က်မၼာေရး ဗဟုသုတ

သင့်ကျန်းမာရေးအတွက် တစ်သက်စာစွန့်လွှတ်ပစ်လိုက်သင့်တဲ့ နံနက်ခင်းအမူအကျင့်များ…..

၁။ နံနက်ခင်းရေမချိုးတဲ့အကျင့် နံနက်ခင်းမှာ ရေချိုးခြင်းက ဦးနှောက်ကို လန်းဆန်းစေပြီး ပြင်ပအရာတွေကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်ရတာတွေကို လျော့နည်းစေပါတယ်။ ပြဿနာကို ပိုကောင်းအောင်ဖြေရှင်းနိုင်ပြီး စိတ်ကူးသစ်တွေ လည်း ရရှိစေပါတယ်။ ၂။ ရေနွေးနဲ့ချိုးတဲ့အကျင့် ရေနွေးက လူကို သက်တောင့်သက်သာဖြစ်စေတာမှန်ပါတယ်။ ဒါပေမဲ့ နံနက်ခင်းမှာ ရေနွေးနွေးနဲ့ ရေချိုးလိုက်ခြင်းက သင့်ကို အိပ်ရာထဲ ပြန်ဝင်အိပ်ချင်စိတ်ကို ဖြစ်ပေါ်သွားစေမှာပါ။ ရေအေးနဲ့ ချိုးတာကတော့ သင့်ကို လန်းဆန်းစေပြီး ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း လုပ်ဆောင်မှုအားပိုကောင်းစေပါတယ်။ ၃။ ဖုန်းအကြာကြီးကြည့်တတ်တဲ့အကျင့် လူအများစုဟာ အိပ်ရာကနိုးပြီဆိုတာနဲ့ ဖုန်းအရင်ကောက်ကိုင်တတ်ကြပါတယ်။ သင့်အချိန်တွေ အလဟဿမကုန်ဆုံးဖို့ဆိုရင် နံနက်စောစောမှာ ဖုန်းကြည့်ရင်တောင် တခြားသူတွေအကြောင်းတွေ လျှောက် မကြည့်ပါနဲ့။ သင့်မက်ဆေ့ခ်ျစစ်တာမျိုးတွေသာပြုလုပ်သင့်ပါတယ်။ ၄။ ဝတ်စရာရွေးရင်း အချိန်ကုန်တတ်တဲ့အကျင့် နံနက်တိုင်း အဝတ်အစားရွေးရင်း အချိန်ကုန်နေလား။ သင့်ရွေးချယ်မှုပိုလွယ်ကူစေချင်ရင် […]

ကျမ္မာရေး ဗဟုသုတ

တင်းတိတ် ၊ မှဲ့ခြောက် ၊အမည်းစက်တွေသာဆို ဒီနည်းရှိတယ်နော်….

ကဲ တင်းတိပ်နဲ့အမဲစက် မှဲ့ခြောက်ရှိတဲ့ သဲလေးတို့ရေ….အာလူးလေးသွေးလိမ်းကြမယ်နော် ။သဘာဝနည်းမို့လို့ အထင်သေးချင်တဲ့သူတွေရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမဲ့ စျေးကြီးကြီးskin care တွေမဝယ်သုံးနိုင်တဲ့ မမတွေညီမလေးတွေအတွက် လွယ်ကူပြီးထိရောက်မြန်တဲ့ နည်းလမ်းလေးပါ ။ အာလူးနဲ့ပွတ်တာတစ်ပတ်လောက်နဲ့ ပါးသွားပါတယ်။စိတ်ရှည်ရှည်နဲ့စွဲစွဲမြဲမြဲလုပ်ဖို့သာအဓိကပါ အရှင်းမပျောက်ဘူးဆိုရင်တောင် အရင်လိုကြည့်ရမဆိုးတော့ပါဘူး ။ တင်းတိပ်အမဲစက်မရှိတဲ့သူတွေလိမ်းရင်တော့အသားအရေတင်းရင်းစိုပြေပြီး ဖြူ လာပါလိမ့်မယ် ကိုယ်တွေ့မိူ့ပြောပြတာပါ အာလူးက ဂျေးချွတ်နိုင်တဲ့အာနိသင်ရှိပါတယ် ။ အားလုံးစမ်းသပ်လို့ရအောင်ပြောပြပေးပါမယ်ရှင့် ။ဆောင်ရန်ရှောင်ရန်လေးတွေတော့သတိပြုပေးပါနော်..အာလူးတစ်လုံးကိုရေပြောင်အောင်ဆေးပါ ။ ပိုးသတ်ဆေးနဲ့ ဓာတုပစ္စည်းတွေကြောင့်ရေပြောင်အောင်ဆေးပါ ။ကျောက်ပျဉ်သန့်သန့်တစ်လုံးမှာ အရည်ရလာတဲ့အထိသွေးပါ ။ ရလာတဲ့အရည်ကိုယူပြီးမလိမ်းပါနဲ့ အာလူးမှာကပ်ပါလာတဲ့ အရည်ကိုသာအမဲစက်ရှိတဲ့နေရာပေါ်မှာစက်ဝိုင်းပုံစံပွတ် ပေးပါ။ နာရီဝက်လောက်မျက်နှာအနှံ့လိုက်ပွတ်ပါ ခြောက်အောင်ထားပြီး ကြက်သီးနွေးရေနွေးနဲ့ဆေးချပါ ။သတိထားရမှာကတော့ ရေအေးနဲ့ဆေးလို့မရပါဘူးနော် ။ ရေအေးနဲ့ဆေးရင်ပိုပြီးမဲသွားတတ်ပါတယ် ရေနွေးနဲ့ဆေးမှ သိသာတဲ့resultကို ရမှာပါ အဲ့တစ်ချက်ကိုသတိထားပါ။ ညဘက်မှလုပ်ရင်ပိုကောင်းပါတယ် ရေနွေးနဲ့ဆေးထားတဲ့အတွက် ချွေးပေါက်တွေပွင့်နေပါတယ်အဲ့တာကြောင့် toner Serum […]

