မတ်လ ၂၄ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3670 – 3740
ဥရောပယူရို 4060 – 4150
ဗြိတိသျှစတာလင်ပေါင် 4620 – 4720
သြစတြေးလျဒေါ်လာ 2415 – 2470
ဂျပန်ယန်း 24.30 – 24.80
တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 44.10 – 45.10
စင်ကာပူဒေါ်လာ 2710 – 2760
မလေးရှားရင်းဂစ် 785 – 790
တရုတ်ယွမ် 500 – 515
ထိုင်းဘတ် 101.50 – 103.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4220,000 – 4240,000 ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3960,000 ခန့် ဖြစ်သည်။ (Current Content က စုစည်းတင်ပြသည်၊ ပြန်ကူးတင်ခွင့် မပြုပါ)
ယမန်နေ့ (စနေနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4215,000 – 4225,000 ဖြင့် စဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4225,000 – 4235,000 သို့ သို့ မြင့်တက်ကာ ဈေးပိတ်ခဲ့သည်။ (ကမ္ဘာ့ရွှေဈေး ပြန်ကျသွားသော်လည်း မြန်မာ့ရွှေဈေး ပြန်မကျဘဲ ဖြစ်နေသည်)
ယနေ့သည် တပေါင်းလပြည့်နေ့ (တနင်္ဂနွေနေ့) ဖြစ်သောကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ယမန်နေ့က YGEA ၏ ရွှေဈေးမှာ 3798,800 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် 2165 ဒေါ်လာခန့် ဖြစ်သည်။
ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။
ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။