ကျမ္မာရေး ဗဟုသုတ
ဆီး အ ရောင် က ပြော ပြ နေ တဲ့ ကျန်း မာ ရေး အ ခြေ အ နေ
ခန္ဓာ ကိုယ် ရဲ့ စွန့် ပစ် ပ စ္စည်း တစ် ခု ဖြစ် တဲ့ ဆီး အ ရောင် ကို ကြည့် ပြီး လူ တစ် ယောက် ရဲ့ ကျန်း မာ ရေး အ ခြေ အ နေ ကို အ ကြမ်း ဖျဉ်း ခန့် မှန်း နိုင် ပါ တယ် ။ ( ၁ ) ကြည် လင် တဲ့ အ ရောင် ရှိ သော ဆီး – ရေ ကို လို အပ် တာ […]
ကျမ္မာရေး ဗဟုသုတ
အခုကစပြီး ရေသောက်တဲ့အခါ အတတ်နိုင်ဆုံး မတ်တတ်ရပ်မသောက်ပါနဲ့.
ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။ပြဿနာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲဆိုတာပါပဲ။ လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ်အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။ ၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက် အစလမ်းကြောင်းကိုဖြစ်စေပါတယ်။ ၂။ အစာခြေစနစ်ကို ထိခိုက်စေမတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ၃။ […]
ကျမ္မာရေး ဗဟုသုတ
တစ်ခါသုံးကိုယ်ဝန်တားဆေးနဲ့ လမ်းဘေးကပင်လယ်စာကြောင့် အသက်ဆုံးရူံးခဲ့ရတဲ့ မိန်းကလေး(ဖြစ်ရပ်မှန်)
ကျနော်အဖြစ်အပျက်အမှန်တစ်ခုလေးကို အားလုံးသတိထားရအောင်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ခုတားဆေးနဲ့ပင်လယ်စာကြောင့်မို့အသက်ဆုံးရူံးခဲ့ရတာက ကျနော့်သူငယ်ချင်းအတွဲဖြစ်နေတာကြောင်မို့ပါကိုဗစ်တွေမဖြစ်ခင် 2019-12 လပိုင်းလောက်က ကျနော်အလုပ်လုပ်နေတဲ့မန်းလေးကို သူငယ်ချင်းတို့သမီးရည်းစားအလည်လာကြပါတယ်။လူငယ်စုံတွဲတွေဆိုတော့ တည်းခိုခန်းမှာတည်းကြတာပေါ့။သူတို့အတွဲက ပဲခူးဘက်က လူကြီးတွေသဘောတူထားပေမယ့်မယူဖြစ်ကြသေးပါဖူး။သူတို့ရောက်နေကြောင်း ကျနော့်ဆီဖုန်းဆက်တော့ ညနေအလုပ်ဆင်းရင်လာခဲ့မယ်ဆိုပြီး သူတို့တည်းတဲ့နေရာနားလေးချိန်းလိုက်ပါတယ်။ကျနော်နဲ့လဲအရမ်းခင်တော့ပွင့်ပွင့်လင်းလင်းပါပဲ။ဒီလိုနဲ့ညနေရောက်တော့ သူတို့နဲ့သွားတွေ့တယ်။ဆိုင်သွားထိုင်ရအောင်ဆိုတော့ သူ့ကောင်မလေးက လမ်းဘေးကပင်လယ်စာကြော်စားချင်တယ်လို့ပူဆာတာနဲ့ တွေ့တဲ့ဆိုင်မှာထိုင်စားကြတယ်။ ကျနော်ကတော့ ယောက်ျားလေးဆိုတော့ ဒါတွေမကြိုက်တော့ ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်ပဲမှာစားဖြစ်တယ်။စားနေတုန်း ကောင်မလေးက သူ့ကိုတိုးတိုးလေးကပ်ပြောတယ်။ပြီးတော့ ဆိုင်ရှင်ဆီကနေ ရေသန့်ဗူးရှိလားဆိုပြီး မေးပြီးမှာလိုက်တယ်။ရေရောက်လာတော့ တစ်ခါသုံး ကိုယ်ဝန်တားဆေးကို ဖောက်ပြီး ကောင်မလေးလက်ထဲကို မသိမသာထည့်ပေးလိုက်တာမြင်လိုက်တယ်။ကျနော်ကတော့မသိချင်ယောင်ဆောင်နေလိုက်တာပေါ့။စားပြီးသောက်ပြီး ပိုက်ဆံရှင်းတဲ့အချိန်ရောက်တော့ ကောင်မလေးက လက်မှာ အနီစက်တွေ ပေါင်မှာတွေကော အစက်အပြောက်တွေထလာတာနဲ့ မြန်မြန်ပြန်မယ်ဆိုပြီး ထသွားကြတယ်။ကျနော်လဲနောက်မှတွေ့မယ်ဆိုပြီး ပြန်ခဲ့လိုက်တယ်။အိမ်မရောက်ခင်မှာ သူငယ်ချင်းကိုဖုန်းတွေဆက်တိုက်ခေါ်လို့ကိုင်လိုက်တော့ သူငယ်ချင်း ငါ့ကောင်မလေးဗိုက်တွေအရမ်းနာနေလို့ ဘယ်ဆေးခန်းသွားရမလဲလို့ လှမ်းမေးတယ်။ ဆေးခန်းသွားတော့ ဆေးရုံသွားခိုင်းတယ်။ဒါကြောင့်မို့ နီးစပ်ရာဆေးရုံသွားကြတယ်။ဆေးရုံမရောက်ခင်မှာပဲကောင်မလေးကသတိလစ်သွားပြီ။သူတို့မိဘတွေဆီလှမ်းပြောနေတုန်းရှိသေးတယ်ကောင်မလေးက အသက်မရှိတော့ဖူး မျက်နှာမှာလဲအနီစက်တွေအများကြီးနဲ့အသက်ဆုံးရူံးသွားရှာတယ်။ကျနော်လဲ တော်တော်လန့်သွားတယ်။သူနာပြုမလေးကကဘာတွေစားတာလဲမေးတော့ ပင်လယ်စာလို့ပြောလိုက်တယ်။ပင်လယ်စာနဲ့ဘာနဲ့တွဲစားတာလဲမေးတော့ သူငယ်ချင်းကအမှန်အတိုင်းပြောရှာတယ်။နောက်ဆုံးသိလိုက်ရတာက တစ်ခါသုံးတားဆေးနဲ့ဘယ်ကထုတ်မှန်းသေချာမသိတဲ့ပင်လယ်စာတွေထဲမှာ […]
ကျမ္မာရေး ဗဟုသုတ
တစ်သက်လုံးစာ အသုံးဝင်စေမယ့် ဆေးနည်းတိုမှတ်စု_၄၅ နည်း
