ၾကားသိရသမွ်

သူတို႔ေတြ ဘယ္လိုေတြဖိုင္တင္ပေလးေနလဲ ဇာတ္ရည္လည္ေအာင္ အစုံအလင္ၾကည့္နိုင္ပါၿပီ

အောက်မှာ ဇတ်ရည်လည်အောင် လင့်တွေစုပေးထားတယ်နော်ဒါကရေဗက္ကာဝင်း တင်တဲ့ပို့နောက်ကျောကိုဓါးနဲ့ထိုးတာအကြိမ်ကြိမ်အခါခါခံခဲ့ရတယ်

သူနဲ့ကိုယ်ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်လာတော့ ကိုယ်ရှိနေပေမယ့်ဘာမှ မထူးပဲလူပိုကြီးတစ်ယောက်လိုလုပ်နေမယ့်အစား ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ရွေးချယ်ခဲ့တာ။ချစ်ခြင်းကပူလောင်တယ်။ဘယ်ရောက်နေလဲဘယ်သူနဲ့အတူရှိနေလဲစိုးရိမ်ပူပန်နေရတော့ ပူလောင်တယ်။မေတ္တာထားနိုင်အောင်ပဲကြိုးစားတော့တယ်…….

လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံးကို လိမ်ညာနေတဲ့ သူတစ်ယောက်အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ…ကျွန်မဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားပြီး မပြောခဲ့မရေးခဲ့ဖူးပါဘူး…

အခုက သူခိုးက လူပြန်ဟစ်နေတဲ့အနေအထားမို့ ပြောသင့်ပြောထိုက်တာကို ပြောရပါတော့မယ်ကျွန်မနဲ့အိမ်ထောင်ကွဲပြီးသားယောကျာ်းတစ်ယောက်ကကျွန်မကိုအတင်းအိမ်ကိုပြန်လိုက်ခဲ့ဖို့ခေါ်တာကြောင့် ကျွန်မရဲ့လက်ကျန်သံ‌ယောဇဉ်နဲ့

သူ့အိမ်ပြန်လိုက်သွားခဲ့ပါတယ်ကျွန်မအနေနဲ့ သူငယ်ချင်းတစ်ယောက်အပြင်ပိုတဲ့ ဆက်ဆံမှုမျိုးမရှိခဲ့ပေမယ့် သူ့ဘက်က ကျွန်မကို အိမ်ပြန်လာစေချင်တဲ့ ခေါ်ဖိတ်မှုမျိုး လုပ်ခဲ့တဲ့ messageတွေ ခုထိရှိပါတယ်နှစ်ရှည်လများချစ်သူရည်းစားအဖြစ်ဖြတ်သန်းခဲ့ပြီး အိမ်ထောင်သက်တမ်းတစ်ခုလဲရှိခဲ့တဲ့ ကျွန်မရဲ့ ပထမဦးဆုံးအိမ်ထောင်ဖက်ဖြစ်တဲ့အတွက် ကျွန်မမှာ ထောက်ညှာငဲ့ကွက်စဉ်းစားစရာတွေများလွန်းတဲ့

အတွက် မိတ်ဆွေသူငယ်ချင်းအဖြစ် ကျွန်မအရင်အမျိုးသားကိုဖေဖော်ဝါရီလမှာ ဆက်သွယ်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်…

သူနဲ့ကျွန်မ ၄ရက် ၅ရက်လောက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတုန်းမှာပဲ ကျွန်မ အင်တာဗျူးမှာဖြေထားတဲ့ မလွတ်လပ်သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးက သူ့အိမ်ပေါ်ညလုံးပေါက်တက်နေပြီး မနက်မိုးလင်းတဲ့အခါ ကျွန်မမိဘတွေကိုရော ကျွန်မသူငယ်ချင်းတွေကိုရော ကျွန်မက သူတို့ကိုနှောင့်ယှက်နေပါတယ်ဆိုပြီး ဖုန်းဆက်တိုင်တန်းအရှက်ခွဲပြီး ကျွန်မကို ပြန်ခေါ်ယူစေခဲ့ပါတယ်

အဲ့ဒီညမှာ သူမသွားအိပ်လို့ ရခဲ့တဲ့ လက်ဆောင်နဲ့ ပိုက်ဆံကိုလဲ သူမ FB မှာ Valentine’s gift အနေနဲ့ အားလုံးသိအောင်တင်ထားခဲ့ပါတယ်….

