ဗဟုသုတ

အိမ်ကိုခိုက်စေပြီးအိမ်သားတွေကိုကံဆိုးစေတာကြောင့် အိမ်ထဲမှာမထားသင့်တဲ့ ပစ္စည်းများ

သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ်။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်။ (၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။ (၂) ပိုးစုန်းကြူး ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။ (၃) ပန်းအခြောက်များ အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။ (၄) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ် အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ […]

ဗေဒင်

သက်ရောက် အဟော နှင့် သက်ရောက်တွက်နည်း

သက်ရောက် အဟော နှင့် သက်ရောက်တွက်နည်း သက်ရောက်တွက်နည်း တစ်နှစ်တစ်ခါ မိမိကိုယ်တိုင် ဗေဒင်တွက်ကြည့်ဖို့ နည်းလေးပါ။ တွက်နည်း မိမိရောက်ဆဲ အသက်ကိုတည် ၈ နဲ့စားပါ။ အကြွင်းကိုယူ၍ လက်ယာရစ်ပါ။ ဥပမာ ၂၅ နှစ်ပြည့်ပြီး နောက်တစ်ရက်ဆိုရင် ၂၆ ယူရပါမည်။ ဥပမာ။ ။ အသက် ၂၆ နှစ် တနင်္လာသား၂၆÷၈=၂ ကြွင်းသည်။ တနင်္လာသား ၂ ကြွင်းဖြစ်၍ တနင်္လာသက်ရောက်မှ စ၍ ၂ ကွက်မြောက်ကို ကြည့်လျှင် အင်္ဂါသက်ရောက် ကျသောကြောင့် အဂါင်္သက်ရောက်အဟောကိတ်ပါ။ တနင်္လာသက်ရောက် သောမဂြိုလ် အချစ်ရေး မေတ္တာရေး စန်းပွင့်ခြင်း အမွေအနှစ် ဥစ္စာများရတတ်ခြင်း မောင်ကောက်ရ သူဌေးကျော်ကိန်းဖြစ်လို့ စီးပွားဥစ္စာ ရတနာတိုးတတ်၍ အလုပ်အကိုင်အဆင်ပြေ မြေယာအမွေအနှစ်ရတတ်ပါမည်။ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမူခံရတတ်ပါမည်။ […]

ၾကားသိရသမွ်

နှစ် ၉၀ မြောက် ချစ်သူများနေ့အား အသီးအရွက်ပန်းစည်းဖြင့် ကြည်နူးပျော်ရွှင်စွာ ကျင်းပခဲ့ကြတဲ့ အသက် ၁၀၀ ကျော်စုံတွဲ

နှစ်စလုံးအသက် ၁၀၀ ကျော်ပြီဖြစ်တဲ့ အသက်ကြီးတဲ့ချစ်သူစုံတွဲတစ်တွဲဟာ Valentine’s Day ကို ငယ်ရွယ်နုပျိုတဲ့ချစ်သူစုံတွဲများအဖြစ် ကျင်းပနေဆဲဖြစ်ပါတယ်။ ၎င်းတို့ဟာ အသက်အရွယ်ဘယ်လောက်ပဲကြီးနေပါစေ အချစ်က ကျွန်တော်တို့ရဲ့ဘ၀မှာရင်ခုန်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုဆိုတာကို ကျွန်တော်တို့အား သက်သေပြခဲ့ကြပါတယ်။ အဆိုပါအသက် ၁၀၀ ကျော် တရုတ်စုံတွဲဟာ ၎င်းတို့ရဲ့ အကြိမ် ၉၀ မြောက် Valentine’s Day ကို သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များဖြင့်ပြုလုပ်ထားသောအထူးပန်းစည်းဖြင့် ကျင်းပခဲ့ကြပါတယ်။ အသက် ၁၀၃ နှစ်အရွယ် Wu Conghan အမည်ရှိခင်ပွန်းနှင့် သူ၏ ၁၀၅ နှစ်အရွယ် ဇနီး Wu Songshi တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၎င်းတို့ရဲ့အထူးချစ်သူများနေ့ကိုကျင်းပကာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ အဘိုး Conghan ဟာ အဘွား Songshi အား သူမနှင့်အကျွမ်းတဝင်ရှိတဲ့ […]

