ခေါင်းကိုက်၊နှလုံးတုန်ခြင်းတို့ တင်မကဘဲ ရောဂါ(၁၈)ပါးနှင့် အဆိပ်အမျိုးမျိုးကို နိုင်တဲ့ ကြောင်လျှာသီး

ခေါင်းကိုက်၊နှလုံးတုန်ခြင်းတို့ တင်မကဘဲ ရောဂါ(၁၈)ပါးနှင့် အဆိပ်အမျိုးမျိုးကို နိုင်တဲ့ ကြောင်လျှာသီး ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent , Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော်။ ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက် ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ … Read more

ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး

ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။ (၁) အဖြူရောင် အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။ (၂) အဝါရောင် အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။ (၃) … Read more

အသက်၇၀တိုင်အောင် မျက်စိမမှုန်တော့တဲ့နည်း

မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင်စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ဝန်ခံလိုက်ပါသည်။ မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကိုအခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။ လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။ ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ … Read more

ခြေစွယ် လက်စွယ် ငုတ်သူများအတွက် မယုံကြည်နိုင်လောက်အောင် လက်တွေ့ပျောက်သွားတယ်

လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှကိုင်လို့မရ ထိတာနဲ့နာတာအရမ်း ဘာဆေးထည့်ရမှန်းမသိဖြစ်နေတုန်း အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် ပျောက်သွားလိမ့်မယ်ဆိုတော့ မယုံမိဘူး… ဒါပေမယ့် နာနေတော့ စမ်းကြည့်မယ်ဆိုပြီး သူလုပ်ပေးတာငြိမ်နေလိုက်တယ် …. တစ်ကယ်ပျောက်ရင် ဖေ့ဘုတ်ပေါ်တင်ပေးမယ်ဆိုပြီး ဓါတ်ပုံပါရိုက်ယူထားလိုက်တယ် …. သူက ကြက်သွန်နီကို အပေါက်ဖောက် ဖြစ်နေတဲ့လက်မကိုစွပ် ကျွတ်မထွက်အောင်ပတ်တီးစည်းလိုက်တော့ အထဲမှာ တစ်စစ်စစ်နဲ့ကိုက်သလိုကြီးခံစားနေရတယ်…. မနက်မိုးလင်းတော့ ကြက်သွန်နီလဲဖယ်လိုက်ရော ဘုရားရေ ရောင်တာတွေလျှော့ပြီး မကိုက်တော့ဘူး…. နေ့လည်လောက်ရောက်တော့ အတော်ကောင်းနေပြီ ….ခုည ထပ်လုပ်ထားတယ် …မနက်ဖြန်ဆိုလုံးဝပျောက်ပြီအစ်မတဲ့ …. ကောင်းလိုက်တဲ့ဆေးနည်း လက်တွေ့ဗျို့ လက်တွေ့။ခရက်ဒစ် Unicode လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှကိုင်လို့မရ ထိတာနဲ့နာတာအရမ်း ဘာဆေးထည့်ရမှန်းမသိဖြစ်နေတုန်း အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် … Read more

မနက်စောစော ရေသောက်မယ်ဆိုရင်

ဒီနေ့ပြောပြချင်တာလေးကတော့ မနက်အိပ်ရာနိုးပြီး ဘာမှမလုပ်ခင် ရေသောက်ဖို့ပါပဲ။ ရရှိမယ့် အကျိုးဆက်ကတော့- ၁။ အိပ်ရာနိုးနိုးချင်းရေသောက်ခြင်းဟာ သင့်ကို ရေဓာတ်ပြည့်ဝစေပါတယ်။ မနက်အိပ်ရာထထချင်းမှာ ဆီးအရောင်က ပိုရင့်နေတတ်ပါတယ်။ ဒါဟာ တညတာမှာ ရေဓာတ်ရရှိခဲ့ခြင်း မရှိတာကြောင့်လို့ ပညာရှင်တချို့က ယယူဆကြပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီးပြီးချင်း ရေများများသောက်ပြီး ရေဓာတ်ကို ဖြည့်တင်းထားသင့်ပါတယ်။ သုတေသီတချို့ကလည်း အိပ်ရာနိုးပြီး ၆နာရီအတွင်းဟာ ရေဓာတ်ကို အများဆုံးဖြည့်တင်းသင့်တဲ့အချိန်လို့ ဆိုကြပါတယ်။ ၂။ မနက်ခင်းမှာ ရေများများသောက်ခြင်းဟာ တနေ့တာ ကယ်လိုရီရယူနှုန်းကို လျော့နည်းစေတယ် ရေကို မနက်ခင်းမှာ များများသောက်ထားလိုက်ရင် ဗိုက်ပြည့်နေတဲ့ ခံစားမုကို ရစေပြီး ကယ်လိုရီများများ စားသုံးမိခြင်းကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ လေ့လာချက်တခုမှာတော့ မနက်စာမတိုင်ခင်မှာ ရေများများသောက်ပေးခြင်းဟာ ကယ်လိုရီစားသုံးမှုနှုန်းကို ၁၃ ရာခိုင်နှုန်း လျော့စေတယ်လို့ ဆိုပါတယ်။ နေ့လယ်စာ … Read more

