မတ်လ ၂၂ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3640 – 3710
ဥရောပယူရို 4040 – 4130
ဗြိတိသျှစတာလင်ပေါင် 4590 – 4690
သြစတြေးလျဒေါ်လာ 2400 – 2460
ဂျပန်ယန်း 24.30 – 24.80
တောင်ကိုရီးယားဝမ် 2.70 – 2.85
အိန္ဒိယရူပီး 44.10 – 45.00
စင်ကာပူဒေါ်လာ 2710 – 2770
မလေးရှားရင်းဂစ် 780 – 790
တရုတ်ယွမ် 495 – 505
ထိုင်းဘတ် 101.00 – 103.00
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4195,000 – 4205,000 ဖြင့် ဈေးစဖွင့်ပြီး နေ့ခင်းပိုင်းတွင် 4218,000 – 4223,000 သို့ မြင့်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3960,000 ခန့် ဖြစ်သည်။
ယမန်နေ့ (ကြာသပတေးနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4220,000 – 4225,000 ဖြင့် စဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4225,000 – 4230,000 သို့ ဆက်လက် မြင့်တက်ကာ စံချိန်သစ်တင်ခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3795,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2174 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး စံချိန်တင်အမြင့်ဆုံးမှ ပြန်လည် ကျဆင်းလာသည်)
ပြင်ပရွှေဈေး ကျပ် ၄၂ သိန်းနားအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။
ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။