အဲ့နောက်ပိုင်း ဈာန်ကြွသွားတော့မလားထင်ရအောင် သူမ FB မှာ ခင်ပွန်းကြီးဆယ်ပါးတောင်းပန်လိုက် ဘုရားရှစ်ခိုးလိုက် ပန်းရေချမ်းသပ္ပာယ်လိုက်နဲ့ အမျိုးမျိုးဟန်ဆောင်လိမ်ညာနေပြီး ကျွန်မဝယ်ထားခဲ့တဲ့ပန်းကန်ခွက်ယောက်အသုံးအဆောင်တွေနဲ့ နေ့တိုင်း မရိုးရအောင်ပို့စ်တွေတင်တာ ကျွမ်မအိမ်ရောက်ဖူးတဲ့ ကျွန်မသူငယ်ချင်းမိတ်ဆွေအားလုံးက သိကြပါတယ်…

ကျွန်မနဲ့တရားဝင်ကွာရှင်းထားတဲ့အမျိုးသားကို ဘာမှမပြောလိုပေမယ့် တရားဝင်မကွာရှင်းရသေးတဲ့ ကျွန်မသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးက FB မှာ သူဟာ ဘယ်လိုကြံ့ခိုင်ကြောင်း ဘယ်လိုအိမ်ထောင်တစ်ခုကို ကြိုးစားဖြတ်သန်းခဲ့ကြောင်း အကောင်းဆုံးမိခင်ဖြစ်ကြောင်း အလွန်တရာချောမောလှပကြောင်းတွေ အဆက်မပြတ်တင်နေခဲ့သော်လည်း ကျွန်မနဲ့မသက်ဆိုင်တာမို့ လျစ်လျူရှူထားခဲ့ပါတယ်

တစ်ရက် Covid 19 ကာလ ဘယ်မှမသွားဖို့အစိုးရက ကြေငြာချက်ထုတ်ထားစဉ် ကျွန်မအရင်အမျိုးသားနဲ့ ဖုန်းပြောဖြစ်ပါတယ်…နောက်တစ်ခေါက် ကျွန်မအနေနဲ့ Covid ကာလ ညဘက် အိပ်မပျော်တာနဲ့ မနက် ၂နာရီလောက်မှာ ရည်ရွယ်ချက်မရှိဘဲ လက်က Video call နှိပ်မိလိုက်တဲ့အချိန်မှာတော့ ထိုအမျိုးသမီးက ကိုင်ပြီး ကျွန်မအရင်အမျိုးသားနဲ့ တစ်အိပ်ရာထဲအိပ်နေတာကို live ပြပါတယ်…

ကျွန်မအရမ်းလဲရှက် အရမ်းလဲအံ့ဩ မယုံနိုင်လောက်အောင်ဖြစ်ရလို့ ကျွန်မ FB account ကိုတောင် Deactivate လုပ်ခဲ့ပြီး ကျွန်မရဲ့ အနုပညာအလုပ်နဲ့ နာမည်ကို စွန့်လွှတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်…ကျွန်မဒီအကြောင်းတွေကို အားလုံးရဲ့မျက်နှာနဲ့ အဖက်ဖက်ကိုငှဲ့ပြီး လုံးဝမပြောပြခဲ့ပါဘူး…

သူမနဲ့ chat box မှာ စကားသွားပြောတော့လဲ အင်မတန်အံ့ဩစရာကောင်းစွာ သူမအတွက် ဒီကိစ္စက ရေးကြီးခွင်ကျယ်မဟုတ် သူမတို့က friend with benefitsဖြစ်ကြောင်းပြောပြခဲ့လို့ ကျွန်မပိုပြီး ခံစားရပါတယ်သူတို့အနေနဲ့ အခုမှ အချစ်စစ် အချစ်မှန်ကိုရှာဖွေတွေ့ရှိပြီး လူမှန်နေရာမှန်ဖြစ်သွားတယ်ဆိုရင်တောင် တစ်ဖက်က မလွတ်လပ်သေးပေမယ့် တစ်ဖက်ကလူလွတ်ဖြစ်နေပြီမို့ ယဉ်ကျေးမှုဘေးချိတ်ထားပြီးနားလည်ပေးလို့ ရကောင်းရနိုင်ပါတယ်…

သူမပြန်ပြောခဲ့တဲ့ တဏှာသီးသန့်ပတ်သတ်မှုကတော့ သူမအသက်အရွယ် သူမအိမ်ထောင် သူမရပ်တည်မှု သူမသူငယ်ချင်းဖြစ်ခဲ့တဲ့ကျွန်မ ပြီးတော့ အားလုံးကို ဂရုမစိုက်ရင်တောင် သူမသားအတွက် ဘာမှမတွေးတော့ဘဲ ဒါမျိုးမျက်နှာပြောင်တိုက် အကျင့်စာရိတ္တပျက်ပြားရဲတာ ကျွန်မအတွက်တော့ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်လို့ပြောရမလိုကို ဩချမိပါတယ်….

သူမပတ်သတ်တဲ့ ကျွန်မနဲ့ကွာရှင်းထားတဲ့အမျိုးသားက သူမအမျိုးသားရဲ့သူငယ်ချင်းလဲဖြစ်ပြီး သူမယောက္ခမနဲ့ ကျွန်မအဖေနဲ့ကကျောင်းနေဘက်သူငယ်ချင်းလဲဖြစ်ပါတယ်…သူမယောက်ျားရဲ့ ဦးလေးကလဲ ကျွန်မအရင်အမျိုးသားရဲ့အဖေရဲ့ လုပ်ဖော်ကိုင်ဘက်ဆိုတော့ ကျွန်မသူမရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ဘာပြောရမှန်းမသိအောင် အံ့ဩဆွံ့အခဲ့တာ လေးလရှိပါပြီ…

ခုမှ လူတွေအားလုံးလဲ သိနေပြီဖြစ်လို့ အဖြစ်မှန်ကိုပြောပြတာပါ ကျွန်မလို အလိမ်ညာခံ အလှည့်ဖြားခံရခြင်းမှ ကင်းလွတ်ကြပါစေရှင်….ကျွန်မအခုဒီလိုရေးတာလဲ ကျွန်မခံစားချက်နဲ့ အတွေ့အကြုံအစစ်အမှန်ကိုသာရေးသားခြင်း ဖြစ်ပါတယ်…မည်သူ့ကိုမှ တိုက်ခိုက်လိုစိတ်အလျင်းမရှိကြောင်းနဲ့ အားလုံးစိတ်ရှင်းအောင်ပြောပြခြင်းသာဖြစ်ကြောင်းပါ တစ်ခါတည်းပြောပြလိုက်ပါတယ်…အမျိုးသမီးတိုင်း ကျွန်မလိုအဖြစ်ဆိုးမှ ကင်းဝေးကြပါစေ ဒါကမယ်လိုဒီတင်တဲ့ပို့စ်…

