့်လာပြီး မကြာသေးခင်က ကျပ် ၃၈ သိန်းနဲ့ ဒီနေ့မှာ ၃၈ သိန်းခွဲအထိ တဟုန်ထိုး မြင့်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တဦးက “အဓိကတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးတက်လို့ တက်တာပါ။ အရောင်းအဝယ်ကတော့ အရင်လိုပဲ အေးပါတယ်” လို့ သတင်းတစ်ခုမှာ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်မှာ ရှိခဲ့ရာက ဒီနေ့မှာတော့ အမေရိကန်ဒေါ်လာ ၂,၀၃၀ ကို မြင့်လာပါတယ်။ ရွှေဈေးတွေ မြင့်လာချိန်မှာ ပြင်ပဒေါ်လာဈေးက ၃၄၅၀ – ၃၅၀၀ ကျပ်ဝန်းကျင်ကနေ ၃၅၀၀ – ၃၅၅၀ ကျပ်ကို မြင့်တက်လာပါတယ်

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ဒီလအတွင်း ဒေါ်လာ သန်း ၄၀ ကျော် ရောင်းချပြီး ယွမ်နဲ့ ဘတ်ငွေတွေကိုလည်း ရောင်းချပေးနေတဲ့ကြားက ဒေါ်လာဈေး ဒီရက်ထဲမှာ စတင် လှုပ်ခတ်ပြီး တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။