သွားပိုးစားတာ၊ သွားကျောက်တည်တာ၊ သွားဝါတာတွေကို “Goodbye” လို့ နှုတ်ဆက်လိုက်ကြရအောင်

ခံတွင်းကျန်းမာရေး ပြဿနာတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိတာမရှိတာနဲ့ အဓိက သက်ဆိုင်နေတာမဟုတ်ပါဘူး။ တခါတလေမှာ မိမိစားနေတဲ့ အစားအစာတွေနဲ့ ခံတွင်းရှိ မမြင်နိုင်တဲ့နေရာတွေမှာ ဘက်တီးရီးယားပိုးမွှားကြီးထွားမှုတွေ ရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို နေ့စဉ်အသုံးပြုပေးတာဟာ ခံတွင်းဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေသလို သွားပိုးစားတာကနေ ကာကွယ်ပေးတယ်ဆိုတာ သင်သိပြီးပြီလား။ အုန်းဆီမှာ Antifungal၊ Antibacterial ၊ Antimicrobial စတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် သွားပိုးစားတာ သွားကျောက်တည်တာတွေကို ဈေးကြီးပေးဝယ်ရတဲ့ သွားတိုက်ဆေးတွေထက် ကုသပေးနိုင်ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်အရ အုန်းဆီဟာ ခံတွင်းထဲက ဘက်တီးရီးယားပိုးမွှားတွေအားလုံးကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီတော့ သွားတွေကို ဖြူဖွေးခိုင်မာပြီး ခံတွင်းဆိုင်ရာ ရောဂါတွေကနေ ကင်းဝေးနိုင်ဖို့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်လို့ရမဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ … Read more

ကျန်းမာရေးအထောက်အကူပြုသည့် သင်္ဘေင်္ာသီးကို စားပေးသင့်သည့် အချိန်မျာ;

သင်္ဘေင်္ာသီးကို ဒီလိုဆေးအဖြစ်စားသုံးလို့ရတာ သိပြီးကြပြီလား နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။ နံနက် ၉ နာရီ စားသုံးလျှင် – သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။ နံနက် ၁၀ နာရီ စားသုံးလျှင် – အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။ နံနက် ၁၁ နာရီ စားသုံးလျှင် – အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။ မွန်းလွဲ ၁ နာရီ စားသုံးလျှင် – နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။ မွန်းလွဲ ၂ နာရီ စားသုံးလျှင် – … Read more

ကျောက်တည်နေသူများအတွက် အမှန်အကန် ကျောက်ကျစေတဲ့ မြန်မာ့ဆေးနည်းများကိုမျှဝေပေးလိုက်ပါတယ်

ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း ၁၃ နည်းကိုမျှဝေပေးလိုက်ပါတယ်နော်… ကျောက်ကွဲရွက်ကိုအခြောက်လှန်းလ္ဘက်ခြောက်လိုခပ်သောက်အရွက်စိုကိုထမင်းနဲ့အတို့မြုတ်လိုလုပ်စား ၁၀ရက်ဆွဲသောက်သဲခြေကျောက်တောင်ပျော်ကျတယ်။ အုန်းသီးစိမ်းထဲကို ငရုတ်ကောင်းမှုန့်ထည့်ပြီး စားပါသောက်ပေးပါ… ကျောက်ဖရုံသီးကို ခြစ်ယူပီးသကြားလေးနဲနဲထဲ့ အရည်ကိုညှစ်ပီးသောက်ရင်ပျောက်ပါတယ် ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေးကိုသောက်ပါကျောက်ကြွေကျသွားပါလိမ့်မည်…၅.. ဖလံတောင်ဝှေးနှင့်ရေကြက်ချက်စားရင်ပျောက်ပါတယ်..သံမနိုင်ကျောက်မနိုင်ပင်ပြုတ်သောက်လည်းရပါတယ်…၇..ကျွဲနှာခေါင်းချိတ်ပင်ကိုဆန်ဆေးရည်နဲ့ပြစ်ပြစ်သွေးတနေ့နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်…သည်းခြေအိတ်မှာကျောက်တည်တာဆို ပန်းသီးစားတဲ့နည်းသုံးပါ လက်တွေ့ပျောက်ခဲ့ဘူးတာပါ.. ဆေးနည်း မသိခဲ့ရင်ပြောပေးပါမယ်….ပန်းသီးကို တနေ့ ၅ လုံး ၆ လုံး စားပါ ၆ရက်ဆက်တိုက်စားပါ။ ၆ရက်မြောက်နေ့မှာ ညစာ မစားဘဲ ညနေ၆နာရီမှာ ဆားခါး (ဆေးဆိုင်တွေမှာရပါတယ်) တဇွန်းသောက်ပါ။ ည 8 နာရီမှာ ဆားခါးတဇွန်းထပ်သောက်ပါ။ ည ဆယ်နာရီမှာ သံလွင်ဆီ / နှမ်းဆီ လက်ဘက်ရည်ပန်းကန်သေး တလုံးစာသောက်ပါ။ ဝမ်းသွားပါမယ်။ ဝမ်းထဲမှာ ကျောက်ကြေတွေပါသွားပါတယ်။ ကျောက်ကြီးရင်၂ခါ ၃ခါလောက်လုပ်ပါ။ တကယ်ပျောက်ပါတယ်။လက်တွေ့ပါ။ နိုင်ငံခြားဆေးခန်းတခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တပတ်အတွင်းခွဲခိုင်းတာပါ။ ပန်းသီးနည်းတွေ့ပြီး … Read more

ခြေစွယ်ငုပ်နေတာကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်း (၄)မျိုး

ခြေစွယ်ငုပ်တာဟာ တော်တော်လေးဆိုးတဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ပျောက်အောင်လုပ်ဖို့လည်း တော်တော်ခက်ပါတယ်။ ခံရခက်ပြီး ဆေးခန်းသွားပြီး ကုသရလောက်တဲ့ အနေအထားမျိုးမဟုတ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်ရင်လည်း ပိုးဝင်ပြီးပိုဆိုးသွားမလား စိုးရိမ်စရာပါ။ ဒီတော့ ခြေစွယ်ငုပ်တာကို အန္တရာယ်ကင်းကင်းနဲ့ပြန်ကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပြီမို့ ကိုယ့်အတွက်အဆင်ပြေမယ်ထင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ (၁) ဆားခါးစိမ်တဲ့နည်းလမ်း ဇလုံတစ်လုံးထဲမှာ ရေနွေးအနည်းငယ်ထည့်ပြီး ဆားခါးနှစ်ဇွန်းထည့်ပါ။ အဲ့ဒီထဲမှာ ခြေထောက်ကို ၁၅ မိနစ်လောက်စိမ်ထားပေးလိုက်မယ်ဆိုရင် ဆားခါးက ခြေစွယ်ငုပ်လို့နာကျင်နေတာကို သက်သာသွားစေပြီး ခြေသည်းကိုပျော့ပြောင်းသွားစေနိုင်တာကြောင့် ခြေစွယ်ညှပ်တဲ့ဟာလေးနဲ့ ငုပ်နေတဲ့ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်ပစ်နိုင်ပါပြီ။ ခြေစွယ်ညှပ်ထုတ်ပြီးပေမယ့် ဆက်ပြီးနာနေနိုင်တာကြောင့် နောက်ထပ် ၂ ခါ၊ ၃ ခါလောက် ခုနကလို ရေနွေးနဲ့ဆားခါးနဲ့ စိမ်ပေးလိုက်ပါ။ နောက်နေ့ဆို လုံးဝသက်သာနေတာကိုတွေ့ရပါလိမ့်မယ်။ (၂) ပန်းသီးရှာလကာရည်သုံးတဲ့နည်း ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာ ဆွတ်ယူပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ တစ်နာရီလောက် … Read more

အဖြစ်များဆုံး လေးဘက်နာ အတွက် သဘာဝ ဆေးကောင်း တစ်လက်

မြန်မာပြည်မှာ အဖြစ်အများဆုံး ဆီးချို သွေးတိုးလေးဖက်နာတွေထဲက ( လေးဖက်နာရောဂါ ) အတွက်ပါ ။ တဆင့်မျှဝေပေးကြပါ ။ လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက် လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးဗဟုသုတမှ မျှဝေပေးလိုက်တယ်။ ဆေးနည်း- (၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။ (၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။ ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် … Read more