ဗေဒင်
ဇွန်လဖွားတွရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများ
ဇွန်လဖွားတွရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများ လူတစ်ယောက်မွေးဖွားတဲ့လဟာ ထိုသူ့ရဲ့ ပင်ကိုစရိုက်နဲ့ ဆက်စပ်နေတတ်ပါတယ်။ အချို့ပညာရှိတွေကလည်း မွေးလပေါ်မှာမူတည်ပြီး လူတစ်ယောက်ရဲ့ အကျင့်သဘာဝ၊ အပြုအမူနဲ့ သဘောထားတွေကို အကဲခတ်နိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်လို့ စာဖတ်သူဟာ ဇွန်လမှာ မွေးဖွားသူဆိုရင်တော့ စာဖတ်သူဆီမှာ ထူးခြားတဲ့ မွေးရာပါဝိသေသလက္ခဏာရပ်တွေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဇွန်လဖွားတွေဟာ နှစ်လိုဖွယ်ရာ ရုပ်ရည်နဲ့ အဆင်အပြင်ရှိကြပါတယ်။ သူတို့ဟာ အမြဲတမ်းတက်တက်ကြွကြွနေတတ်သူတွေဖြစ်ပြီး တစ်ပါးသူတွေဟာ ဇွန်လဖွားတွေနားမှာ နေရတဲ့အခါ သက်တောင့်သက်သာ ဖြစ်နေတတ်ကြပါတယ်။ ဇွန်လဖွားတွေဟာ ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင်ပါတယ်။ ရန်သူကိုတောင် ပြေပြေလည်လည်ဆက်ဆံပြီး သူငယ်ချင်းဖြစ်အောင် လုပ်နိုင်တာ ဇွန်လဖွားတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့အတတ်မှာတော့ ဇွန်လဖွားတွေဟာ အင်မတန်ပါးနပ်ကြပါတယ်။ ဇွန်လဖွားတွေဟာ အမြင်အာရုံစူးရှပြီး အကြံအစည်များသူတွေလည်း ဖြစ်ပါတယ်။ အကြံအစည်ကောင်းသလို အကြံအစည်အတိုင်းလည်း ဘဝကိုပုံဖော်လိုသူတွေ ဖြစ်ပါတယ်။ […]
အေထြအေထြဗဟုသုတ
အေထြအေထြဗဟုသုတ
အသုံးလိုတဲ့သူတွေအတွက် ယတြာပေါင်း ၁၀၀
အသုံးလိုတဲ့သူတွေ အတွက် ယတြာပေါင်း ၁၀၀ မိတ်ဆွေတို့ လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် ယတြာ စုစုပေါင်း တစ်ရာတိတိ တင်ပေးလိုက်ပါတယ်။ ကိုယ်လိုတဲ့အခါ အသုံးပြုလို့ ရအောင် Share ထားလိုက်ပါ။ 1.ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များရောင်းကောင်းစေသောယတြာ မနက်တိုင်းပျဉ်းတော်သိမ် (၁၁)ညွှန့်ဖြင့်ဆိုင်မှာရှိတဲ့ပစ္စည်းတွေကို အမြန်ရောင်းထွက်ဟုပြောပြီး (၁၀)ချက်ရိုက်ပါ။ 2.ကျန်းမာရေးကောင်းစေရန်ဆောင်ရမည့်ယတြာ ရတနာတွေမှာဆိုလျှင် ‌ကျောက်စိမ်းဟာ အသားနှင့်ထိနေရင် ကျန်းမာရေးကောင်းပါတယ် ဒါ့ကြောင့် ကျောက်စိမ်းဆောင်ပါ။ 3.သင်္ဘောသားများ သင်္ဘောအမြန်တက်နိုင်ေ စရန်အတွက် သင်္ဘောသီးအမှည့်တစ်လုံးကို အလျားလိုက် (၆)စိတ်စိပ်ပြီး၊ ထိုအစိတ်များကို လင်ဗန်းထဲထည့်ပါ၊ ထိုအစိတ်များပေါ်တွင် တံခွန်တစ် လက်စီစိုက်ပြီး ဘုရားမှာကပ်လှူပါ။ 4.(သွပ်၊သံ၊သစ်)ဆိုင်များ အရောင်းအဝယ် ‌ကောင်းစေရန်အတွက် ဆလပ်ရွက်နဲ့(၇) ချက်တိတိ ရိုက်ပြီးရောင်းထွက်ပါစေ လို့ဆုတောင်းပါ။ 5.တစ်ခြားလူ တစ်ယောက်ကို လာဘ်ရွှ့င် စေရန်ပေးရမည့် […]
ကြားသိရသမျှ
လမ်းမပေါ်မှာ ဟိုင်းဂျက်ကားနဲ့ လောစပီကာတပ် လာရောင်းနေတဲ့ ခွဲမရတဲ့ ကြက်ဥ/ဘဥ တွေ…(သတိထားကြပါ..)