က်မၼာေရး ဗဟုသုတ

ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန်အစားအစာလေးများ….

ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန်အစားအစာလေးများ ရှေးမြန်မာကြီးများက ဆောင်းတွင်းတတွင်းလုံးကျန်းမာစေဖို ့အတွက်လက်စွဲတော်ဆေးနည်းတိုလေးကို မှီဝဲလေ့ရှိကြပါတယ်။ ၄င်းဆေးနည်းမှာငြုပ်ကောင်းစိမ်း၊ ပိတ်ချင်းသီး၊ ဂျင်းစိမ်းခြောက် ၃-မျိုးအား ၉-မူးသားစီဆတူရော၍၊ ထိုအရောအနှောထဲကို ထန်းလျက်ရည်နှင့် ပျားရည်၁၀-ကျပ်သားစီရောစပ်ပြီးဆေးရည်တည်ပါတယ်။ ထိုဆေးနှစ်ရည် လ္ဘက်ရည်ဇွန်း တဝက်စာ ပမာဏခန် ့ကိုဆောင်းဝင်သည့်နေ ့ကစပြီး တနေ ့တကြိမ်မျှှသာစားပေးရုံဖြင့် ဆောင်းဥတုမှာမည်သည့်ရောဂါမျှှ မရှိနိုင် တော့ဘူးလို ့ဆိုပါတယ်။ ထိုနည်းတူစွာပင် နွေရာသီ မိုးရာသီများအတွက်ပါ ဆေးနည်းတိုလေးများကိုဖော်စပ်သောက်တဲ့ ဓလေ့ ကို လေ့လာကြည့်ခြင်းအားဖြင့် ရှေးမြန်မာကြီးများဟာ ကျန်းမာရေးအသိအမြင်နဲ ပတ်သက်၍ ခေတ်နောက်မကျဘူးလို ့ဆိုနိုင် ပါတယ်။ ယနေ ့ကမ္ဘာမှာ တနေ ့တခြားတိုးတက်ခေတ်မှီလာတဲ့အလျောက်၊ ရုပ်ဝတ္တုတွေနောက်အမှီလိုက်ရင်း နေထိုင်စားသောက်မှုပုံစံတွေလည်း ပြောင်းလဲလာကြရာ လွယ်ကူမြန်ဆန်တဲ့ အစားအသောက်တွေကို အာသီသရှိလာကြပြီး ကျန်းမာရေး အတွက် ဘေးထွက်ဆိုးကျိုးများစွာခံစားနေကြရပါတယ်။ ဒီတစ်နှစ်ဆောင်းဥတုမှာတော့ဖြင့် ရာသီဥတုနှင့်လျော်ညီစွာ စား […]

ကျမ္မာရေး ဗဟုသုတ

ဆောင်းတွင်းမှာ ဗောက်ပြဿနာအတွက် ဖြေရှင်းနည်းလေးများ….

ဗောက်ထ တာဟာ သိပ်ကို စိတ်ညစ်စရာကောင်းလွန်းပါတယ်။ ဆောင်းရာသီမှာမှမဟုတ်ဘဲ ရာသီမရွေးဗောက်ထတတ်တဲ့သူတွေလည်းရှိပါတယ်။ တစ်ချို့ကတော့ အသားအရေ ခြောက်သွေ့လို့ ဗောက်ထကြပြီး တစ်ချို့ကလည်း ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့် ဗောက်ထကြပါတယ်။ နွေရာသီမှာ ချွေးထွက်များပြီး ဦးရေပြားယားယံကာ ဗောက်ထကြပါတယ်။ ခေါင်းလျှော်ရည်နဲ့ မတည့်တာမျိုးဆိုရင်တော့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပေးသင့်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရရှိနေတဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေက သင်နဲ့ မတည့်ဘူးဆိုရင်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးပါမယ်။ ၁။ လက်ဖက်ဆီ (Tea Oil) ထည့်ပါ။ သင်လျှော်မယ့် ခေါင်းလျှော်ရည်ထဲ မှာ လက်ဖက်ဆီ ၂ စက် ၃ စက်လောက်ထည့်ပြီး ဦးရေပြားမှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် […]

ကျမ္မာရေး ဗဟုသုတ


နှစ်နဲ့ချီပြီးကိုက်ခဲ့တဲ့သွား ဒီဆေးနည်းနဲ့ မှပဲ သက်သာတော့တယ် ကြိုတင်ဝန်ခံပါရစေ။ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ ဒီလိုဗျ…၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြ လိုက်တယ် ။ ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ ၂၀၁ရမှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။ နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာင်္ပြီလေ။ရန်ကုန်ရောက်တော့ လှည်းတန်းသွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။ တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။တမာရွက်တွေဝါး။ တမာခေါက်ငုံ။ဆားရေငုံ မရပါဘူး။တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေး ထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း […]

က်မၼာေရး ဗဟုသုတ

မနက်တိုင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ..