စိတ်လျော့ ညီမလေးရေ Cb ကစာလေးတွေ တင်လိုက်ပါလား ရှင်းပြရတာ မောနေပါ့မယ်၊အစ်မတို့အိမ်ထောင်ရေး ဘယ်အချိန်ကစ ဘယ်အချိန် အဆုံးသတ်လဲဆိုတာ အစ်မနဲ့အစ်မ အမျိုးသားနဲ့အသိဆုံးပါဘဲဘယ်အချိန်မှာ သူငယ်ချင်းဖြစ်ခဲ့လဲ ပြောပြပါဦး တခြားသူတွေလဲရှိတယ် ပြောခဲ့တာကိုး အစ်မကပိုနာမည်ကြီးတော့ ပိုဂေါ်တာပေါ့၊ ဘာလဲ video call မှာ ဘာလုပ်နေကြလို့လဲလာနောက်မနေနဲ့ ကိုယ့်အခြေအနေကိုယ်သိပါ လူတစ်ယောက်ဆီက လိုချင်တာတွေ မရတာနဲ့တစ်ရက်ကွက်လုံးကို ရန်လိုနေတာတော့များတယ်ကွယ်သူတစ်ပါးကို အကုသိုလ် စနစ်တကျ ပေးတတ်ရင်ကိုယ့်အလှည့်ကျ အကုသိုလ် စုပေါင်းထပ်လောင်းကျမယ်ဆိုတာ သိထားပါ

Credit to Yomalan

သူတို႔ေတြ ဘယ္လိုေတြဖိုင္တင္ပေလးေနလဲ ဇာတ္ရည္လည္ေအာင္ အစုံအလင္ၾကည့္နိုင္ပါၿပီ

ေအာက္မွာ ဇတ္ရည္လည္ေအာင္ လင့္ေတြစုေပးထားတယ္ေနာ္ဒါကေရဗကၠာဝင္း တင္တဲ့ပို႔ေနာက္ေက်ာကိုဓါးနဲ႕ထိုးတာအႀကိမ္ႀကိမ္အခါခါခံခဲ့ရတယ္

သူနဲ႕ကိုယ္ျပဒါးတစ္လမ္းသံတစ္လမ္းျဖစ္လာေတာ့ ကိုယ္ရွိေနေပမယ့္ဘာမွ မထူးပဲလူပိုႀကီးတစ္ေယာက္လိုလုပ္ေနမယ့္အစား ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကဖို႔ ေ႐ြးခ်ယ္ခဲ့တာ။ခ်စ္ျခင္းကပူေလာင္တယ္။ဘယ္ေရာက္ေနလဲဘယ္သူနဲ႕အတူရွိေနလဲစိုးရိမ္ပူပန္ေနရေတာ့ ပူေလာင္တယ္။ေမတၱာထားနိုင္ေအာင္ပဲႀကိဳးစားေတာ့တယ္…….

လတ္တေလာမွာ Drama အရမ္းခင္းၿပီး တေလာကလုံးကို လိမ္ညာေနတဲ့ သူတစ္ေယာက္အေၾကာင္းကို မေျပာခ်င္လဲ ေျပာရေတာ့မလိုျဖစ္ေနပါၿပီ…ကြၽန္မဘယ္သူ႕ကိုမွ ပုတ္ခတ္ေစာ္ကားၿပီး မေျပာခဲ့မေရးခဲ့ဖူးပါဘူး…

အခုက သူခိုးက လူျပန္ဟစ္ေနတဲ့အေနအထားမို႔ ေျပာသင့္ေျပာထိုက္တာကို ေျပာရပါေတာ့မယ္ကြၽန္မနဲ႕အိမ္ေထာင္ကြဲၿပီးသားေယာက်ာ္းတစ္ေယာက္ကကြၽန္မကိုအတင္းအိမ္ကိုျပန္လိုက္ခဲ့ဖို႔ေခၚတာေၾကာင့္ ကြၽန္မရဲ႕လက္က်န္သံ‌ေယာဇဥ္နဲ႕

