News

ကမ္ဘာတလွှားက ဘဏ်တွေက ဒီနှစ်ထဲမှာ ရွှေကို စံချိန်တင် ဝယ်ယူနေ

ကမ္ဘာ့နိုင်ငံအရပ်ရပ်က ဗဟိုဘဏ်တွေဟာ ဒီနှစ် ၂၀၂၄၊ ပထမနှစ်ဝက်ထဲမှာတင် ရွှေတန်

ချိန်စုစုပေါင်း ၄၈၃ တန်အထိ စံချိန်တင် ဝယ်ယူမှုရှိခဲ့ကြတယ်လို့ သိရပါတယ်။

မနှစ်က ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တုန်းကတော့ ရွှေတန်ချိန် ၄၆၀ တန် ဝယ်ယူခဲ့တဲ့အတွက် ဒီနှစ် ကာလတူနဲ့ ယှဉ်ကြည့်ရင်

ဗဟိုဘဏ်တွေဟာ ရွှေကို ၅ % တိုးမြှင့် ဝယ်ယူခဲ့ကြတာ တွေ့ရပါတယ်။

ဒီနှစ် ၂၀၂၄ ဒုတိယသုံးလပတ်ထဲမှာ ဗဟိုဘဏ်တွေဟာ ရွှေ တန်ချိန် ၁၈၃ တန်အထိ ဝယ်ယူခဲ့ပြီး နှစ်အလိုက် ယှဉ်ကြည့်ရင် ၆ % တိုးလာခဲ့ပါတယ်။

ဒီနှစ်ထဲမှာ ရွှေဝယ်ယူမှု အများဆုံး ဗဟိုဘဏ်တွေကတော့ ပိုလန်ဗဟိုဘဏ်၊ အိန္ဒိယဗဟိုဘဏ်နဲ့ တူရကီ ဗဟိုဘဏ်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ရွှေကောင်စီ စာရင်းအရ သိရပါတယ်။

အခု ဒီနှစ်ထဲမှာ ကမ္ဘာ့ရွှေဈေးနှုန်းက သက်တမ်းတလျှောက်အမြင့်ဆုံး စံချိန်သစ်တွေ အထပ်ထပ် တင်ခဲ့ပြီး လက်ရှိမှာလည်း ဒေါ်လာ ၂၅၀၀ ဈေးတန်းပတ်လည်မှာပဲ တည်ရှိနေပါတယ်။

ပထဝီနိုင်ငံရေး မတည်ငြိမ်မှုရယ်၊ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေ စတင် လျှော့ချလာနိုင်တာရယ်နဲ့ ဗဟိုဘဏ်တွေရဲ့ အခုလို ရွှေဝယ်ယူ သိမ်းဆည်းမှုတွေ များလာတာတွေရယ်ကြောင့် ကမ္ဘာ့ရွှေဈေးက ဒီနှစ် စံချိန်သစ်တွေ ဆက်တိုက် တင်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *