ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း ယခုဆိုလူမျိိုးခြား ဘာသာခြားတွေဆိုင်လုပ်ငန်းလုပ်တယ်။လေး ငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။ လက်ရှိလုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။ မြန်မာဆိုင်နဲ့ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။ ဟိုးလွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်းလေ့လာကြည့်မိတယ်။ အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှာသာနောက်ကျတယ်။နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။နေ့ကူးရင် နောက်နေ့အော်ဒါ တွေထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။ သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ် ခန့်နားပြီးသောက်တယ်။ သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်ပစ္စည်းအားလုံးခေါင်းထဲမှာ ရှိတယ်။ဆိုင်သမားနဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အ မြဲပြောတဲ့ သူဌေးရဲ့စကား။ ဆိုင်မှာလာအားပေးသူအားလုံးကို နည်းနည်း များများပျူငှာသောဆက်ဆံရေးနဲ့ကြိုဆိုတယ်။ အကြွေးကိုပေးသင့်သူကိုပေးတယ်။မပေးသင့်သူကို လုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။အားနာလို့အားပါသွားတာမျိုးမရှိ။ တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံချက်ခြင်း အကြောင်းကြားပေးတယ်။(မှားခဲ့တာတော့ ရှားပါတယ်) ဆိုင်မှာသူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်။အောက်သက်ကျေအောင် အလုပ်သမားဘဝကိုစာနာ တတ်အောင်လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလို […]
ဗဟုသုတ
သင်တို့အတွက် ဗဟုသုတအကြီးကြီးရစေမယ့် ပိတုန်း နဲ့ ဆင် ကို ဥပမာပေးထားတဲ့ တန်ဖိုးရှိတဲ့ စာသားများ…
သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်း ဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။ ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပံျသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် […]
ငွေကြေး ကံကောင်းလာပြီး ဝင်ငွေသိသိသာသာတိုးလာအောင် ဒီအချက်(၅)ချက်ကို မမေ့ပါနဲ့
(၁) ပိုက်ဆံအိတ်အရောင် ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေးရွေးသင့်ပါတယ်။ အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။ အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေလွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံးအရောင်ဖြစ်ပါတယ်။ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး၊အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆရှိကြလို့ပါ။ (၂) အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့အရောင် အဲ့ဒါကတော့ ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကို ရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး၊ အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ (၃) ပိုက်ဆံအိတ်အနေအထား ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကလွဲပြီး တခြား တိုလီမှုတ်စတွေ ဘာဆိုဘာမှမထည့်ပါနဲ့။ လိပ်စာကတ်တွေကိုလည်း မထည့်ထားပါနဲ့။ […]
ကျွန်တော်တို့မှီခဲ့တယ်(တိုက်ဆိုင်လို့ ကူးယူလာတာ)
ကျွန်တော်တို့မှီခဲ့တယ်(တိုက်ဆိုင်လို့ ကူးယူလာတာ) ***ကျနော်တို့မှီခဲ့တယ်.*** {တိုက်ဆိုင်လို့ ကူးယူလာတာ} ပိုက်ဆံအကြွေ ဆယ်ပြား၊တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချစားလို့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….လက်ဘက်ရည်တစ်ခွက်၊ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့အခါမှစားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…. ဘာအကြောင်းကြောင့်နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ် ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့မိဘကိုမညိုငြင်တဲ့ခေတ်ကိုမှီခဲဘူးတယ်….နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…. တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး(အိပ်ပြီး)မနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ […]
ကျို့ထိုးတာကို ချက်ချင်းပျောက်စေလိုလျှင်
ကျို့ထိုးတာကို ချက်ချင်းပျောက်စေလိုလျှင် ကြို့ထိုး တဲ့အခါ အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်း ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခု ဖြစ်ပါတယ် ။ ရောဂါကြီး မဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက် ကသိ ကအောက် ဖြစ်ရပါတယ် ။ အစာတွေခပ်မြန်မြန်စားမိတာ ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြိုးထိုးတာ ဖြစ်တတ် ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံ နဲ့ ကုသကြ ပါတယ် ။ ရေများများသောက်ခိုင်းတာ ၊ ထမင်းလုံးဝါးခိုင်းတာ ၊ စိတ်ဆိုးအောင်လန့်အောင် လုပ်တာ ၊ မြေပဲစားခိုင်းစာ စသဖြင့်နည်းမျိုးစုံနဲ့ လုပ်ကြပါတယ်။ တချို့ကြို့တွေက ခဏနေရင် သူ့အလိုလို ပျောက်သွားတတ် ပေမယ့် တချို့တလေကျတော့ ရှားပါးစွာနဲ့ ရက်ချီပြီး ထိုးတာတွေ […]
နည်းနည်းဖတ် များများတွေး ပိုက်ဆံရှာပါ
ပိုက်ဆံရှာပါ။ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်…။ မိသားစုထဲမှာကြည့်ပါ။ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်…။အပေါင်းအသင်းတွေကြားထဲကြည့်ပါ။ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။ လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်…။ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ…။ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။ သင်ပိုက်ဆံရှိမှသင်ချစ်တဲ့သူတွေအတွက်သင်လုပ်ချင်တဲ့အရာတွေအတွက်သင်ပြောချင်တဲ့စကားတွေအတွက်သင်လိုချင်တဲ့အရာတွေအတွက်အားလုံးမဟုတ်ရင်တောင်တော်တော်များများလုပ်လို့ရမှာပါ…။ ခင်မင်မှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်…။ “ရိုးသားမှုကပိုအရေးကြီးတယ်” ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး…။”#ပညာကပိုအရေးကြီးတယ်”ဟုတ်ကဲ့ ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ…။ ကိုယ်ကျင့်တရားကအရေးအကြီးဆုံး”ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်…။ အချစ်ကအရေးကြီးတယ်”ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။လူအားလုံးလိုလိုကေတာ့..ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်ငွေမရှိရင် နံတယ်လို့ထင်တယ်ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး…။ ဒါပါဘဲဘယ်နည်းနဲ့တွေးတွေး ဘယ်ဖက်ကတွေးတွေးငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်…။တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။တသိန်း ဆယ်ခါဆို ၁၀သိန်းပါ…ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ…။ မလိုတာတွေဝယ်ခဲ့ဖူးတယ်..။မတန်တာတွေ စားခဲ့ဖူးတယ်။မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။သဒါ မပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။ အချိန်တန်တော့ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။ သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲစနစ်တကျစုဆောင်းသွားတဲ့သူတွေ […]
အကြပ်အတည်းကာလမှာ ငွေကုန်မခံသင့်တဲ့အရာများ
