ၾကားသိရသမွ်

တေက်ာ့ျပန္ ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦး ျပန္လည္ေအာင္ျမင္လာရတဲ့အေၾကာင္းမွာ . .

တေက်ာ့ျပန္ ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦး ျပန္လည္ေအာင္ျမင္လာရတဲ့အေၾကာင္းမွာ . . .

ထက္ထက္မိုးဦးရဲ့ လိုက္ဖ္ ကိုၾကည့္ၿပီး တခ်ိဳ႕က စန္းထတယ္လို႔ ေျပာၾကတယ္။ က်ေနာ္ကေတာ့ ကိုယ္လုပ္ေနတဲ့အရာေပၚမွာ ပေရာ္ဖက္ရွင္နယ္ ဆန္တယ္လို႔ ေျပာခ်င္ပါတယ္ ။ ဘယ္အခ်က္ေတြနဲ႔ ေျပာတာလဲ။

၁။ ပရိသတ္ကို ေလးစားတယ္ – ထက္ထက္မိုးဦးဆိုတာ အရင္က လၽွမ္းလၽွမ္းေတာက္ ၊ မသိသူမရွိတဲ့ ေအာင္ျမင္တဲ့ ေၾကာ္ျငာမင္းသမီး၊ ခုေနာက္ပိုင္း ေျခေနအရ လိုက္ဖ္ လြင့္ေရာင္းရတဲ့အခါမွာလဲ လိုက္ဖ္ ၾကည့္တဲ့ ပရိသတ္ အေပၚမွာ ေလး‌ေလးစားစား ဆက္ဆံတယ္။

၂။ မာနမရွိ – ငါ မင္းသမီးပဲ။ ငါ ေရာင္းေပးတဲ့ လိုက္ဖ္ ေတြမွာ အေရာင္း အမ်ားႀကီးရတယ္။ ဝယ္ခ်င္ဝယ္၊ မဝယ္ခ်င္ေန ဆိုၿပီး မဆက္ဆံဘူး။ မာန မထားတတ္ဘူး။ ပရိတ္သတ္ခ်စ္ျခင္းကို အဲ့တခ်က္နဲ႔ အပိုင္သိမ္းလိုက္တာပဲ။

၃။ အျမဲ ျပဳံးေနတယ္ – သူ႔အသက္အရြယ္နဲ႔ မင္းသမီး ဂုဏ္နဲ႔ ေဈးေရာင္းရတာ ပင္ပန္းတယ္။ ဒါေပမယ့္ အျမဲ ျပဳံးေနတယ္။ အဲ့ဒါကလဲ အေရာင္းရျခင္းရဲ့ အသက္။

၄။ အာ႐ုံစူးစိုက္မႈ – ထက္ထက္လွလားဟင္။ ဘာညာမေမးဘူး။ ကိုယ္ေရာင္းရမယ့္ ပစၥည္းကို ေသခ်ာ အာ႐ုံစိုက္ၿပီး ေရာင္းတယ္။

၅။ ကုန္ပစၥည္းအေၾကာင္း – မင္းသမီးက ပစၥည္းအေၾကာင္း ဘယ္လိုအကုန္သိနိုင္မွာလဲ။ ဒါေပမယ့္ သူအတတ္နိုင္ဆုံး ေရာင္းသူဆီက ေမးၿပီး ျပန္ေျပာေပးတယ္။ စိတ္ရွည္တယ္။ လုပ္ေနတဲ့အလုပ္ကို ၿပီးေအာင္လုပ္နိုင္တယ္။

