ရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးပါ။ ပြုလုပ်ပရတာ လွယ်ကူပါတယ် ယနေ့ည လက်တွေ့စမ်းကြည့်တာ ဆား (၅၀ )သားလောက် ရေနွေးနဲ့ခြေထောက်ကို နာရီဝက်လောက်စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ ပြီးတော့ပြောင်အောင်သဘက်နှင့်သုတ်လိုက်တယ် ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီးဆေးလည်းရပါတယ် ကိုယ်မှာချွေးများထွက်လာပြီး ညောင်းတာကိုက်တာပေါ့သွားတယ် အပူလည်းတော်တော်ထွက်တယ် ဒီနည်းတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင် ညောင်းတာကိုက်တာ အပူများတာ ကျန်တဲ့ရောဂါတစ်ချို့ သက်သာလာမှာသေချာတယ် ထို့ကြောင့်ကျန်းမာရေးလိုက်စားသူများ စမ်းကြည့်ပါ အကျိုးမယုတ်ပါဘူး ။ ။ နောက်တစ်နည်း နေ့ စဉ် အ ချိန် မှန် ည အိပ်ယာဝင် ခါနီးတိုင်း… ဆားနင်းခြင်း…… ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ နင်းပုံနင်းနည်းကတော့ … မနင်းခင် ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။ (ဆား ၁ ပိဿသာ ၂ပိသာ ဆို […]
ကျမ္မာရေး ဗဟုသုတ
တစ်သက်လုံးအသုံးဝင်တဲ့ မြန်မာ့ရိုးရာဆေးနည်းပေါင်းစုံ ရှယ်သွားနော်…
တစ် သက်လုံးအသုံး ဝင် တဲ့ မြန်မာ့ရိုးရာ ဆေးနည်းပေါင်းစုံ ရှယ်သွားနော်။ တစ်ချိန်မဟုတ်တချိန် အသုံးဝင်မှာ သေချာပါတယ် . . .။ ချောင်းဆိုးလျှင် ခရေပွင့်ကို တစ်ညလုံး ရေစိမ်၊ နံနက်တွင်း ထိုရေကို စစ်၍သောက်ပါ၊ ပျောက်ကင်း၏ . . .။ ရင်ပြည့်ရင်ကယ်….ကြက်ဟင်းခါး သက်စောင့်ဆေးကို နှမ်းဆီ – ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာ သပ်ချပါ . . .။ နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှ နှာခေါင်းအထိ ဆေးအရည်နှင့် ဆွဲချပေးပါ . . .။ တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကို တိုက်ပါ ။ အတက်ချက်ချင်း ကျသွားမည် . . […]
အသည်းအဆီဖုံးတဲ့ရောဂါကိုယူပစ်သလိုပျောက်ကင်းစေတဲ့အစွမ်းထက်ဆေးနည်း
မြန်မာ့ဆေးကျမ်းတွေက ဆိုရိုးစကားတစ်ခုရှိပါတယ်။ “အသည်း၊ အူ လဲလူ” တဲ့။အသည်းရောဂါနဲ့ အူရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ ၁။ လဲလူပင်ဟာ အရွက်၊ အသီး၊ အပွင့်၊ အပင်၊ အမြှစ် ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။ ၂။ အရွက်နုနဲ့ အညွန့်များကို ဟင်းရည်ချက်သောက်လို့ရပါတယ်။ ၃။ အရွက်များကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။ ၄။ အရွက်နုနဲ့ အညွန့်များကို ငါးရံ့နဲ့အတူ ချက်စားရင် အရသာလည်း ပိုရှိသလို ဆေးဖက်လည်း ဝင်ပါတယ်။ ၅။ ပဉ္စငါးပါးစလုံးကို ရေစင်အောင်ဆေးပြီး ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ ဆေးအဖြစ် သောက်နိုင်ပါတယ်။ လဲလူရွက်ဟာ အသည်းရောင်၊ အသည်းကြီး၊ အသည်းခြောက်၊ အူသိမ် အူမထဲမှာဖြစ်တဲ့ ဂေါရာများ၊ အစာအိမ်ရောဂါများကိုလည်း […]
ခြေဖနောင့်ကွဲတာအမြန်ပျောက်တဲ့မြန်မာ့ဆေးနည်း….
တင်းတိတ်တွေကို ယူပစ်သလို ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း(၅)မျိုး..
