နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ မီးမီးခဲကေတာ့ သူမေနထိုင္ရာ ၾသစေတးလ်နိုင္ငံ Sydney ၿမိဳ႕မွာပဲ ေဆးကုသမႈခံယူရင္း ဆုံးပါးသြားခဲ့ၿပီ ျဖစ္ပါတယ္။ မီးမီးခဲ ကြယ္လြန္သြားခ်ိန္မွာေတာ့ သမီးႀကီး ျဖဴျဖဴစင္စင္လင္းအျပင္ ဒုတိယအိမ္ေထာင္က သမီးႀကီး Narnia နဲ႔ သားငယ္ Napolion တို႔ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။
မီးမီးခဲကေတာ့ မကြယ္လြန္ခင္အခ်ိန္မွာ သားသမီးသုံးေယာက္စလုံးကို ေမတၱာေတြအျပည့္နဲ႔ ေစာင့္ေရွာက္ခဲ့ၿပီး မိခင္တာဝန္ေက်ပြန္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။
ဒီကေန႔ ေအာက္တိုဘာလ (၁၇) ရက္ေန႔ကေတာ့ မီးမီးခဲရဲ့ သမီးအလတ္ေလး Narnia ရဲ့ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ Narnia က သူမရဲ့ ေမြးေန႔မွာ မိခင္မရွိပဲ ျဖတ္သန္းေနရေပမယ့္ ဖခင္ျဖစ္သူက အနားမွာရွိေနၿပီး သမီးေလး မ်က္ႏွာတစ္ခ်က္ မပ်က္ရေအာင္ အစစအရာရာ လိုေလေသးမရွိ ျဖည့္စည္းေပးေနတာကို အခုလိုပဲ ေတြ႕ရပါတယ္။
Narnia အတြက္ကေတာ့ မိခင္ဆုံးၿပီး ေနာက္တစ္ေန႔က သူမရဲ့ ေမြးေန႔ျဖစ္ေနတာေၾကာင့္ ေနာက္လာမယ့္ႏွစ္ေတြမွာ မိခင္ကို ပိုၿပီးေတာ့ေတာင္ သတိရေနရွာမယ္ ထင္ပါတယ္။
မီးမီးခဲလည္း ေကာင္းရာဘုံဘဝကေန သမီးေလးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးေနမယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
ဆယ္လီကြန္နက္ရွင္
Swelsone News
Unicode,
………နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲကတော့ သူမနေထိုင်ရာ သြစတေးလျနိုင်ငံ Sydney မြို့မှာပဲ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ မီးမီးခဲ ကွယ်လွန်သွားချိန်မှာတော့ သမီးကြီး ဖြူဖြူစင်စင်လင်းအပြင် ဒုတိယအိမ်ထောင်က သမီးကြီး Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။
မီးမီးခဲကတော့ မကွယ်လွန်ခင်အချိန်မှာ သားသမီးသုံးယောက်စလုံးကို မေတ္တာတွေအပြည့်နဲ့ စောင့်ရှောက်ခဲ့ပြီး မိခင်တာဝန်ကျေပွန်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ကတော့ မီးမီးခဲရဲ့ သမီးအလတ်လေး Narnia ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Narnia က သူမရဲ့ မွေးနေ့မှာ မိခင်မရှိပဲ ဖြတ်သန်းနေရပေမယ့် ဖခင်ဖြစ်သူက အနားမှာရှိနေပြီး သမီးလေး မျက်နှာတစ်ချက် မပျက်ရအောင် အစစအရာရာ လိုလေသေးမရှိ ဖြည့်စည်းပေးနေတာကို အခုလိုပဲ တွေ့ရပါတယ်။
Narnia အတွက်ကတော့ မိခင်ဆုံးပြီး နောက်တစ်နေ့က သူမရဲ့ မွေးနေ့ဖြစ်နေတာကြောင့် နောက်လာမယ့်နှစ်တွေမှာ မိခင်ကို ပိုပြီးတော့တောင် သတိရနေရှာမယ် ထင်ပါတယ်။
မီးမီးခဲလည်း ကောင်းရာဘုံဘဝကနေ သမီးလေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်
Swelsone News
Video ကြည့်ရန်