အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း #SERT PH- 09779900100/ 09792119119
Unicode
အင်းဝတံတားပေါ်ကခုန်ချသွားတဲ့ အမွှာညီမထဲကကျန်ရှိနေသေးသော အကြီးမဖြစ်သူ မငြိမ်းဆုဝေရဲ့အလောင်းကို တစ်လနီးပါး အကြာမှာပြန်တွေ့
ယခု သတင်းကို ( အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။
အင်းဝတံတားမှ ခုန်ချခဲ့သော အမွှာညီအမနှစ်ဦး အ နက် အကြီးမဖြစ်သူအား ၂၅ ရက်အကြာ ဧရာဝတီမြစ် ပေါက်လှကျွန်းအနီး ပြန်လည်တွေ့ရှိ(18.6.2020)
(ဗီဒီယိုဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ်) မေ ၂၄ တွင် အင်းဝတံတားပေါ် မှ ပျောက်ဆုံးသွားသောအမွှာညီအမနှစ်ဦးအနက်အငယ်ဖြစ်သူ မခိုင်ဆုဝေ ၏ ရုပ်အလောင်းအား မေ ၂၆ နံနက် ၁၁ နာရီကျော် ဧရာဝတီ မြစ်ရိပ်သာကျွန်းအနီး
တွေ့ရှိ၍ အရေးပေါ် ကယ်ဆယ်ရေး ရေပြင်ရှာဖွေရေး ရေယာဉ်ဖြင့် ရုပ်အလောင်းအား သွားရောက်ဆယ်ယူကာ အိုးဘိုနာရေးယာဉ်ဖြင့် စစ်ကိုင်းက ခုတင် ၂၀၀ ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး
ကျန်ရှိသော မငြိမ်းဆုဝေအား ရေပြင်ရှာဖွေရေး ဆက်လက်ဆောင်ရွက်ခဲ့ သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘဲ……ယနေ့ ဇွန် ၁၈ မွန်းလွဲ ၄နာရီ တွင် ဧရာဝတီမြစ်အတွင်း၊ ပေါက်လှကျွန်းအနီး အမျိုးသမီး အလောင်းတလောင်း ပေါ်နေကြောင်း သတင်းရသဖြင့် စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ နှင့်အတူ
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းမှ သွားရောက်သယ်ယူခဲ့ရာ ရုပ်အလောင်း ကတော့ တော်တော်လေး ကြာနေပြီ ဖြစ်တာကြောင့် ရုပ်ကတော့ တော် တော် ပျက်နေပြီပေါ့နော်၊ ဝတ်ထားတဲ့ အင်္ကျီအဝတ် အစားတွေအရ တိုက်ကြည့်လိုက်တော့အစ်မဖြစ်သူ မငြိမ်းဆုဝေရဲ့ ရုပ်အလောင်းအဖြစ် အ တည်ပြုနိုင်ခဲ့ကာ စစ်ကိုင်းကမ်းနားလမ်း၊ တာဝါဆိပ်သို့ သယ်ဆောင်ကာအိုးဘိုနာရေးယာဉ်ဖြင့် စစ်ကိုင်း ခုတင်၂၀၀ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ ။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း #SERT PH- 09779900100/ 0979211911