မနက်တိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ သိထားသင့်တယ် ထင်လို့ပါ။ သွားတိုက်ဆေးကို မနက်တိုင် သွားသန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာ မဟုတ်ဖူးနော်… သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်နော်။ ( 1 )- အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် ( သို့ ) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါဗျာ ။ ( 2 )- ဝက်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး […]

ကျမ္မာရေး ဗဟုသုတ

အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ …

အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ အစပ်လေးပါ ကာမှ ထမင်းစားဝင် တတ်တဲ့လူတွေ ရှိကြလားမသိဘူး။ တကယ်တော့ အစပ်စားခြင်းဟာ အစာအိမ်အတွက် မကောင်းဘူး ဆိုပေမယ့်လို့ ပုံမှန်လေးစားပေးခြင်းအားဖြင့် လူတိုင်းမ ထင်ထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိနေတယ် ဆိုတာ သင်သိ ပါသလား။ မသိသေးဘူး ဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်လိုက် ရအောင်နော် ။ အသက်ရှည်စေတယ် Harvard and China National Center for Disease Control and PreventionTrusted Source ရဲ့ လေ့လာ ချက်အရ တစ်ပတ်ကို ၆ ရက်လောက် အစပ်ပါတာ စားပေးခြင်းဟာ မစားတဲ့ လူတွေထက် အသက်ရှည် မှုနှုန်းဟာ ၁၄% လောက်ပိုမြင့်နေပါတယ်လို့ […]

ကျမ္မာရေး ဗဟုသုတ

“နှာခေါင်း အမြဲတမ်းပိတ်ပြီး အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်”

“နှာခေါင်း အမြဲတမ်းပိတ်ပြီး အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်” ဒီမနက်ခင်းတော့ နှာခေါင်း အမြဲတမ်း ပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကားစပ်မိရင်း..၊ သူမ လက်တွေ့ စမ်းသပ်ပြီး သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပါတယ်..။ အဲဒီ ညီမလေးရဲ့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ ထိစပ် နေရတဲ့ အလုပ်ကလေးပါ..။ ဆေးနည်းလေးက ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး အရည်ရအောင်ယူပါ..။ ထိုအရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ ။ စရှူပြီး သိပ်မကြာခင်မှာ လည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီး..။ တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် […]

ကျမ္မာရေး ဗဟုသုတ

စိတ်ညစ်စရာကောင်းတဲ့ ဆားဝက်ခြံတွေကို ရှင်းထုတ်နိုင်မယ့် နည်းလမ်း (၈) ခု

ဆားဝက်ခြံ (blackheads) ဆိုတာ ဘာလဲ? ဆားဝက်ခြံဆိုတာဟာ အဆီများ, အရေပြားဆဲလ်သေများ, ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ဆားဝက်ခြံများဟာ မျက်နှာပေါ်တွင်သာမက ကျောဘက်, နားရွက်နှင့် ချွေးပေါက်ရှိသော အခြားနေရာများပေါ်တွင်လဲ ဖြစ်ပေါ်နိုင်ပါတယ်။ Skin care အမျိုးမျိုး အသုံးပြုပေမယ့် ဆားဝက်ခြံတွေ ရှိနေသေးတယ် ဆိုသူတွေအတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့ အောက်ပါနည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် …။ (1) သံပရာသီး” သံပုရာသီးအရည်ဟာ ချွေးပေါက်တွေကို သိသာစွာ ကျဉ်းစေတဲ့အပြင် အသားအရေကိုသဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ ဝက်ခြံပိုးတွေကို သေစေတဲ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ သံပုရာသီးကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ သံပုရာသီးကိုအရည်ညှစ်ကာ မျကိနှာပေါ်တွင် သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မိုးလင်းတဲ့အခါ ရေကြက်သီးနွေးဖြင် […]

ကျမ္မာရေး ဗဟုသုတ

မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ…

မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ… ပျိုမေတို့ အနေနဲ့ အတိုတွေ၊ လက်ပြတ်တွေ ဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းနေတတ်ပါတယ် . . .။ အခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျလည်း သက်သာတဲ့အပြင် လွယ်ကူရိုးရှင်းပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အားလုံး လုပ်ကြည့်လို့ အဆင်ပြေမှာပါနော် . . .။ (၁) ရှားစောင်းလက်ပတ် လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးပါ . . .။ လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရနွေးလေးနဲ့ […]