News

Dollar price for today Saturday (23.3.2024) Gold prices and foreign exchange rates

မတ်လ ၂၃ ၊ ၂၀၂၄ (စနေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3660 – 3740
ဥရောပယူရို 4060 – 4150

ဗြိတိသျှစတာလင်ပေါင် 4610 – 4720
သြစတြေးလျဒေါ်လာ 2415 – 2470
ဂျပန်ယန်း 24.20 – 24.75

တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 44.10 – 45.00

စင်ကာပူဒေါ်လာ 2710 – 2770
မလေးရှားရင်းဂစ် 785 – 790
တရုတ်ယွမ် 500 – 515
ထိုင်းဘတ် 101.50 – 103.70

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4225,000 ဖြင့် စဖွင့်ပြီး ယခု နေ့ခင်းပိုင်းတွင် 4235,000 သို့ မြင့်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3970,000 ခန့် ဖြစ်သည်

ယမန်နေ့ (သောကြာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4218,000 – 4223,000 ဖြင့် စဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4213,000 – 4218,000 သို့ ပြန်လည် ကျဆင်းကာ ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3798,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2165 ဒေါ်လာခန့် ဖြစ်သည်။

ပြင်ပရွှေဈေး ကျပ် ၄၂ သိန်းနားအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။