News

Dollar price for today Saturday (16.3.2024) Gold prices and foreign exchange rates

မတ်လ ၁၆ ၊ ၂၀၂၄ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3680 – 3740
ဥရောပယူရို 3900 – 3980
ဗြိတိသျှစတာလင်ပေါင် 4580 – 4700

သြစတြေးလျဒေါ်လာ 2320 – 2440
ဂျပန်ယန်း 24.80 – 26.00

တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 43.70 – 44.60

စင်ကာပူဒေါ်လာ 2730 – 2840
မလေးရှားရင်းဂစ် 760 – 800
တရုတ်ယွမ် 485 – 510
ထိုင်းဘတ် 102.50 – 105.00

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4165,000- 4175,000 ခန့် ဖြစ်ပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3920,000 ခန့် ဖြစ်သည်။ (ခန့်မှန်း​ဈေးသာ ဖြစ်သည်)

ယမန်နေ့ (သောကြာနေ့) က ရွှေဈေးသည် ကျပ် 4105,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4175,000 မှ 4183,000 အထိ မြင့်တက်လာပြီး နောက်ပိုင်းတွင် 4160,000 – 4170,000 ဖြင့် ဈေးပိတ်ခဲ့သည်

ပြင်ပရွှေဈေး ကျပ် ၄၂ သိန်းနားအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ပြင်ပ​ရွှေဝယ်​ရောင်း လုပ်သူများနှင့် ​ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်​ဈေး​အောက် ​ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အ​ရောင်းအဝယ် ရပ်ထားကြရန် အထူး သတိ​ပေး​ကြောင်း ယ​နေ့ ​ကြေညာထားသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3794,500 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2156 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး ပြန်ကျလာသည်)

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။