ၾကားသိရသမွ်

ကမ္ဘာကျော်မင်းသားကြီး Keanu Reeves ဗုဒ္ဓအပေါ်သူ၏အမြင်နှင့်ယုံကြည်ချက်…

“ Little Buddha ” မင်းသားကမ္ဘာကျော်မင်းသားကြီး Keanu Reeves ကရတနာမြတ်သုံးပါးအပေါ် ဤသို့ရှုမြင်သုံးသပ်ခံယူပါတယ်။ “ မြတ်ဗုဒ္ဓမြတ်ဗုဒ္ဓက ဆရာဝန်တစ်ယောက်နဲ့တူတယ်။ ရောဂါအခြေအနေနဲ့ အကြောင်းတရားကို ကောင်းကောင်းနားလည်ပြီး ဘယ်လိုကုသရမလဲဆိုတာကိုလည်းနားလည်ပြီး သင်ပေးတဲ့ဆရာဝန်တစ်ယောက်နဲ့တူတယ် ” “ ဓမ္မတရားကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမ ဆရာဝန်ကသောက်သုံးရန် ညွှန်ကြားပေးတဲ့ဆေးညွှန်းလိုပါပဲ” “ သံဃာကတော့ ဘုရားပေးတဲ့ဆေးတွေကိုဖြန့်ဝေပြီး လူတွေသောက်သုံးဖြစ်အောင် ကူညီပေးတဲ့သာသနာ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် ” “ The Buddha is like a doctor, who understand the disease, and know how to treat it. The Dhamma, his teaching, is the medicine he prescribed. […]

ဗဟုသုတ

အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား (၆) ခု

အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား (၆) ခု အချစ်ဆိုတာကို တစ်ချိန် မဟုတ် တစ်ချိန်မှာ လူတိုင်း ကြုံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံချစ်နည်းတွေက မတူကြပါဘူး တစ်ချို့တွေက ချစ်ပေမယ့်လည်း အချစ်တွေကို ဘယ်လိုထုတ်ပြရမယ် မသိကြပါဘူး။ တစ်ချို့ကတော့ သိပ်ကို ချစ်တတ်လွန်းလို့ အခုလို အမှားတွေ လုပ်မိတတ်တာမျိုးလည်း ရှိနေပါတယ်။ ချုပ်ချယ်သလို ဖြစ်တယ် တစ်ယောက်ယောက်ကို အရမ်း ချစ်မိသွားတဲ့အခါ အချစ်ကြီးသူတွေက သူတို့ကိုပဲ ကြည့်မိအောင် ပြုလုပ်တတ်ကြပါတယ်။ ကိုယ်နဲ့ပဲ အြ မဲ ရှိနေဖို့ ကိုယ့်ကို ဦးစားပေးဖို့နဲ့ သူ့ရဲ့ အရာရာကို ကိုယ်ပဲ သိချင်တာမျိုးတွေ ပြုလုပ်လာတတ်ပါတယ်။ ဒီအချက်က တစ်ဖက်သူကို အရမ်းကို ပင်ပန်းသွားစေပြီး အချစ်တွေကိုတောင် လျော့သွားစေပါတယ်။ […]

ဗဟုသုတ

ရွှေအကြောင်းနားမလည်တဲ့သူတွေတောင် အလွယ်တစ်ကူ ရွှေအတု အစစ် ခွဲခြားနည်း

ရွှေအကြောင်းနားမလည်တဲ့သူတွေတောင် အလွယ်တစ်ကူ ရွှေအတု အစစ် ခွဲခြားနည်း ရွှေအတု အစစ် ခွဲခြားနည်းတစ်ချို့ သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ် ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ် စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့ လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ် အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။ နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း ရွှေကို နိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေ မှာပါရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော့ ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ […]

ၾကားသိရသမွ်

သူမမှာရှိတဲ့ ငွေတွေအကုန်လုံးကို ခက်ခဲနေတဲ့ CDM သမားတွေကိုအကုန်လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ

သူမမှာရှိတဲ့ ငွေတွေအကုန်လုံးကို ခက်ခဲနေတဲ့ CDM သမားတွေကိုအကုန်လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားခဲ့ပြီး ယနေ့ထက်ထိလည်း တက်ကြွနေဆဲဖြစ်တဲ့ ဟန်နာယူရီဟာ အလှူတွေ အဆက်မပြတ်လုပ်သလို အခုလက်ရှိမှာလည်း သူမ အိမ်လခပေးရမယ့် ငွေတွေကိုပါ CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ကျောင်းကထောက်ပံ့ခဲ့တဲ့ ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင် တချို့ခက်ခဲလွန်းတဲ့ အခြေအနေတွေကြောင့် မနေသာတော့ဘဲ အိမ်ငှားခငွေတွေကိုပါ အခုလို ထုတ်လှူလိုက်တာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ကိုရီးယားမှာ လတ်တလော အလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။ ချစ်ခင်နွေးထွေးပေးကြတဲ့ သူမရဲ့ အသိမိတ်ဆွေတွေကြောင့်သာ နေပျော်သလိုထင်ရပေမယ့် ကိုယ့်တိုင်းပြည် မအေးချမ်းတာတွေကိုမြင်တိုင်း ဟန်နာယူရီ တစ်ယောက် စိတ်မချမ်းမသာဖြစ်ရသလို တိုင်းပြည်အရေးကို ကမ္ဘာက သိစေဖို့အတွက်လည်း သူမရဲ့လူမှုကွန်ယက်တွေကို […]