ဆေးနည်းတိုမှတ်စု_၄၅နည်း မသိသေးရင်ရှဲပြီးသိမ်းထား လိုရင်ထုတ်သုံး -ဆီးသွားများလျှင်အနေခက်ဥသျှစ်ရွက်သုတ်စား -ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်လေးညုင်းပွင့်သွေးလိမ်း -ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်းဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက် – မကျီးခေါက်သွေးသောက် -မုတ္တယောင် (ဝှေးဥယောင်)ကျဆေးဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရော ထောင်း အုံ၍ပတ်တီးစည်း ရေဆွတ်ဆွတ်ပေး -နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် (1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်) (2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်) ရေအေးတဝသောက် -အိမ်မပျော်လျှင်ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား -နှာခေါင်းသွေးလျှံကျောက်ချဉ်အမှုန့်ထောင်းရှူ -ကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း (၃၉)သားအိမ်ကိုက် အကြောတက် (1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း (2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း ရောစပ်၍သောက် -သွေးပျစ် သွေးခဲလွန်းလျှင်ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက် -ကျောက်တည်ရောဂါကျောက်ကွဲပြုတ်သောက်သံမနိုင်ကျောက်မနိုင်ဆေးသောက်ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်ငါးဦးခေါင်း၌ရှိသော ကျောက်ကလေးများကို မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ) နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း(သို့)သံပုရာရည်ထဲသို့သွန်ထည့် […]
ကျမ္မာရေး ဗဟုသုတ
မနက်ခင်းတိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေး ရဲ့ အသုံးဝင်ပုံများ…
မနက်ခင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံများကိုယ်တွေ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေးဒီလိုအစွမ်းထက်မှန်း အခုမှသိရလို့ ကျေးဇူးပါသွားတိုက်ဆေးကို မနက်တိုင်းသွားသန့်ရှင်း တောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာမဟုတ်ဖူးနော်…သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ် … (၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ … သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ။ (၂) ၀က်ခြံပြသာနာများ … သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ၀က်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါးလိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ၀က်ခြံတွေ […]
ကျမ္မာရေး ဗဟုသုတ
ညညည်းနက်တဲ့အထိ အိပ်ယာထဲအထိ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ
ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။ အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု […]
ကျမ္မာရေး ဗဟုသုတ
နားကြပ် အမြဲ တပ်လေ့ ရှိသူတွေ သတိထား သင့်တဲ့ ကြောက်စရာ ကောင်းတဲ့ ဘေးထွက် ဆိုးကျိုး (၇) ခု
နည်းပညာက တစ်နေ့ထက် တစ်နေ့ ပို တိုးတက် လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ် ဆိုးတွေ ရှိနေ နိုင်တဲ့ ဇိမ်ခံ ပစ္စည်းတွေ ၊ အသုံးအ ဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ် ။ Headphone နဲ့ နားကြပ်တွေ ဟာလည်း နောက်ကွယ်က ဆိုးကျိုးတွေကို မသိကြဘဲ ယ နေ့ ခေတ် လူငယ်တွေ အသုံးများတဲ့ နည်းပညာ ပစ္စည်းတွေ ဖြစ် ပါ တယ် ။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင် ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အ ကြောင်း […]
ကျမ္မာရေး ဗဟုသုတ
ကျမ္မာရေး ဗဟုသုတ
“အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ”
ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ် …. အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော် …. ။ (1) ဆားစားသုံးမှုကို လျှော့ချပါ တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ် … ။ (2) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။ အသားမကြိုက်ဘူး […]
ကျမ္မာရေး ဗဟုသုတ
ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး
အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။ (၁) အဖြူရောင် အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။ (၂) အဝါရောင် အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။ (၃) အစိမ်းရောင် အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊ သားအိမ်ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်တာကြောင့် […]