သူ႕အိမ္ျပန္လိုက္သြားခဲ့ပါတယ္ကြၽန္မအေနနဲ႕ သူငယ္ခ်င္းတစ္ေယာက္အျပင္ပိုတဲ့ ဆက္ဆံမႈမ်ိဳးမရွိခဲ့ေပမယ့္ သူ႕ဘက္က ကြၽန္မကို အိမ္ျပန္လာေစခ်င္တဲ့ ေခၚဖိတ္မႈမ်ိဳး လုပ္ခဲ့တဲ့ messageေတြ ခုထိရွိပါတယ္ႏွစ္ရွည္လမ်ားခ်စ္သူရည္းစားအျဖစ္ျဖတ္သန္းခဲ့ၿပီး အိမ္ေထာင္သက္တမ္းတစ္ခုလဲရွိခဲ့တဲ့ ကြၽန္မရဲ႕ ပထမဦးဆုံးအိမ္ေထာင္ဖက္ျဖစ္တဲ့အတြက္ ကြၽန္မမွာ ေထာက္ညွာငဲ့ကြက္စဥ္းစားစရာေတြမ်ားလြန္းတဲ့

အတြက္ မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ကြၽန္မအရင္အမ်ိဳးသားကိုေဖေဖာ္ဝါရီလမွာ ဆက္သြယ္ေျပာဆိုမႈေတြလုပ္ခဲ့ပါတယ္…

သူနဲ႕ကြၽန္မ ၄ရက္ ၅ရက္ေလာက္ ဆက္သြယ္ေျပာဆိုမႈေတြရွိေနတုန္းမွာပဲ ကြၽန္မ အင္တာဗ်ဴးမွာေျဖထားတဲ့ မလြတ္လပ္ေသးတဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးက သူ႕အိမ္ေပၚညလုံးေပါက္တက္ေနၿပီး မနက္မိုးလင္းတဲ့အခါ ကြၽန္မမိဘေတြကိုေရာ ကြၽန္မသူငယ္ခ်င္းေတြကိုေရာ ကြၽန္မက သူတို႔ကိုႏွောင့္ယွက္ေနပါတယ္ဆိုၿပီး ဖုန္းဆက္တိုင္တန္းအရွက္ခြဲၿပီး ကြၽန္မကို ျပန္ေခၚယူေစခဲ့ပါတယ္

အဲ့ဒီညမွာ သူမသြားအိပ္လို႔ ရခဲ့တဲ့ လက္ေဆာင္နဲ႕ ပိုက္ဆံကိုလဲ သူမ FB မွာ Valentine’s gift အေနနဲ႕ အားလုံးသိေအာင္တင္ထားခဲ့ပါတယ္….

အဲ့ေနာက္ပိုင္း ဈာန္ႂကြသြားေတာ့မလားထင္ရေအာင္ သူမ FB မွာ ခင္ပြန္းႀကီးဆယ္ပါးေတာင္းပန္လိုက္ ဘုရားရွစ္ခိုးလိုက္ ပန္းေရခ်မ္းသပၸာယ္လိုက္နဲ႕ အမ်ိဳးမ်ိဳးဟန္ေဆာင္လိမ္ညာေနၿပီး ကြၽန္မဝယ္ထားခဲ့တဲ့ပန္းကန္ခြက္ေယာက္အသုံးအေဆာင္ေတြနဲ႕ ေန႕တိုင္း မရိုးရေအာင္ပို႔စ္ေတြတင္တာ ကြၽမ္မအိမ္ေရာက္ဖူးတဲ့ ကြၽန္မသူငယ္ခ်င္းမိတ္ေဆြအားလုံးက သိၾကပါတယ္…

ကြၽန္မနဲ႕တရားဝင္ကြာရွင္းထားတဲ့အမ်ိဳးသားကို ဘာမွမေျပာလိုေပမယ့္ တရားဝင္မကြာရွင္းရေသးတဲ့ ကြၽန္မသူငယ္ခ်င္းျဖစ္ခဲ့တဲ့ အဲ့ဒီအမ်ိဳးသမီးက FB မွာ သူဟာ ဘယ္လိုႀကံ့ခိုင္ေၾကာင္း ဘယ္လိုအိမ္ေထာင္တစ္ခုကို ႀကိဳးစားျဖတ္သန္းခဲ့ေၾကာင္း အေကာင္းဆုံးမိခင္ျဖစ္ေၾကာင္း အလြန္တရာေခ်ာေမာလွပေၾကာင္းေတြ အဆက္မျပတ္တင္ေနခဲ့ေသာ္လည္း ကြၽန္မနဲ႕မသက္ဆိုင္တာမို႔ လ်စ္လ်ဴရႉထားခဲ့ပါတယ္