မြောက်ဒဂုံ တပင်ရွှေထီးလမ်းမပေါ်မှာ ဟိုင်းဂျက်ကားနဲ့ လောစပီကာတပ် လာရောင်းနေ သော ခွဲမရပလစ်စတစ် ကြက်ဥ ဘဲဥ များ ဖြစ်နေပါတယ်… တကယ် အံ့သြဖို့ ကြောက်ဖို့ကောင်းပါတယ်ဗျာ အလိမ်အညာမိခြင်း…မနေ့က မြောက်ဒဂုံ တပင်ရွှေထီးလမ်းမပေါ်မှာ ဟိုင်းဂျက်ကားနဲ့ လောစပီကာတပ် ခပ်တည်တည် လာရောင်းနေတော့ ယုံမိတာ ကိုယ့်အမှား ကြက်ဥ (၁၀) လုံး ခြံထွက် လပ်လပ်ဆတ်ဆတ် ၁၀၀၀/- ဘဲဥပါ ၂၀၀၀/- ဝယ်မိတယ်… ဒီနေ့ ဒယ်အိုးထဲ ကြော်မလို့ လုပ်တုန်း ကြက်ဥက ခွဲမရဘူး ပလစ်စတစ် ကြက်ဥ ဘဲဥတွေပါဗျာ… အားလုံးသိအောင် မျှဝေပေးပါဗျာ။….လူလောက ကြီးက ကြောက်ဖို့ကောင်းလာပါပြီ..ကမ္ဘာပျက်မယ်ဆိုတာ မသိပေမယ့် ခေတ်ပျက်နေတာတော့ အသေအချာပဲဗျာ…မေတ္တာဖြင့် အားလုံးသတိထားနိုင်အောင် မျှဝေပေးခြင်း ဖြစ်ပါတယ်.. သင်လည်း သင်ချစ်ရသူတွေ အလိမ်မခံရအောင် မျှဝေပေးပါအုံးနော်… […]
အချစ်နှင့်ဘဝ
မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား/
မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ မပင်ပန်းဘူးလား …? အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မွန်းကြပ်ပြီး ပူလောင်မနေဘူးလား …? မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ …။ သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုးရေတွက်ကြည့်ပါအုံးလား …၊ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဲ့ဒီစိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား အဲ့ဒီ ခံစားချက်က မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံစားဖူးတာပေါ့ …။ ဒါပေမယ့် လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး …။ အလွန်ဆုံး ခံစားရ အချိန်အတိုင်းအတာ […]
အထွေအထွေဗဟုသုတ
မျက်နှာကိုကြည့်ရုံနဲ့ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေရှိမရှိ သိရှိနိုင်မယ့်နည်းလမ်း
မျက်နှာကိုကြည့်ရုံနဲ့ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေရှိမရှိ သိနိုင်မယ့်နည်း(၈)နည်း လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်ရုံနဲ့ သူ့အကြောင်းကို အတိအကျပြောနိုင်တဲ့ ရုပ်လက္ခဏာကိုဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ပညာတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့် ဘာတွြေ ဖစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် တရုတ်ရိုးရာရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ချေများတဲ့သူတစ်ယောက်ရဲ့ ရုပ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) နှစ်ဖက်ညီညာတဲ့မျက်နှာအချိုးအစား မျက်နှာအချိုးအစားနှစ်ဖက်ညီညာနေတာမျိုးက ရှားပါတယ်။ တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုးရှိခဲ့ရင် သူမတူအောင်ချမ်း သာကြွယ်ဝလာတတ်ပါတယ်။ (၂) နဖူးမြင့်မြင့်ကျယ်ကျယ် မြင့်ပြီးကျယ်ဝန်းတဲ့နဖူးမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေဟာလည်း ချမ်းသာကြွယ်ဝနိုင်ချေများတဲ့သူတွေပါ။ ဒါပေမယ့် နဖူးအလယယ်မှာ မှဲ့ရှိနေရင်တော့ ကံသိပ်မကောင်းတတ်ပါဘူး။ (၃) လုံးဝန်းတဲ့နှာခေါင်း နှာခေါင်းလုံးလုံးလေးက ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။ အမျိုးသားတွေမှာ ဆို ငွေကြေးကံအလွန်ကောင်းပြီး၊ အမျိုးသမီးတွေမှာဆို သူမကိုလက်ထပ်တဲ့အမျိုးသားက တဖြည်းဖြည်းတိုးတက်ကြီး ပွားလာပါလိမ့်မယ်။ (၄) မျက်လုံးတောက်တောက် စူးရှတောက်ပတဲ့မျက်လုံးပိုင်ရှင်တွေ ရှိတတ်ပါတယ်။ […]
