မတ်လ ၇ ၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3600 – 3640
ဥရောပယူရို 3830 – 3940
ဗြိတိသျှစတာလင်ပေါင် 4520 – 4630
သြစတြေးလျဒေါ်လာ 2310 – 2380
ဂျပန်ယန်း 23.80 – 24.40
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.80 – 43.70
စင်ကာပူဒေါ်လာ 2640 – 2710
မလေးရှားရင်းဂစ် 760 – 775
တရုတ်ယွမ် 485 – 505
ထိုင်းဘတ် 99.70 – 101.60
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3990,000 – 4010,000 ကျပ်ဝန်းကျင်နှင့် ဈေးဖွင့်ခဲ့ပြီး ယခုနေ့ခင်းပိုင်းတွင် 4027,000 သို့ မြင့်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3780,000 ခန့် ရှိနေသည်။
ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3975,000 – 3995,000 ဖြင့် ဈေးစဖွင့်ခဲ့ပြိး နောက်ပိုင်းတွင် 4003,000 အထိ ဆက်တက်ပြီး 3398,000 ဖြင့် ဈေးပိတ်ခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3795,400 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2150 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး မြင့်နေသည်)
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။