News

ဒေါ်လာအတက်၊ ရွှေအကျ ဖြစ်လာတဲ့ နိုင်ငံတကာဈေးကွက်အခြေအနေ

အောက်တိုဘာ ၂၈ (တနင်္လာနေ့) နိုင်ငံတကာဈေးကွက်အဖွင့်မှာ ကမ္ဘာ့ရွှေဈေး ကျဆင်းလာပြီး အမေရိကန်ဒေါ်လာကတော့ တန်ဖိုး တက်လာပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက အမေရိကစီးပွားရေးအခြေအနေပြကိန်းဂဏန်းတွေ ထုတ်ပြန်လာမှာကို စောင့်မျှော်နေချိန်မှာ ရွှေဈေး ကျပြီး ဒေါ်လာ တက်လာတာ ဖြစ်ပတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၇၃၅ ဒေါ်လာဝန်းကျင် ရှိနေပြီး သောကြာနေ့အပိတ်ဈေးနဲ့ ယှဉ်ရင် ဝ.၄ % ကျနေပါတယ်။

အရင်အပတ်က ကမ္ဘာ့ရွှေဈေးဟာ ၂၇၅၈ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန် တင်ခဲ့ပါတယ်။

ဒီနေ့ မြန်မာပြည်တွင်းမှာတော့ ပြင်ပရွှေဈေးက တစ်ကျပ်သားကို ကျပ် ၆၅၅၀၀၀၀ – ၆၆၀၀၀၀၀ ဝန်းကျင်နဲ့ အရောင်းခေါ်ထားတယ်လို့ သိရပြီး ဒေါ်လာဈေးကတော့ ၄၅၇၀ – ၄၇၀၀ ကြား ရှိနေပါတယ်။ Ref: Reuters စာရေးသူ- ငွေကြယ်

Leave a Reply

Your email address will not be published. Required fields are marked *