News

Dollar price for today Tuesday (28.5.2024) Gold prices and foreign exchange rates

မေ ၂၈ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 4200 – 4300
ဥရောပယူရို 4650 – 4880

ဗြိတိသျှစတာလင်ပေါင် 5530 – 5810
သြစတြေးလျဒေါ်လာ 2830 – 2980
ဂျပန်ယန်း 27.10 – 28.45

တောင်ကိုရီးယားဝမ် 3.10 – 3.30
အိန္ဒိယရူပီး 51.20 – 53.70

စင်ကာပူဒေါ်လာ 3070 – 3130
မလေးရှားရင်းဂစ် 920 – 970
တရုတ်ယွမ် 610 – 635
ထိုင်းဘတ် 117.65 – 122.40

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5355,000 – 5375,000 ၀န်းကျင်နှင့် နေ့လယ်ပိုင်းမှသာ ဈေးစဖွင့်နိုင်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် 5510,000 – 5550,000 ဝန်းကျင်အထိ ခုန်တက်နေသည်ဟု သိရသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 5350,000 ခန့် ဖြစ်သည်။

ယမန်နေ့ (တနင်္လာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 5180,000 – 5210,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 5250,000 မှ 5315,000 အထိ ဆက်တိုက် ခုန်တက်ကာ ဈေးပိတ်ခဲ့သည်

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3999,400 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2350 ဒေါ်လာခန့် ဖြစ်သည်။