မျက်နှာပေါ် အမည်းစက် ရှိနေတာက မျက်နှာအလှကို မပေါ်လွင်စေပါဘူး။ တင်းတိတ်ဖြစ်နေရင် အရမ်းကို စိတ်ညစ် ရ ပါတယ်။ တင်းတိတ်ကို မိတ်ကပ်ရည်နဲ့ ဖုံးဖို့ ကြိုးစားနေတာထက်စာရင် သဘာဝအတိုင်း ပျောက်ကင်းသွားအောင်လုပ်နိုင်ပါတယ်။တင်းတိပ်တွေ ကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေ ကတော့.. (၁) သံပရိုရည် ပါဝင်ပစ္စည်းများ – သံပရိုရည် ၊ ဂွမ်း ။ သံပရိုသီးကို အရည်ညှစ်ထုတ်ပေးပါ ရလာတဲ့အရည်ကိုခွက်ထဲ ထည့်ပေးပါ။ ဂွမ်းနဲ့ သံပရိုရည်ကိုတို့ပြီး တင်းတိတ်ပေါ် လိမ်းပေးပါ။ (၁၅-၂၀) မိနစ်လောက် နှပ်ထားပေးပြီး မျက်နှာသစ်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ။ (၂) ရှားစောင်းလက်ပပ် ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်အနှစ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။ ရှားစောင်းလက်ပပ်အနှစ် ကို […]
ဒီပို့လေးကို ဖတ်ထားပြီးရင် သင်ကြိုက်တာကို ကြိုက်သလောက် စားလို့ရပါပြီ…
ဒီပို့လေးကို ဖတ်ထားပြီးရင် သင်ကြိုက်တာကို ကြိုက်သလောက် စားလို့ရပါပြီ မတည့်တာကိုမှ စားချင်သူများအတွက် အန္တရာယ်ကင်းအောင် စားနည်းများ ၁။ လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အောင် လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။ ၂။ လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း ကိုက်လေ့ရှိကြတယ်။ တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။ ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။ စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ […]
‘လက်ပံပွင့်ဟာ အမျိုးသမီးတွေအတွက် ကင်ဆာထိတောင်ပျောက်ပါတယ်ပြောတဲ့ ကရင်မကြီး’…
အညာဒေသများမှာပေါက်လျှက်သော”လက်ပံပွင်’အမျာပေါက်လေ့ရှိကြပါတယ်။အညာဒေသအခေါအဝေါအမျိုးမျိုရှိကြပါတယ်။ ကရင်ပြည်နယ်ဒေသများတွင်”လက်ပံပွင်’အနည်းအများအလိုက်ပေါက်လေ့ရှိကြပါတယ်။ကျမတို့ကရင်ပြည်နယ် ကောကရိတ်မြို နယ်ကျုံဒိုးမြို့ အမှတ်( ၄ ) ရပ်ကွက် အဘိုအဘွားခေတ်ကဆိုရင် ကျွန်းကလေးများမှာ လက်ပံပွင်အများအပြားကျမတို့အဘိုအဘွားလက်ထက်ကတည်းက ရှိကြပါတယ် ယခုကျမတို့လက်ထဲမှာ” လက်ပံပွင်” တစ်ပင်တည်း ပဲရှိပါတောတယ်။လက်ပံပွင်’” ဆေးဖက်ဝင်တယ်ဆိုတာ တောရုံတန်ရုံဘယ်သူကများမသိကြပါဘူး။ တချို့ဒေသများစားလေ့ရှိကြပါတယ်။ ဆေးဖက်ဝင်မှန်လည်မသိကြပါဘူး။တစ်ချို့ဒေသများလည်” လက်ပံပွင်”ကိုစားရမှန်မသိကြပါဘူး။ ထိုင်းနိုင်းငံရွေကျောင်/ ငွေကျောင်းနာမှာဆိုရင်” လက်ပံပွင်” ထိုင်းလူမျိုးများကစာ့လေ့မရှိကြပါဘူး။ စားလည်မစားကြပါဘူ။ ကျမတို့မင်္ဂလာဆောင်ပြီးထိုင်းနိုင်ငံအလည်အပတ်သွားကြပါတယ်။ကျမတို့ရွေကျောင်းဘုရားသွားဖူကြပါတယ်။ ငွေကျောင်းဘုရားသွားဖူးကြပါတယ်။ငွေကျောင်းဘုရားသွားဖူတော” လက်ပံပွင်’”အပင်ကြီးကြီးကို