မတ်လ ၂ ၊ ၂၀၂၄ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3585 – 3625
ဥရောပယူရို 3810 – 3920
ဗြိတိသျှစတာလင်ပေါင် 4460 – 4590
သြစတြေးလျဒေါ်လာ 2300 – 2350
ဂျပန်ယန်း 23.60 – 24.20
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.60 – 43.80
စင်ကာပူဒေါ်လာ 2620 – 2670
မလေးရှားရင်းဂစ် 740 – 765
တရုတ်ယွမ် 490 – 500
ထိုင်းဘတ် 99.50 – 101.30
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3920,000 – 3940,000 ကျပ်ဝန်းကျင်နှင့် ဈေးစဖွင့်ပြီး ယခုနေ့ခင်းတွင် 3945,000 – 3955,000 မှ 3965,000 သို့ မြင့်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3710,000 ခန့် ရှိနေသည်
ယမန်နေ့က (သောကြာနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3935,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် 3925,000 သို့ ကျဆင်းကာ ဈေးပိတ်ခဲ့သည်။
ယနေ့သည် တောင်သူလယ်သမားနေ့ (အများပြည်သူအားလပ်ရက်) ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေအပိတ်ဈေးမှာ 2082 ဒေါ်လာ ဖြစ်ပြီး နှစ်လအတွင်း အမြင့်ဆုံး ဖြစ်နေသည်ဟု သိရသည်။