ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ၊ အိမ်ထောင် မပြုရဆိုတာ မှန်/မမှန်ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက်အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးဘုရားဟောထားတာ ရှိ သလား၊ ဒီအယူအဆတွေ ကို လိုက်ပြီးလုပ်သင့် သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေ ကို သိလိုပါတယ်ဘုရား ” စသဖြင့် မေးလျှောက်ဖူး လို့ ပြန်ပြီးဖြေပေးဖူး ပါတယ်။ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံ မှာ ဝါတွင်းကာလ နဲ့ ပတ်သက်တဲ့အရိုးစွဲနေတဲ့ အမှားတွေ အများကြီး ရှိပါတယ် […]
Author: Achawlaymyar
ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေ စံချိန်တင်စျေးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်များ ဈေးထပ်မြင့်လာနိုင်
ထိုင်းဘတ်ငွေစျေးထိုးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မြင့်လာနိုင် ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေပါတယ်။ မြဝတီနယ်စပ်ငွေကြေး ရောင်းဝယ်မှု ဈေးကွက်မှာ ပြီးခဲ့တဲ့ တပတ်က ပေါက်စျေးဟာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၆၇၅ ဘတ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာကနေ အခုဇူလိုင်လ ၂၀ ရက်နေ့မှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၆၀၀ ဘတ်အထိ ဖြစ်သွားပြီး မြန်မာကျပ်ငွေ တန်ဖိုးတရိပ်ရိပ် ကျဆင်းနေတာပါ။ တပတ်အတွင်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၇၅ ဘတ်ထိ ကွာဟချက်ရှိလာပါတယ်။ အခုလိုမြန်မာငွေစျေးထိုးကျပြီး၊ ဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေတာကြောင့် မြဝတီနယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အတော်များများမှာ ထိုင်းထုတ်ကုန်ပစ္စည်း ရောင်း၀ယ်ကုန်သွယ်မှုတွေ လျော့နည်းလာပြီး […]
မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင် အောက်ပါ အချက်များရှောင်ပါ….
မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင် အောက်ပါ အချက်များရှောင်ပါ။ ( ၁ ) မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၊ ( ၂ ) အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၊ ( ၃ ) မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၊ ( ၄ ) စားသောက်သော အိုးခွက်ပန်းကန်များ အား လွှင့် ပြစ်ခြင်း ၊ ( ၅ ) ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၊ ( ၆ ) နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၊ ( ၇ […]
နန်းထိုက်အောင်ဘယ်လိုကမလဲ ပန်ဆယ်လိုပြောပြီ
နန်းထိုက်အောင်စစ်ဆင်ရေးက ရန်ကုန်တစ်ခုတည်း မဟုတ်ဘူး။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က မြို့ပြစစ်ဒေသတွေ အကုန်ပါဝင်တယ်။ ရှေ့ရက် ရန်ကုန်မှာ ခပ်စိပ်စိပ်လှုပ်ရှားခဲ့ပြီး မနေ့က ထားဝယ်မှာ နန်းထိုက်အောင်တို့ ပွဲကတယ်။ Project NAN HTIKE AUNG ကအထောက်အပံ့တွေ အကုန်ရောက်တဲ့အချိန် ပိုမြိုင်လာဦးမှာ။ လူကြမ်းတွေ လဲရင်ကြိုက်လားဆိုတဲ့ Project NAN HTIKE AUNG မှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းက လူကြမ်းတွေလဲဖို့ ဝင်တွန်းနိုင်ခဲ့တဲ့လက်တွေပဲ။ အမှည့်ခြွေ ခြွေမယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။ ပန်ဆယ်လို နန်းထိုက်အောင်စစ်ဆင်ရေးက ရန်ကုန်တစ်ခုတည်း မဟုတ်ဘူး။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က မြို့ပြစစ်ဒေသတွေ အကုန်ပါဝင်တယ်။ ရှေ့ရက် ရန်ကုန်မှာ ခပ်စိပ်စိပ်လှုပ်ရှားခဲ့ပြီး မနေ့က ထားဝယ်မှာ နန်းထိုက်အောင်တို့ ပွဲကတယ်။ Project NAN HTIKE AUNG ကအထောက်အပံ့တွေ အကုန်ရောက်တဲ့အချိန် […]
ပြည်သူတွေဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌပြောပြီးနောက် ဒေါ်လာဈေးကျပ်၂၅၀၀ အထိတက်လာ
ပြည်သူတွေဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌပြောပြီးနောက်နေ့ဒေါ်လာဈေးကျပ်၂၅၀၀ အထိတက်လာ “စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက် ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများလာပြီး ဘဏ်လုပ်ငန်း စနစ်အပေါ်ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ပြီ” လို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း က ဇူလိုင် ၁၈ ရက်နေ့တုန်းက နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။ ပြည်သူတွေ ဘဏ်အသုံးပြုမှု ပိုများလာကာ ဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းကပြောကြားလိုက်ပြန်ပါပြီ။ ယင်းကဲ့သို့ ဗဟိုဘဏ်ဥက္ကဌနဲ့ ပြည်တွင်းဘဏ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံအပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဈေးကွက်အတွင်း […]
တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ
မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည် ရန်ကုန်၊ ဇူလိုင် ၂၀ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။ အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet […]
သားသမီးကိုချစ်ရင်… သိန်းငှက်မကြီးလိုဘဲ အကြိမ်ကြိမ်အခါခါ တွန်းချလိုက်ပါ…
သားသမီးကိုချစ်ရင်… သိန်းငှက်မကြီးလိုဘဲ အကြိမ်ကြိမ်အခါခါ တွန်းချလိုက်ပါ… တစ်ခါတုန်းက သိန်းငှက်မတစ်ကောင်ရှိတယ်။ သူမဟာ… ဥ ဥဖို့အတွက် တောင်ပေါ်မှာ ပေါက်တဲ့သစ်ပင်ရှာတယ်။ အဲဒီ သစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်။ ပထမတော့… အသိုက်ကို ကြီးတဲ့ သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။ နောက်တော့… သူမရဲ့ အမွှေးနုတွေကို နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ်။ နောက်တော့ အဲဒီ အပေါ်မှာ ဥကို ဥလိုက်ပါတယ်။ ဥက မျာများ မဥပါဘူး။ တစ်လုံး နှစ်လုံး ပါပဲ။ အဲဒီ ဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။ အချိန်တန်တော့လည်း… ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာပါတယ်။ သိန်းငှက်မကြီးက ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက်… အစာရှာကျွေးပါတယ်။ သိန်းငှက်ကလေးတွေ […]
ကလေးတွေ အစားစားချင်စိတ်ဖြစ်အောင် ဂျပန်လူမျိုးတွေ အသုံးပြုတဲ့ နည်းလမ်း (၅) မျိုး
ကလေးတွေ အစားစားချင်စိတ်ဖြစ်အောင် ဂျပန်လူမျိူးတွေ အသုံးပြုတဲ့ နည်းလမ်း (၅) မျိုး မိဘတွေအတွက် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ ကလေးက အချိုအချဉ်တွေပဲ ကြိုက်တတ်တာမို့ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့ အစားအစာတွေ ကျွေးရင် မစားချင်ကြပါဘူး။ ဒီလို အစားအစာတွေက ခါးတဲ့အပြင် ရုပ်အဆင်းလဲမလှ ကလေးတိုင်းကလည်း မကြိုက်ကြပါဘူး။ ထူးခြားတာ တစ်ခုက ဂျပန်က ကလေးတွေကတော့ ဂျီးမများ တတ်ကြတဲ့အပြင် ထမင်းစားပွဲဝိုင်းတွေမှာလည်း ညစ်ပတ်အောင် မလုပ်ကြပါဘူး။ ဒါကြောင့် love media ကနေ ဂျပန်လူမျိုးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်လိုထိန်းကျောင်းလဲ ဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်။ ၁။ အရသာ အသစ်အဆန်းတွေကို အမြဲတမ်း စားခိုင်းတယ်။ ကလေးလေးတွေဟာ အစားအစာ တစ်ခုတည်းကို […]
သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူးဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေးများဖတ်ရန်
သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူးဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေးများဖတ်ရန်… မဆိုင်သူများမဖတ်ရ။ ကောင်းပါပြီ မပြောခင် ကျွန်တော့်ကိုကျွန်တော် မိတ်ဆက်ပေးပါရစေ။ တစ်ခါတစ်ခါမှာ ပြောပြတဲ့လူအကြောင်းကိုသိခြင်းဟာ ပြောမယ့် စကားကို ပိုပြီးလေးနက်စေတယ်ထင်မိလို့ပါ။ ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။ မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ကိုယ့်ဂုဏ်ကိုယ် မြှင့်ဖို့အကြောင်း ယောကျာၤးယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။ နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလိုဖြစ်မှာစိုးတာရယ်။ ဘဝမှာအခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။ လာတိုင်ပင်ကြတဲ့လူအများစုရဲ့ ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။ ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကိုလူမသိစေဘဲ page သက်သက်သာတင်ပါတယ်။ တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင် ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ ကောင်းပါပြီ စပြောရအောင်….. ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့မသန့်တော့ပါဘူး ဆိုတာကိုဘဲ။ […]
ပြည်မြို့မှာ နေထီးဆောင်းမှုဖြစ် နိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားနေ
ပြည်မြို့မှာ နေထီးဆောင်းမှုဖြစ် နိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားနေ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့မှာ နေထီးဆောင်း (နေအိမ်ဖွဲ့)မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီး ရှေးဖြစ်ဟောနိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး မြို့လယ်ကောင် နေရာများကနေ ထင်ရှားစွာမြင်ရတယ်လို့ ဆိုကြပါတယ်။ “မနက် ဆယ်နာရီကျော်ကျော်လောက်ကတည်းက စသတိထားမိတာ။ ဖြစ်နေတာတော့အကြာကြီးပဲ နိမိတ်တဘောင်အဟောတွေလည်းရှိတော့ လူတွေက စိတ်ဝင်စားနေကြတာ။ လူကြီးတွေကတော့ ပြောတယ် မင်းပြောင်းမင်းလွှဲတို့ စစ်မက်ဖြစ်တာတို့ ဖြစ်နိုင်တယ်တဲ့” လို့ မြို့ခံတဦးကမြေလတ်အသံကိုပြောပါတယ်။ အင်္ဂါနေ့ နေထီးဆောင်း(နေအိမ်ဖွဲ့) ပါက တပြည်ထောင်လုံး ကပ် ၃ ပါးကြောင့် လူအသေအပျောက်များနိုင်ပြီး မီးလောင်တာ၊ လေမုန်တိုင်းတိုက်တာ တွေဖြစ်တတ်ပြီး ၂၀၂၃ မတ်လ အထိ မကောင်းနိုင်သေးဘူးလို့ ဗေဒင်တွေက […]









