News

အကျကနေ ပြန်တက်လာတဲ့ ကမ္ဘာ့ရွှေဈေး

အရင်ရက်တွေက တောက်လျှောက် အကျကြမ်းနေတဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မှာတော့ ပြန်တက်လာပြီး တစ်အောင်စကို ဒေါ်လာ ၂၆၄၅ ဒေါ်လာဝန်းကျင်အထိ ရှိလာပါတယ်။

အမေရိကန်စီးပွားရေးအပေါ် အကောင်းမြင်မှုတွေ တိုးပွားလာတဲ့နောက် ဒေါ်လာဈေး ပြန်ခုန်တက်လာပြီး တဖက်မှာ ကမ္ဘာ့ရွှေဈေးက အမာခံဈေးတန်း ဖြစ်တဲ့ ဒေါ်လာ ၂၆၀၀ နားအထိ

ထိုးဆင်းခဲ့ပါတယ်။

အခုတော့ အမေရိကန်ဗဟိုဘဏ်က နောက်မှာလည်း အတိုးနှုန်းတွေ ထပ်လျှော့ဦးမယ်လို့ ယူဆချက်တွေ ဖြစ်ပေါ်လာတဲ့အတွက် ရွှေဈေးကွက် တကျော့ပြန် အားကောင်းလာပါတယ်။

ကမ္ဘာ့ရွှေဈေး ပြန်ဦးမော့လာတာနဲ့ တဖက်က အမေရိကန်ဒေါ်လာဈေးကလည်း နှစ်လတာ အမြင့်ဆုံးကနေ ပြန်ကျလာပါတယ်။ ဒေါ်လာဈေးကျမှသာ ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို အဝယ်များမှာ ဖြစ်ပါတယ်။

အရင်လက ကမ္ဘာ့ရွှေဈေးကဟာ တစ်အောင်စကို ၂၆၈၅ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး အခုအပတ်မှာ တဟုန်ထိုး ကျခဲ့ပေမဲ့ ဒီနေ့ ဈေးပြန်မာလာတာပါ။ ဒါပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ ဒီနေ့မှာ ကျပ် ၆၂ သိန်းနဲ့ ၆၃ သိန်းကြားကို ကျလာတယ်လို့ သိရပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်