တစ္ရက္ Covid 19 ကာလ ဘယ္မွမသြားဖို႔အစိုးရက ေၾကျငာခ်က္ထုတ္ထားစဥ္ ကြၽန္မအရင္အမ်ိဳးသားနဲ႕ ဖုန္းေျပာျဖစ္ပါတယ္…ေနာက္တစ္ေခါက္ ကြၽန္မအေနနဲ႕ Covid ကာလ ညဘက္ အိပ္မေပ်ာ္တာနဲ႕ မနက္ ၂နာရီေလာက္မွာ ရည္႐ြယ္ခ်က္မရွိဘဲ လက္က Video call ႏွိပ္မိလိုက္တဲ့အခ်ိန္မွာေတာ့ ထိုအမ်ိဳးသမီးက ကိုင္ၿပီး ကြၽန္မအရင္အမ်ိဳးသားနဲ႕ တစ္အိပ္ရာထဲအိပ္ေနတာကို live ျပပါတယ္…

ကြၽန္မအရမ္းလဲရွက္ အရမ္းလဲအံ့ဩ မယုံနိုင္ေလာက္ေအာင္ျဖစ္ရလို႔ ကြၽန္မ FB account ကိုေတာင္ Deactivate လုပ္ခဲ့ၿပီး ကြၽန္မရဲ႕ အႏုပညာအလုပ္နဲ႕ နာမည္ကို စြန႔္လႊတ္လိုက္ေတာ့မယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္…ကြၽန္မဒီအေၾကာင္းေတြကို အားလုံးရဲ႕မ်က္ႏွာနဲ႕ အဖက္ဖက္ကိုငွဲ႕ၿပီး လုံးဝမေျပာျပခဲ့ပါဘူး…

သူမနဲ႕ chat box မွာ စကားသြားေျပာေတာ့လဲ အင္မတန္အံ့ဩစရာေကာင္းစြာ သူမအတြက္ ဒီကိစၥက ေရးႀကီးခြင္က်ယ္မဟုတ္ သူမတို႔က friend with benefitsျဖစ္ေၾကာင္းေျပာျပခဲ့လို႔ ကြၽန္မပိုၿပီး ခံစားရပါတယ္သူတို႔အေနနဲ႕ အခုမွ အခ်စ္စစ္ အခ်စ္မွန္ကိုရွာေဖြေတြ႕ရွိၿပီး လူမွန္ေနရာမွန္ျဖစ္သြားတယ္ဆိုရင္ေတာင္ တစ္ဖက္က မလြတ္လပ္ေသးေပမယ့္ တစ္ဖက္ကလူလြတ္ျဖစ္ေနၿပီမို႔ ယဥ္ေက်းမႈေဘးခ်ိတ္ထားၿပီးနားလည္ေပးလို႔ ရေကာင္းရနိုင္ပါတယ္…

သူမျပန္ေျပာခဲ့တဲ့ တဏွာသီးသန႔္ပတ္သတ္မႈကေတာ့ သူမအသက္အ႐ြယ္ သူမအိမ္ေထာင္ သူမရပ္တည္မႈ သူမသူငယ္ခ်င္းျဖစ္ခဲ့တဲ့ကြၽန္မ ၿပီးေတာ့ အားလုံးကို ဂ႐ုမစိုက္ရင္ေတာင္ သူမသားအတြက္ ဘာမွမေတြးေတာ့ဘဲ ဒါမ်ိဳးမ်က္ႏွာေျပာင္တိုက္ အက်င့္စာရိတၱပ်က္ျပားရဲတာ ကြၽန္မအတြက္ေတာ့ မႀကဳံဖူးေပါင္ ဂုဏ္ထူးေဆာင္လို႔ေျပာရမလိုကို ဩခ်မိပါတယ္….