၆။ ညႇိႏွိုင္းမႈ – ေရာင္းသူနဲ႔ ဝယ္သူၾကား အဆင္ေျပေအာင္ ညႇိႏွိုင္းနိုင္တယ္။

၇။ အေရာင္း ျဖစ္ေျမာက္မႈ – အေရာင္းတခု ျဖစ္ေျမာက္ဖို႔ Sales Closing လိုတယ္။ အေရးႀကီးတဲ့ အခ်က္လဲ ျဖစ္တယ္။ အဲ့အခ်က္‌ကို ေသခ်ာ နားလည္တယ္။ အြန္လိုင္း က ပိုဆိုးတယ္။ ခုဝယ္မယ္ေျပာၿပီး ေနာက္ဖုန္းဆက္ရင္ အ႐ူးကြက္နင္းတာမ်ိဳးေတြက ပိုမ်ားတယ္။ အဲ့အပိုင္းကို ေသခ်ာ ပိုင္နိုင္တယ္။ Sales Closing ေသခ်ာလုပ္တယ္။ စရံ လႊဲဖို႔ ကိစၥေတြကအစ ေငြလႊဲၿပီးတဲ့အထိ Sales Closing ကို ေကာင္းေကာင္းလုပ္သြားနိုင္တယ္။

၈။ ဝယ္သူကို ဝန္ေဆာင္မႈ ေပးျခင္း – ခု ကား လိုက္ဖ္ လြင့္ေရာင္းေတာ့ သူကိုယ္တိုင္ ေမာင္းပို႔ေပးမယ္တဲ့။ အိမ္အေရာက္။ ဘယ္ေလာက္ ေကာင္းလိုက္တဲ့ ဝန္ေဆာင္မႈလဲ။

၉။ အိုင္တီနည္းပညာ – နည္းပညာ အေျပာင္းအလဲကို လိုက္နိုင္တယ္။ သူ႔အသက္အရြယ္ တခ်ိဳ႕ မင္းသမီးေတြ အိုင္တီ ကိုမလုပ္တတ္တဲ့အခ်ိန္မွာ နည္းပညာနဲ႔ အကၽြမ္းတဝင္ ျဖစ္‌ေနတယ္။

ခုအခ်က္ေတြေၾကာင့္ ထက္ထက္မိုးဦး စန္းထၿပီး ေအာင္ျမင္တာ မဟုတ္ပဲ အလုပ္ကို ပေရာ္ဖက္ရွင္နယ္ ပီသစြာ လုပ္လို႔ ေအာင္ျမင္တယ္လို႔ ယူဆမိပါတယ္။ ေသခ်ာတာကေတာ့ ေနာက္မ်ိဳးဆက္တဆက္စာ ထက္ထက္မိုးဦးကို ေၾကာ္ျငာ ဘုရင္မဆိုတာ ဒုတိယံမိ ထပ္သိေစမယ္လို႔ ယုံၾကည္မိပါေၾကာင္း။

ေဒါက္တာေဝလင္းေမာင္

unicode

တကျော့ပြန် ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး ပြန်လည်အောင်မြင်လာရတဲ့အကြောင်းမှာ . . .

ထက်ထက်မိုးဦးရဲ့ လိုက်ဖ် ကိုကြည့်ပြီး တချို့က စန်းထတယ်လို့ ပြောကြတယ်။ ကျနော်ကတော့ ကိုယ်လုပ်နေတဲ့အရာပေါ်မှာ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ ပြောချင်ပါတယ် ။ ဘယ်အချက်တွေနဲ့ ပြောတာလဲ။

၁။ ပရိသတ်ကို လေးစားတယ် – ထက်ထက်မိုးဦးဆိုတာ အရင်က လျှမ်းလျှမ်းတောက် ၊ မသိသူမရှိတဲ့ အောင်မြင်တဲ့ ကြော်ငြာမင်းသမီး၊ ခုနောက်ပိုင်း ခြေနေအရ လိုက်ဖ် လွင့်ရောင်းရတဲ့အခါမှာလဲ လိုက်ဖ် ကြည့်တဲ့ ပရိသတ် အပေါ်မှာ လေး‌လေးစားစား ဆက်ဆံတယ်။

၂။ မာနမရှိ – ငါ မင်းသမီးပဲ။ ငါ ရောင်းပေးတဲ့ လိုက်ဖ် တွေမှာ အရောင်း အများကြီးရတယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ ဆိုပြီး မဆက်ဆံဘူး။ မာန မထားတတ်ဘူး။ ပရိတ်သတ်ချစ်ခြင်းကို အဲ့တချက်နဲ့ အပိုင်သိမ်းလိုက်တာပဲ။