အေထြအေထြဗဟုသုတ
အလုပ်အကိုင်တွေ အဆင်မပြေဘဲ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီဆိုလျှင်
အလုပ်အကိုင်တွေ အဆင်မပြေဘဲ ထစ်ငေါ့ လွဲချော်မှုတွေ များနေတာ၊ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ကြွေးပူ ပတ်နေတာ၊ အိမ်တွင်းမှာလည်း မိသားစုဝင်တွေ အချင်းချင်း အမြင် မကြည်လင် ဖြစ်နေတာ အစရှိတဲ့ လူမှု စီးပွားအခြေအနေအရပ်ရပ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ ဘယ်ဗေဒင်ဆရာဆီကိုမှ မသွားသေးခင် ဒီအချက်တွေကို အရင်ဆုံး တိုက်ဆိုင် စစ်ဆေး ပြင်ဆင်ကြည့်ပါ။ ပြီးမှ ဗေဒင်ဆရာနဲ့ တိုင်ပင်ပါ။ အောက်မှာ ဖော်ပြတဲ့ အချက်အလက်တွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သတိမမူ၊ မေ့လျော့နေတတ်တဲ့ ပြုပြင်စရာတွေပဲ ဖြစ်ပါတယ်။ ၁။ ဘုရားကျောင်းဆောင် အများစုက ဘုရားစင်လို့ အလွယ် ခေါ်ကြပေမယ့် ဘုရားကျောင်းဆောင်လို့ ခေါ်တာ ပိုသင့်တော်ပါတယ်။ အဲဒီ ဘုရားကျောင်းဆောင်ကို စတိုခန်းလို သဘောထားပြီး တိုလီမိုလီ ပစ္စည်းတွေ […]
အေထြအေထြဗဟုသုတ
မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြား အသားအရေတွေကို ဖြူဖွေးသွားစေမယ့် နည်းလမ်း(၅)သွယ် ….
မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြား အသားအရေတွေကို ဖြူဖွေးသွားစေမယ့် နည်းလမ်း(၅)သွယ် ပေါင်ခြံတွေ၊ ချိုင်းကြားတွေ မည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ ပျိုမေတို့အတွက် ငွေကုန်ကြေးကျခံစရာမလိုတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ် …။ အိမ်တွင်းနည်းလမ်းနဲ့ သဘာဝပစ္စည်းလေးတွေပဲ ဖြစ်တာကြောင့် ဓာတ်မတည့်မှာတွေ ပူစရာမလိုပါဘူးနော်။ ပုံမှန်လေးလုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိမှာပဲ ဖြစ်ပါတယ်နော် …။ (၁) ရှားစောင်းလက်ပတ်၏ အသုံးဝင်ပုံ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး ပေါင်ခြံနဲ့ ချိုင်းကြားအပြင် ဂုတ်၊ ဒူးစတဲ့ မည်းနေတဲ့ေ နရာအားလုံးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ခန့်ထားပြီး ဆေးကြောပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် ပုံမှန်လုပ်ပေးပါ …။ (၂) သံပုယို၏အသုံးဝင်ပုံ သံပုယိုသီးကို အရည်ညှစ်ပြီး ရလာတဲ့ အရည်ကို ဂွမ်းစလေးနဲ့တို့ကာ မည်းညစ်နေတဲ့ နေရာတွေကို […]
အထွေအထွေဗဟုသုတ
ညအိပ်မပျော်သူတွေအတွက် ဆယ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း…။
