တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (22-6-2020 to 28-6-2020)
တနင်္ဂနွေသားသမီး
အကြီးအကဲဆရာသမားတို့၏ကူညီမစတာခံရပါလိမ့်မည် အလုပ်သစ်အကိုင်သစ်များလုပ်ကိုင်ရပါမည် ရပ်ဝေးခရီးနိူင်ငံရပ်ခြားကိစ္စစီစဉ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည်
ကျန်းမာရေးတွင်ဆေးကောင်းဝါးကောင်းတွေ့မည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါလိမ့်မည် ထီ၅၆ပါသောထီထိုးပါ ယတြာ လိပ်စာမကြာခဏကျွေးပါ
တနင်္လာသားသမီး
ရပ်ဝေးမှဆွေမျိူးများရောက်ရှိလာတတ်ပါသည် ရစရာရှိသောအမွေအနှစ်များရရှိမည့်ကာလပါ အလုပ်တွင်လုပ်ဖော်ကိုင်ဖက်များနှင့်အဆင်မပြေဖြစ်နေတတ်ပါသည်
ဘာပဲဖြစ်ဖြစ်ကိုယ့်စိတ်ကိုယ်ထိန်းပါ သည်းခံခြင်းဖြင့်အရာရာအောင်မြင်ပါလိမ့်မည် ကျန်းမာရေးတွင်ဆီးကျင်ဆီးအောင့်ဝေဒနာခံစားရပါမည်
ငယ်ရွယ်သူများအချစ်ရေးတွင်ငယ်ချစ်ဟောင်းနှင့်ပြန်လည်ဆုံတွေ့ရပါလိမ့်မည် ထီ၃၅ပါသောထီထိုးပါ ယတြာ နေအိမ်ရှိထီးအဟောင်းဖိနပ်အဟောင်းတွေကိုအနောက်တောင်အရပ်သို့စွန့်ထုတ်လိုက်ပါ
အင်္ဂါသားသမီး
ဘဝအတွက်ကြီးမားသောအပြောင်းအလဲများပြုလုပ်ရမည့်အချိန်ကာလပါ ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ ရပ်တန့်နေသောလုပ်ငန်းများပြန်လည်လည်ပတ်လာပါလိမ့်မည်
မိတ်ကောင်းဆွေကောင်းများထံမှလည်းအကူအညီကောင်းများရရှိပါလိမ့်မည် ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည်
အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါအဆင်ပြေဖို့အလွန်နီးစပ်နေပါပြီ ထီ၂၀ပါသောထီထိုးပါ ယတြာ အုန်းသီးတစ်လုံးကိုရေမျှောပြီးလိုရာဆုတောင်းပါ
ဗုဒ္ဓဟူးသားသမီး
စိတ်ရောကိုယ်ပါပင်ပန်းနေရမည့်ကာလပါ အလုပ်အကိုင်အလွန်ရှုပ်ထွေးပြီးဝင်ငွေပိုင်းဆိုင်ရာပင်ပန်းသလောက်မရတတ်ပါ
သားသမီးအတွက်လည်းစိုးရိမ်ပူပန်နေရတဲ့ကာလပါ အာရုံကြောအားနည်း၍မကြာခဏသတိမေ့နေလိမ့်မည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိပါလိမ့်မည်
ထီ ၇အစ၅အဆုံးထိုးပါ ယတြာ နေအိမ်ဘုရားတွင်ရွှေရင်အေးလှုဒါန်းပေးပါ
ကြာသာပတေးသားသမီး
အိုးသစ်အိမ်သစ်နေရာထိုင်ခင်းအသစ်နေထိုင်ရပါမည် လက်အောက်ငယ်သားများနှင့်ပါတ်သက်၍စိတ်သောကဖြစ်စရာများကြုံရတတ်ပါသည်
စာချူပ်စာတမ်းကိစ္စတွေအထူးသတိထားပါအမှားအယွင်းတွေဖြစ်နေတတ်ပါသည် အိပ်မပျော်ဖြစ်ပြီးမျက်စိကြောင်နေတတ်ပါသည် ချစ်သူမရှိသေးသူများချစ်သူရည်းစားရပါမည် ထီ၆အစ၄အဆုံးထိုးပါ ယတြာ ငါးစာကျွေးပေးပါ
သောကြာသားသမီး
မိတ်ဆွေဆရာသမားများအပေါ်တွင်ပေးကမ်းကူညီလိုစိတ်များဖြစ်ပေါ်နေလိမ့်မည် ရာထူးတိုးခြင်း အလုပ်တွင်နေရာကောင်းရခြင်းများကြုံရပါလိမ့်မည်
ကျန်းမာရေးအနည်းငယ်ချူ ချာမည် မိမိထက်အသက်ငယ်သူနှင့်ချစ်သူရည်းစားဖြစ်လိမ့်မည် ထီ ၆အစ၅အဆုံးထိုးပါ ယတြာ လမ်းဘေးခလေးများအားဖီးကြမ်းဌက်ပျောသီးဒါနပြုလိုက်ပါ
စနေသားသမီး
အများအပေါ်တွင်စိတ်ကောင်းထားကူညီတတ်မူကြောင့်မိမိအားလည်းအကူအညီပေးမည့်သူများပေါ်လာပါလိမ့်မည် မိမိလုပ်ငန်းအတွက်စပ်တူရှယ်ယာလုပ်လိုသူများပေါ်ပေါက်လာပါလိမ့်မည်
ဝက်ခြံဘုများမျက်နှာတွင်ထွက်လာပါလိမ့်မည် ခရီးထွက်ရင်းမိမိစိတ်ဝင်စားရမည့်သူကိုစတင်တွေ့ရှိရမည့်ကာလပါ ထီ ၉အစ၇အဆုံးထိုးပါ ယတြာ နေအိမ်ဘုရားတွင်လက်ဖက်ထမင်းလှုပေးပါ
ကျော်ဘိုဘိုဟိန်း
Zawgyi
တနင်္ဂနွေသားသမီး
အကြီးအကဲဆရာသမားတို့၏ကူညီမစတာခံရပါလိမ့်မည် အလုပ်သစ်အကိုင်သစ်များလုပ်ကိုင်ရပါမည် ရပ်ဝေးခရီးနိုင်ငံရပ်ခြားကိစ္စစီစဉ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည်
တနင်္လာသားသမီး
ရပ်ဝေးမှဆွေမျိုးများရောက်ရှိလာတတ်ပါသည် ရစရာရှိသောအမွေအနှစ်များရရှိမည့်ကာလပါ အလုပ်တွင်လုပ်ဖော်ကိုင်ဖက်များနှင့်အဆင်မပြေဖြစ်နေတတ်ပါသည်
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ကြာသာပတေးသားသမီး
သောကြာသားသမီး
စနေသားသမီး
ကျော်ဘိုဘိုဟိန်း
Post Views: 8