ၾကားသိရသမွ်

နောက်တစ်ပွဲနိုင်ပြီးရင် ချန်ပီယံခါးပတ်ကို ပြန်လုမယ်လို့ဆိုလိုက်တဲ့ အောင်လအန်ဆန်း

နောက်တစ်ပွဲနိုင်ပြီးရင် ချန်ပီယံခါးပတ်ကို ပြန်လုမယ်လို့ဆိုလိုက်တဲ့ အောင်လအန်ဆန်း အောင်လကတော့ ‌အင်တာဗျူးတစ်ခုမှာ သူဟာ မာတင်ငုယင်နဲ့ ပွဲပြီးတာနဲ့ အမေရိကန်မှာ training camp ပြန်တးဝင်မှာဖြစ်ပြီး နှစ်လလောက်အတွင်း ပွဲတစ်ပွဲထိုးသတ်မှာ ဖြစ်ကြောင်း ပြင်ဆင်ထားပါတယ်။ သူနဲ့ ထိုးသတ်မယ့်ပြိုင်ဖက်ဟာ ဗစ်ဒက်ရှ်ဖြစ်ဖြစ် ဂျပန်ဖိုက်တာအိုကာမိဖြစ်ဖြစ် သူ့အတွက်အရေးမကြီးကြောင်းနဲ့ သူ့ရှေ့ကို တည်ပေးတဲ့ဖိုက်တာမှန်သမျှ ထိုးသတ်မှာ ဖြစ်ကြောင်ူပါပြောသွားပါတယ်။ နောက်တစ်ချက်ကတော့ သူဟာ နောက်ထပ်နိုင်ပွဲတစ်ပွဲကို ရရှိပြီးတာနဲ့ ချန်ပီယံခါးပတ်ကို ပြန်လုမှာ ဖြစ်ကြောင်းပါပြောသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရိုင်နီယာကို ဝယ်တာဝိတ်ချန်ပီယံ အဘာဆော့ဗ်က တက်စိန်ခေါ်ထားတဲ့ပွဲကို ကျင်းပဖွယ်ရှိတာကြောင့် အောင်လအနေနဲ့ ဘယ်သူ့ဆီက မစ်ဒယ်ဝိတ်ခါးပတ်ကို လုယူရမယ်ဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် အဘာဆော့ဗ်ဆီမှာသာ မစ်ဒယ်ဝိတ်ခါးပတ်ရောက်သွားရင်လည်း အဘာဆော့ဗ်ကို စိန်ခေါ်ထိုးသတ်မှာ ဖြစ်ကြောင်းပြောထားပါတယ်။ ရိုင်နီယာက အနိုင်ရခဲ့ရင်လည်း ရိုင်နီယာနဲ့ တတိယအကြိမ်ထိုးသတ်မှာ […]

ဗဟုသုတ

မိသားစုကို ဦးဆောင်နိုင်ဖို့ ကလေးတွေကို ဒါတွေ သင်ပေးပါ

မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ။ မိဘတိုင်းက ကိုယ့်ရဲ့ ကလေးလေးတွေ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေ ဖြစ်ချင်ကြမှာပါ။ ညီအစ်ကို မောင်နှမချင်း ချစ်ချစ်ခင်ခင် နေထိုင်တတ်ဖို့က မိဘတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ တစ်ချို့သော မိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှု မရှိတာကို တွေ့နေရတတ်ပါတယ်။ မိဘတိုင်းက မောင်နှမချင်း ချစ်ခင်တတ်ဖို့ကို သူတို့ရဲ့ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့ လိုအပ်ပါတယ်နော်။ ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီးမူတည်ပြီးတော့၊ နောက်ကလေးတွေက သူတို့ရဲ့ အကြီးတွေဆီကနေ အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကို သင်ကြားပေးပါ။ ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။ ပထမဆုံးကလေးတွေဆိုတာ တစ်ခြားသူတို့ထက်အငယ်တွေ မမွေးသေးခင်မှာ […]

ဗဟုသုတ

ကိုယ့်တွင်းကိုပဲ ကိုယ်ပြန်တူးပါ

တခါက လူတယောက်ဟာ သူ့ရဲ့ လယ်ယာမြေမှာ ရေလိုအပ်နေလို့ ရေတွင်းတတွင်း တူးပါတယ် ။ အတောင် (၂၀) လောက်ထိ ရောက်တော့ လူလည်း တော်တော်ကို မောပန်းနေ ပါပီ ။ ဒါပေမယ့် ရေတွင်းက ရေထွက်မယ့် အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး ။ ဒီလိုနဲ့ အမောဖြေနေတုန်းမှာ လူတယောက် ရောက်လာပြီး ပြောပါတယ် ။ ” ခင်ဗျား ကလည်းဗျာ ၊ ဒီလိုနေရာမှာ ရေတွင်းတူးလို့ ဘယ်ကရေကို တွေ့ရမှာလဲ ။ လာလာ.. ကျနော် ပြောတဲ့နေရာမှာသာ တူးလိုက်၊ အတောင် (၂၀) ပြည့်လို့ ရေမတွေ့ရင် ကျူပ်ကို ကြိုက်သလိုသာပြော ” ဆိုပြီး နေရာသစ် တခုကို လိုက်ပြပါတယ် ။ ရေတွင်း […]