မေ ၂၇ ၊ ၂၀၂၄ (တနင်္လာန့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 4170 – 4210
ဥရောပယူရို 4495 – 4595
ဗြိတိသျှစတာလင်ပေါင် 5110 – 5230
သြစတြေးလျဒေါ်လာ 2740 – 2800
ဂျပန်ယန်း 26.20 – 26.80
တောင်ကိုရီးယားဝမ် 3.00 – 3.10
အိန္ဒိယရူပီး 49.50 – 50.70
စင်ကာပူဒေါ်လာ 3030 – 3120
မလေးရှားရင်းဂစ် 870 – 890
တရုတ်ယွမ် 565 – 580
ထိုင်းဘတ် 112.70 – 114.95
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5180,000 – 5210,000 ဝန်းကျင်နှင့် ဈေးဖွင့်ပြီး နောက်ပိုင်းတွင် 5235,000 – 5245,000 မှ 5300,000 ဝန်းကျင်အထိ တောက်လျှောက် ခုန်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4970,000 ခန့် ဖြစ်သည်။
ပြီးခဲ့သော (စနေနေ့) က ပြင်ပရွှေဈေးသည် ကျပ် 5215,000 – 5235,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် 5190,000 မှ 5210,000 ဝန်းကျင်သို့ ပြန်လည်ကျဆင်းကာ ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3998,900 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2346 ဒေါ်လာခန့် ဖြစ်သည်။