၃။ အမြဲ ပြုံးနေတယ် – သူ့အသက်အရွယ်နဲ့ မင်းသမီး ဂုဏ်နဲ့ ဈေးရောင်းရတာ ပင်ပန်းတယ်။ ဒါပေမယ့် အမြဲ ပြုံးနေတယ်။ အဲ့ဒါကလဲ အရောင်းရခြင်းရဲ့ အသက်။

၄။ အာရုံစူးစိုက်မှု – ထက်ထက်လှလားဟင်။ ဘာညာမမေးဘူး။ ကိုယ်ရောင်းရမယ့် ပစ္စည်းကို သေချာ အာရုံစိုက်ပြီး ရောင်းတယ်။

၅။ ကုန်ပစ္စည်းအကြောင်း – မင်းသမီးက ပစ္စည်းအကြောင်း ဘယ်လိုအကုန်သိနိုင်မှာလဲ။ ဒါပေမယ့် သူအတတ်နိုင်ဆုံး ရောင်းသူဆီက မေးပြီး ပြန်ပြောပေးတယ်။ စိတ်ရှည်တယ်။ လုပ်နေတဲ့အလုပ်ကို ပြီးအောင်လုပ်နိုင်တယ်။

၆။ ညှိနှိုင်းမှု – ရောင်းသူနဲ့ ဝယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းနိုင်တယ်

၇။ အရောင်း ဖြစ်မြောက်မှု – အရောင်းတခု ဖြစ်မြောက်ဖို့ Sales Closing လိုတယ်။ အရေးကြီးတဲ့ အချက်လဲ ဖြစ်တယ်။ အဲ့အချက်‌ကို သေချာ နားလည်တယ်။ အွန်လိုင်း က ပိုဆိုးတယ်။ ခုဝယ်မယ်ပြောပြီး နောက်ဖုန်းဆက်ရင် အရူးကွက်နင်းတာမျိုးတွေက ပိုများတယ်။ အဲ့အပိုင်းကို သေချာ ပိုင်နိုင်တယ်။ Sales Closing သေချာလုပ်တယ်။ စရံ လွှဲဖို့ ကိစ္စတွေကအစ ငွေလွှဲပြီးတဲ့အထိ Sales Closing ကို ကောင်းကောင်းလုပ်သွားနိုင်တယ်။

၈။ ဝယ်သူကို ဝန်ဆောင်မှု ပေးခြင်း – ခု ကား လိုက်ဖ် လွင့်ရောင်းတော့ သူကိုယ်တိုင် မောင်းပို့ပေးမယ်တဲ့။ အိမ်အရောက်။ ဘယ်လောက် ကောင်းလိုက်တဲ့ ဝန်ဆောင်မှုလဲ။

၉။ အိုင်တီနည်းပညာ – နည်းပညာ အပြောင်းအလဲကို လိုက်နိုင်တယ်။ သူ့အသက်အရွယ် တချို့ မင်းသမီးတွေ အိုင်တီ ကိုမလုပ်တတ်တဲ့အချိန်မှာ နည်းပညာနဲ့ အကျွမ်းတဝင် ဖြစ်‌နေတယ်။

ခုအချက်တွေကြောင့် ထက်ထက်မိုးဦး စန်းထပြီး အောင်မြင်တာ မဟုတ်ပဲ အလုပ်ကို ပရော်ဖက်ရှင်နယ် ပီသစွာ လုပ်လို့ အောင်မြင်တယ်လို့ ယူဆမိပါတယ်။ သေချာတာကတော့ နောက်မျိုးဆက်တဆက်စာ ထက်ထက်မိုးဦးကို ကြော်ငြာ ဘုရင်မဆိုတာ ဒုတိယံမိ ထပ်သိစေမယ်လို့ ယုံကြည်မိပါကြောင်း။

ဒေါက်တာဝေလင်းမောင်