ထိုင်းလူမျိုးကဆိုရင်” လက်ပံပွင်”ကောက်ပြီးအမှိုက်ပုံထဲထည်ကြပါတယ်။ ငွေကျောင်းဘုရားသန်ရှင်ရေအဖွဲ့ခေါင်ဆောင်းကိုကျမမေးကြည်လိုက်ပါတယ်။ ထိုင်းဘာသာစကားဖြင့်မေးကြည်ပါတယ်။ အနိထန်မလိုင် မေးကြည်တော ထိုင်းနိုင်ငံသန့်ရှင်းရေအဖွဲ့ကကင်မိတ်ဒိုင် ( စာလိုမရဘူးတယ်ဟု ) ထိုင်းဘာသာဖြင်ပြန်ပြောပါတယ်။ ကျမပြောပြပါတယ်။ကင်ဒိုင်= စားလိုရတယ်ထိုင်းနိုင်ငံသာတွေကပြုံးကြပါတယ်။သူတို့ အံ့သြကြပါတယ်။ စားလို့ရလို့ ဆိုတော သူတိုအံ့သြကြလို ကျမအတွက်ကတော လက်ပံပွင့်ဟာ ဆေး အဲဒီဆေးအကြောင်း ဆက်ပြောပြမယ်နော်ကျမတို့အဘိုအဘွားလက်ထက်ကဆေးဖက်ဝင်တဲ့ လက်ပံပွင့် လက်ပံပွင့် ဆေးဖက်ဝင်ပုံ ( […]
ခေါက်ဆွဲခြောက်ကြိုက်သော မိန်းကလေးများ သတိပြုရန်…
အခုလို မိုးအေးအေးမှာ ခေါက်ဆွဲပြုတ်ပူပူလေးစားရတာ အရမ်းကို အရသာရှိပါတယ်။ အလွယ်တကူဝယ်လို့ရသလို အလုပ်မရှုပ် မပင်မပန်းဘဲ စားလို့ရတဲ့အတွက် လူတော်တော်များများ ခေါက်ဆွဲခြောက်ကို ကြိုက်ကြပါတယ်။ဒါပေမဲ့ လူတွေက ခေါက်ဆွဲခြောက်ကို ချစ်ကြသလို ခေါက်ဆွဲခြောက်တွေက လူတွေကို ပြန်မချစ်ကြပါဘူးလို့ ဟားဗတ်တက္ကသိုလ်က သုတေသီတွေက ပြောကြားလိုက်ပါတယ် အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေက ရေရှည်မှာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အသက် ၁၉ နှစ်ကနေ ၆၄ နှစ်ကြား အမျိုးသား အမျိုးသမီးပေါင်း ၁၁၀၀၀ ကျော်ကို သုတေသနပြုလုပ်ခဲ့တဲ့ ရလဒ်တွေအရ မိန်းကလေးတွေမှာ ခေါက်ဆွဲခြောက် စားခြင်းကြောင့် ရောဂါပြင်ပြင်းထန်ထန် ပိုပြီး ဖြစ်စေနိုင်တာကို တွေ့ခဲ့ရပါတယ်။ ခေါက်ဆွဲခြောက်တွေက သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ဆီးချို၊ နှလုံးနဲ့ ရုတ်တရက် လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ခေါက်ဆွဲခြောက်တွေမှာ […]
ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းကလေး…
News.AU မှ ဖော်ပြချက်အရ အသက်၂၁နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းကရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ် မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ် ယာစောစောဝ င်သွားခဲ့ပါတယ်။နောက်တစ်နေ့ မနက်ကျတော့မိခင်ဖြစ်သူက သမီးလေး သက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် Jessica ပြန်မထူးခဲ့ပါဘူး။ဘယ်လောက် လှုပ်နှိုးနှိုး မျက်တောင်တစ်ချက်ခတ်မလောတဲ့ Jessica ရဲ့အခြေအနေကို မိခင် ခင်ဗျာခေါင်းနားပမ်းကြီးကာ စိုးရိမ်လာစပြုနေခဲ့ပါပြီ။ဒါကြောင့် အရေးပေါ်ဌာန ကို […]
ဒီစာလေးဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာမဟုတ်ဘူး
မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။ မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထားပြီးနောက် ဝမ်းကိုက်ရောဂါအတွက် […]