လက်ရှိကာလမှာ အသုံးစရိတ်ကိုတက်နိုင်သလောက် ထိန်းချုပ်သင့်ပါတယ်။ အကျပ်အတည်းကာလဖြစ်တာနဲ့အညီ လူတိုင်းလိုလို ငွေကြေးနဲ့ပတ်သတ်ပြီး အခက်အခဲလေးတွေရှိတက်ကြတာတော့ အမှန်ပါ။ ဒါကြောင့် သင့်အနေနဲ့ တစ်လတစ်လဝင်ငွေတွေကို အလဟာသက်မဖြစ်စေဖို့ ထိန်းသိမ်းသင့်ပြီး အောက်ပါအရာတွေအတွက် ငွေကုန်ကျခံခြင်းကိုရှောင်သင့်ပါတယ်။ (၁) အဝတ်အစားဝယ်ခြင်း လက်ရှိအချိန်မှာ အိမ်ထဲမှာပဲနေရတာဖြစ်တဲ့အတွက် အဝတ်အစားအသစ်ဝယ်ဖို့ဆိုတာ တကယ်တော့ မလိုအပ်သေးဘူးလို့ပြောလို့ရပါတယ်။ ဒီအချိန်မှာ အဝယ်အစားအသစ်တွေဝယ်တာဟာ မလိုအပ်ပဲ ငွေဖြုန်းနေခြင်း သက်သက်သာဖြစ်ပါတယ်။ဒါကြောင့် အွန်လိုင်းရှော့ပင်တွေကနေ အဝတ်အစားအသစ်တွေ ဝယ်တာမျိုး ရှောင်သင့်ပါတယ်။ (၂) လောင်းကစားလုပ်ခြင်း အကျပ်အတည်းကာလမှာ အပိုငွေလေးရအောင်လောင်းကစားလုပ်ကြည့်မယ်လို့ ယောင်လို့တောင် စိတ်မကူးမိပါစေနဲ့။ လောင်းကစားလုပ်တယ်ဆိုတာ အနိုင်ထက် အရှုံးက ပိုများပါတယ်။ အရှုံးနဲ့ကိုယ်ငွေအရင်းလေးပြန်ရအောင် လိုက်ရင်းလိုက်ရင်း ပြုတ်ပြုတ်ပြုန်းသွားကြသူတွေလည်း လောင်းကစားလောကမှာ အများကြီးပါ။ဒါကြောင့် လက်ရှိအချိန်မှာ ဘယ်လိုလောင်းကစားနည်းကိုမှ မစမ်းသပ်သင့်ပါဘူး။ (၃) အပြင်စာတွေမှာစားခြင်း အိမ်အရောက်ပို့ပေးတဲ့ Food Delivery တွေကနေတဆင့် […]
ကလေးတွေကို ချစ်ရင် အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ
ကလေးတွေကို ချစ်ရင် အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ။ ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘဝတစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေး ထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။ ၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်ေ နတာမျိုးကို ဆိုလိုတာပါ။ြ ပသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။ လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိ တ်ဓာတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ […]
ဖုန်းထဲ ရေဝင်သွားရင် ဆန်အိုးထဲ လုံးဝမထည့်သင့်တဲ့ အကြောင်းအရင်း
မတော်တဆ ဖုန်းရေထဲကျသွားတဲ့အခါ၊ ဖုန်းရေစိုသွားတဲ့အခါ ကျွန်တော်တို့အများစု ဒီပြဿနာကို ဖြေရှင်းတဲ့နည်းက ဆန်ထဲ ထည့်ထားလိုက်ကြတာပါပဲ။ ဒီနည်းလမ်းကို ကျွန်တော်တို့စွဲမြဲစွာ မှတ်သားထားကြတာပါ၊တကယ်တော့ ဒီနည်းက အသုံးမဝင်ပါဘူး။ သင့်ဖုန်းကို နောက်ထပ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဖုန်းရေစိုတာကို ခြောက်သွားဖို့အတွက် ဆန်အိုးထဲ၊ ဆန်ထဲထည့်ပြီး ဖြေရှင်းတဲ့နည်းက ယုံတမ်းစကားဖြစ်ပါတယ်။ ဆန်က သင့်ဖုန်းမှာရှိနေတဲ့ရေတွေကို မြန်မြန်ဆန်ဆန်ခြောက်သွားဖို့အတွက် စုပ်ယူမပေးနိုင်ပါဘူး။ ဆန်က အမှုန့်အမွှားတွေက ဖုန်းထဲစိမ့်ဝင်ပြီး ဖုန်းရဲ့အတွင်းထဲက အစိတ်အပိုင်းတွေကိုလည်း ပျက်စီးသွားစေနိုင်ပါတယ်။ ဖုန်းရေစိုတာ ခြောက်သွားဖို့အတွက် အခြားသူတွေ မထိနိုင်တဲ့နေရာမှာ တင်ထားပြီး သဘာဝလေနဲံ ခြောက်သွားအောင်ထားလိုက်တာက အထိရောက်ဆုံးနည်းပါပဲ။ သဘာဝလေနဲ့ မြန်မြန်ဆန်ဆန် ခြောက်သွားပါလိမ့်မယ်၊ဖုန်းရေစိုသွားရင် ဆန်ထဲမထည့်ဘဲ နောက်ထပ် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။ သင့်ဖုန်းကို ချက်ချင်းပဲ Power ပိတ်ထားလိုက်ပါ ။ ဖုန်းရေစိုသွားတဲ့အခါ ဖုန်းရဲ့လျှပ်စီးပတ်လမ်းကို မပျက်စီးသွားဖို့အတွက် […]
အိမ်မှာကြမ်းပိုးတွေ အလွန်သောင်းကျန်းနေလို့ စိတ်ညစ်နေရရင် လုပ်ကြည့်လိုက်ပါ…
အိမ်မှာ သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ အမျိုးပြုတ်အောင် လုပ်နည်း မိဘများက မိမိတို့ရဲ့ ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာကတည်းက ဝါးဖတ်တော် ကစီဓာတ်နဲ့လူဖြစ်အောင် ကျွေးမွေးလာခဲ့ကြတဲ့အပြင် ခြင်၊ ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ် ညကျရင် ကလေးအိပ်ရာထဲမှာ ကြမ်းပိုးရှာပေးရတာနဲ့ မအိပ်ရတဲ့ မိဘတွေရှိကြပါတယ်။ မေတ္တာပို့တဲ့အထဲမှာ ကြွက်၊ ခြင် ၊ ယင်၊ ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူတွေလဲရှိကြပါတယ်။ လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်း၊ ဘော်ဒါ၊ စာသင်တိုက်၊ မီးရထား၊ ထောင် စတာတွေမှာ ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်။ အဲဒီလောက်တောင် ဒုက္ခပေးနေတဲ့ ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုးသော ဆေးဝါးတွေနဲ့ အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်။ ခေါင်းမူးတာပဲ အဖတ်တင်ပါတယ်။ ကြမ်းပိုးသတ်ဆေးရောင်းသူတွေက […]