သူမပတ္သတ္တဲ့ ကြၽန္မနဲ႕ကြာရွင္းထားတဲ့အမ်ိဳးသားက သူမအမ်ိဳးသားရဲ႕သူငယ္ခ်င္းလဲျဖစ္ၿပီး သူမေယာကၡမနဲ႕ ကြၽန္မအေဖနဲ႕ကေက်ာင္းေနဘက္သူငယ္ခ်င္းလဲျဖစ္ပါတယ္…သူမေယာက္်ားရဲ႕ ဦးေလးကလဲ ကြၽန္မအရင္အမ်ိဳးသားရဲ႕အေဖရဲ႕ လုပ္ေဖာ္ကိုင္ဘက္ဆိုေတာ့ ကြၽန္မသူမရဲ႕စိတ္ဓာတ္နဲ႕ လုပ္ရပ္ကို ဘာေျပာရမွန္းမသိေအာင္ အံ့ဩဆြံ႕အခဲ့တာ ေလးလရွိပါၿပီ…

ခုမွ လူေတြအားလုံးလဲ သိေနၿပီျဖစ္လို႔ အျဖစ္မွန္ကိုေျပာျပတာပါ ကြၽန္မလို အလိမ္ညာခံ အလွည့္ျဖားခံရျခင္းမွ ကင္းလြတ္ၾကပါေစရွင္….ကြၽန္မအခုဒီလိုေရးတာလဲ ကြၽန္မခံစားခ်က္နဲ႕ အေတြ႕အႀကဳံအစစ္အမွန္ကိုသာေရးသားျခင္း ျဖစ္ပါတယ္…မည္သူ႕ကိုမွ တိုက္ခိုက္လိုစိတ္အလ်င္းမရွိေၾကာင္းနဲ႕ အားလုံးစိတ္ရွင္းေအာင္ေျပာျပျခင္းသာျဖစ္ေၾကာင္းပါ တစ္ခါတည္းေျပာျပလိုက္ပါတယ္…အမ်ိဳးသမီးတိုင္း ကြၽန္မလိုအျဖစ္ဆိုးမွ ကင္းေဝးၾကပါေစ ဒါကမယ္လိုဒီတင္တဲ့ပို႔စ္…

စိတ္ေလ်ာ့ ညီမေလးေရ Cb ကစာေလးေတြ တင္လိုက္ပါလား ရွင္းျပရတာ ေမာေနပါ့မယ္၊အစ္မတို႔အိမ္ေထာင္ေရး ဘယ္အခ်ိန္ကစ ဘယ္အခ်ိန္ အဆုံးသတ္လဲဆိုတာ အစ္မနဲ႕အစ္မ အမ်ိဳးသားနဲ႕အသိဆုံးပါဘဲဘယ္အခ်ိန္မွာ သူငယ္ခ်င္းျဖစ္ခဲ့လဲ ေျပာျပပါဦး တျခားသူေတြလဲရွိတယ္ ေျပာခဲ့တာကိုး အစ္မကပိုနာမည္ႀကီးေတာ့ ပိုေဂၚတာေပါ့၊ ဘာလဲ video call မွာ ဘာလုပ္ေနၾကလို႔လဲလာေနာက္မေနနဲ႕ ကိုယ့္အေျခအေနကိုယ္သိပါ လူတစ္ေယာက္ဆီက လိုခ်င္တာေတြ မရတာနဲ႕တစ္ရက္ကြက္လုံးကို ရန္လိုေနတာေတာ့မ်ားတယ္ကြယ္သူတစ္ပါးကို အကုသိုလ္ စနစ္တက် ေပးတတ္ရင္ကိုယ့္အလွည့္က် အကုသိုလ္ စုေပါင္းထပ္ေလာင္းက်မယ္ဆိုတာ သိထားပါ

Credit to Yomalan