ညအိပ်မပျော်သူတွေအတွက် ဆယ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း အိပ်မပျော်တဲ့ ပြဿနာဆိုတာ ဒီနေ့ခေတ်မှာ လူအများစုဖြစ်နေ တဲ့ပြဿနာပါ။ အတွေးလွန်တတ်တဲ့အကျင့်ကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့်၊ အဆင်မပြေမှုတွေကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ညဘက် အိပ်မပျော်တဲ့ ပြဿနာကို ကြုံတွေ့ကြ ရပါတယ် ။ ညဘက် အိပ်မပျော်ခြင်းက စိတ်ဖိစီးမှုတွေကို ပိုဖြစ်စေပြီး ကျန်းမာရေး အတွက်လည်း လုံးဝ မကာင်းပါဘူး။ ဒါကြောင့် ညဘက်မှာ လွယ်လွယ် အိပ်ပျော်စေဖို့၊ ဆယ်မိနစ် အတွင်း အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါ တယ်နော် ။ (၁) ခန္ဓာကိုယ်ကို ဖြေလျော့ထားပါ ၁၀ မိနစ်အတွင်း အိပ်ပျော်စေဖို့ ပထမဆုံးအိပ်ရာပေါ်မှာ ပက်လက်လဲ အိပ်ပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကိုဖြေလျော့ ထားပါ။ တစ်ကိုယ်လုံးက အကြောတွေကို […]
ဗေဒင်
တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (22-6-2020 to 28-6-2020) တနင်္ဂနွေသားသမီး အကြီးအကဲဆရာသမားတို့၏ကူညီမစတာခံရပါလိမ့်မည် အလုပ်သစ်အကိုင်သစ်များလုပ်ကိုင်ရပါမည် ရပ်ဝေးခရီးနိူင်ငံရပ်ခြားကိစ္စစီစဉ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည် ကျန်းမာရေးတွင်ဆေးကောင်းဝါးကောင်းတွေ့မည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါလိမ့်မည် ထီ၅၆ပါသောထီထိုးပါ ယတြာ လိပ်စာမကြာခဏကျွေးပါ တနင်္လာသားသမီး ရပ်ဝေးမှဆွေမျိူးများရောက်ရှိလာတတ်ပါသည် ရစရာရှိသောအမွေအနှစ်များရရှိမည့်ကာလပါ အလုပ်တွင်လုပ်ဖော်ကိုင်ဖက်များနှင့်အဆင်မပြေဖြစ်နေတတ်ပါသည် ဘာပဲဖြစ်ဖြစ်ကိုယ့်စိတ်ကိုယ်ထိန်းပါ သည်းခံခြင်းဖြင့်အရာရာအောင်မြင်ပါလိမ့်မည် ကျန်းမာရေးတွင်ဆီးကျင်ဆီးအောင့်ဝေဒနာခံစားရပါမည် ငယ်ရွယ်သူများအချစ်ရေးတွင်ငယ်ချစ်ဟောင်းနှင့်ပြန်လည်ဆုံတွေ့ရပါလိမ့်မည် ထီ၃၅ပါသောထီထိုးပါ ယတြာ နေအိမ်ရှိထီးအဟောင်းဖိနပ်အဟောင်းတွေကိုအနောက်တောင်အရပ်သို့စွန့်ထုတ်လိုက်ပါ အင်္ဂါသားသမီး ဘဝအတွက်ကြီးမားသောအပြောင်းအလဲများပြုလုပ်ရမည့်အချိန်ကာလပါ ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ ရပ်တန့်နေသောလုပ်ငန်းများပြန်လည်လည်ပတ်လာပါလိမ့်မည် မိတ်ကောင်းဆွေကောင်းများထံမှလည်းအကူအညီကောင်းများရရှိပါလိမ့်မည် ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါအဆင်ပြေဖို့အလွန်နီးစပ်နေပါပြီ ထီ၂၀ပါသောထီထိုးပါ ယတြာ အုန်းသီးတစ်လုံးကိုရေမျှောပြီးလိုရာဆုတောင်းပါ ဗုဒ္ဓဟူးသားသမီး စိတ်ရောကိုယ်ပါပင်ပန်းနေရမည့်ကာလပါ အလုပ်အကိုင်အလွန်ရှုပ်ထွေးပြီးဝင်ငွေပိုင်းဆိုင်ရာပင်ပန်းသလောက်မရတတ်ပါ သားသမီးအတွက်လည်းစိုးရိမ်ပူပန်နေရတဲ့ကာလပါ အာရုံကြောအားနည်း၍မကြာခဏသတိမေ့နေလိမ့်မည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိပါလိမ့်မည် ထီ ၇အစ၅အဆုံးထိုးပါ ယတြာ နေအိမ်ဘုရားတွင်ရွှေရင်အေးလှုဒါန်းပေးပါ ကြာသာပတေးသားသမီး အိုးသစ်အိမ်သစ်နေရာထိုင်ခင်းအသစ်နေထိုင်ရပါမည် လက်အောက်ငယ်သားများနှင့်ပါတ်သက်၍စိတ်သောကဖြစ်စရာများကြုံရတတ်ပါသည် စာချူပ်စာတမ်းကိစ္စတွေအထူးသတိထားပါအမှားအယွင်းတွေဖြစ်နေတတ်ပါသည် အိပ်မပျော်ဖြစ်ပြီးမျက်စိကြောင်နေတတ်ပါသည် ချစ်သူမရှိသေးသူများချစ်သူရည်းစားရပါမည် ထီ၆အစ၄အဆုံးထိုးပါ ယတြာ ငါးစာကျွေးပေးပါ သောကြာသားသမီး မိတ်ဆွေဆရာသမားများအပေါ်တွင်ပေးကမ်းကူညီလိုစိတ်များဖြစ်ပေါ်နေလိမ့်မည် […]