အဲကွန်းသုံးစရာမလိုပဲ အေးမြနေစေမယ့် နည်းလမ်း (၆) ခု ခုရက်ပိုင်းအတွင်း ရာသီဥတုက မမှန်ပါဘူး။ ပူလိုက်၊ အေးလိုက်၊ မိုးရွာလိုက်တဲ့ တစ်ပတ်အတွင်းကို ရာသီဥတု (၃) မျိုးလုံး ခံစားနေရပါတယ်။ အေးတာကို အနွေးထည်တွေဝတ်၊ စောင်ထဲကွေးနေရုံနဲ့ ကာကွယ်လို့ ရပေမယ့် ပူတာကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ အဲ့ဒါကြောင့် အဲကွန်းမရှိလည်း ဘယ်လိုအေးအောင်နေလို့ရလဲ ဆိုတဲ့ အကြောင်းတွေကို love media ကနေ ပြောပြပေးသွားပါမယ်နော်။ ၁။ လက်ကောက်ဝတ် (သို့) လည်ပင်းနားကို ရေစိုဝတ်ကပ်ပါ လည်ပင်းနဲ့ လက်ကောက်ဝတ်နားမှာ ရှိတဲ့သွေးကြောတွေက တစ်ကိုယ်လုံးကို လည်ပတ်နေတာကြောင့် သွေးကြောတွေကို အေးစေခြင်းဟာလည်း သင့်ကိုအပူသက်သာစေမှာပါ။ ၂။ ချည်ထည်များဖြင့် အိပ်ပါ။ ချည်ထည်တွေဟာ အေးမြပြီးတော့ လေဝင်လေထွက် ကောင်းတာကြောင့် အိပ်စက်တဲ့အခါ ချည်နဲ့အိပ်တာက […]
ဗဟုသုတ
အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှ ထုတ်ယူလာပြီး သေဆုံးသူရဲ့အိမ်သို့ ပို့လိုက်သောအခါ
အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။ အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်… အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီးမျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ေ့ရှမှာပဲအလောင်းပြင်ပေးပါနော်တဲ့ ” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့. အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… […]
အိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့
ကျွန်တော့်ကားပျက် သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက် သွားလိုက်တယ်။ ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံ ပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်ပါတယ် … ။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန် ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ် လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။ ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ […]
ရောင်းကောင်းတဲ့ ဈေးဆိုင်ဖြစ်ဖို့အတွက်ဆိုရင် ဒီအချက်လေးတွေ သိဖို့လိုပါမယ်
ရောင်းကောင်းတဲ့ ဈေးဆိုင်ဖြစ်ဖို့အတွက်ဆိုရင် ဒီအချက်လေးတွေ သိဖို့လိုပါမယ် ကျွန်တော်တို့လူမျိုးတွေ သတိထားပြီး ပြင်ဆင်ရမယ့် ဈေးရောင်းနည်း ၇ ချက် တော်တော်များများလည်း သတိထားမိမယ်ထင်ပါတယ်… အခြားလူ တွေဆိုင်ဖွင့်တဲ့အခါ ဆိုင်ခွဲတွေ တစ်ဆိုင်ပြီးတစ်ဆိုင် ထပ်ထပ်ဖွင့်ကြတယ်…. မြန်မာတွေဆိုင်ဖွင့်တဲ့အခါ အရင်းပြုတ်ပြုတ်သွားကြတယ်…ဘာတွေ ကွာခြားနေလို့လည်းဆို လေ့လာကြည့်ကြရအောင်ပါ… ၁။ အလုပ်ချိန်တိကျတယ်။ ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှသာ နောက်ကျတတ်ပြီး နယ်အော်ဒါများတဲ့အခါ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။ နောက်နေ့ကူးရင် နောက်နေ့အော်ဒါတွေအတွက် အဆင်ပြေပြေလုပ်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ၂။ သူဌေးအလုပ်က ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး ခေါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။ စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့ ဆိုရိုးရှိတဲ့အတိုင်း ကိုယ်ဆိုင်မှာ ပစ္စည်းမပြတ်စေဖို့ နဲ့ ပစ္စည်းစုံစုံလင်လင်ရှိဖို့ အာရုံစိုက်တယ်။ ၃။ သူဌေးက အစ အလုပ်သမား […]
လူပျိုကြီး အပျိုကြီးသေဆုံးလျှင် ငှက်ပျောတုန်းထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်
onile ပေါ်မှာ အသက်၈၇ နှစ်အပျို ကြီး အခေါင်းထဲငှက်ပျောတုန်းထည့်ခြင်းနဲ့ပက်သက်ပြီး ထည့်ရတဲ့အနှစ်အစစ်ကို ပြောချင်လို့ပါ လူပျိုကြီး အပျိုကြီးသေဆုံးခြင်းနှင့် ငှက်ပျောတုံး မည်သို့ ပတ်သတ်ပါသနည်း ..? အားလုံးလိုလို ပြောဆိုစနောက်နေကြတဲ့ ဟာသစကားလေး တစ်ခွန်းကသေရင် ငှက်ပျောတုံးဖက်နေရမယ် နော် ဆိုတဲ့ ကျီစယ်မှုလေးကြောင့် တစ်ယောက်စ တစ်ရာဆိုသလို တစ်ယောက်က စလို့ သူစ ကိုယ်စနဲ့ လူပျိုကြီး အပျိုကြီးတွေအတွက် ငှက်ပျောတုံးက စ,စရာတစ်ခု ဖြစ်လာ ခဲ့တာထင်ပါတယ် ။သာမာန်အမြင်အယူအစအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊ ဒီဘဝ အိမ်ထောင် မကျပဲသေသွားရလို့နောက်နောင်ဘဝတွေ အတွက်အိမ်ထောင်ကျအောင်ဓာတ်ရိုက် ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ ။ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီနေ့လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့နေတဲ့ သေဆုံးသူနဲ့ အဖြစ်နဲ့ တင်ထားကြတာ တွေ့ရပြီး […]
လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့်ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ
လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည်။ ဘာကြောင့်မှန်းမသိခဲ့ပါ။ထုံးစံအရလုပ်သည်ဟုသာ နားလည်ထား၏။ ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နားထောင်ရင်းသဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက် ဖော်ပြလိုက်ပါသည်။တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှာ အခစားလုပ်သည့် သူရင်းငှားတစ်ယောက်ရှိသည်။ နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍ စိတ်ပျက်နေလေ၏။ တစ်နေ့၌ စဉ်းစားမိ၏။ လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည် “သူဌေး သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ လယ်တွေအများကြီးပါ။ ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူး လယ်တစ်ရှင်စာလောက်ပေးပါ။ လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့် တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။ သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။ “မင်းလိုချင်သလောက် ငါပေးမယ်။ ရော့ ဒီမှာ ငုတ်တစ်ချောင်း […]
“သူများထက် ရှေ့ရောက်ချင်ရင် ဒါတွေ မလုပ်မိပါစေနဲ့”
နေ့တိုင်း အလုပ်ကြိုးစားနေတာ နှစ်တွေလည်း ကြာလှပြီ။ ရည်မှန်းချက်တွေလည်း ရှိပါရဲ့။ ဒါပေမယ့် ကိုယ့်အခြေအနေက တခြားသူတွေနဲ့ ထူးမခြားနား ဖြစ်နေပြီဆိုရင် ကိုယ့်တက်လမ်းကို ထိခိုက်အောင် လုပ်နေမိတဲ့ အမှားလေးတွေ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ (၁) အပြောအဆို မလိမ္မာခြင်း နှုတ်ရေးရဲ့ အလုပ်ကို လျှော့မတွက်သင့်ပါဘူး။ လူက တော်ပါရဲ့သားနဲ့ ။ အပြောအဆိုမတတ်ရင် အထက်ရောက်ဖို့ ခက်ပါလိမ့်မယ်။ လူမှုဆက်ဆံရေးဆိုတာ အချင်းချင်းနားလည်အောင် ဆက်သွယ်တယ်ဆိုတာအပြင် တစ်ဖက်လူနဲ့ ကိုယ့်အကြားမှာ ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေ တည်ဆောက်တာလည်း ဖြစ်ပါတယ်။ (၂) သိချင်စိတ် နည်းခြင်း အောင်မြင်ချင်ရင် အလုပ်ပဲ ဖိလုပ်နေလို့ မရပါဘူး။ အလုပ်တစ်ခုကို ပိုလွယ်ပြီး ပိုထိရောက် အောင်မြင်အောင် လုပ်နိုင်မယ့် အဖြေရှာခြင်းဟာ ပိုပြီး အမျှော်အမြင်ရှိတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ […]
၃ မိနစ်ရေနွေးအိုးမှတဆင့် မီးလောင်ခြင်းမဖြစ်စေရန် သိသင့်သည်များ
၃ မိနစ်ရေနွေးအိုးမှတဆင့် မီးလောင်ခြင်းမဖြစ်စေရန် သိသင့်သည်များ ၃ မိနစ်အိုးကနေ မီးလောင်မှုတွေဖြစ်ခဲ့ဖူးတာကြောင့် မဖြစ်အောင် အားလုံး သတိထားနိုင်ဖို့ မျှဝေပေးပါတယ်နော်။ကျနော်တို့ နိုင်ငံတွင် ယခု အခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စုတိုင်းနီးပါး အသုံးပြုလာကြပါတယ်။ ဒီရေ နွေး အိုးမှာ ၁၀၀၀ဝပ် အသုံးပြုထားသော်လည်း အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်းကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာ ရောက်သလို security အဆင့်ဆင့် ခံတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းစေပါတယ်။ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်း အသုံးပြုနိုင်ရန် သူ့အကြောင်းကိုအကြမ်းဖျဉ်း တော့ သိထားရင် ပိုကောင်းပါမယ်။ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး ရေဆူလျင်တက်လာသည့် […]
လောကကြီးမှာ မည်သည့်အရာမှ အလကားမရပါ
အသစ်စက်စက် လက်ထပ်ထားတဲ့ လင်မယား နှစ်ယောက်ဟာ နောက်တစ်နေ့ မနက်မှာ မိဘတွေ လက်ဖွဲ့ထားတဲ့ တထပ်တိုက်လေးထဲက လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေ ကြတယ် ။ နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေဟာ အရမ်း ချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ် ။ နောက်ဆုံး လက်ဖွဲ့ အထုတ်ကို ဖေါက်လိုက်တဲ့အခါ အထုတ်ထဲမှာ စာအိတ်ဖြူ တခုကို တွေ့လိုက်ရတယ် ။ စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့ Live Show ပွဲတခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ် နှစ်စောင် ဖြစ်နေတယ် ။ အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်း ဈေးကြီးသလို […]
ရေတွင်းပျက်ထဲ ကျနေတဲ့ မြည်း
တစ်နေ့မှာ လယ်သမား တယောက်ရဲ့ မြည်းဟာ မတော်တဆ ရေတွင်းပျက်ထဲကို ပြုတ်ကျပါရော ။ မြည်းဟာ သနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံထုတ်နေ ခဲ့ပါတယ် ။ မြည်းဟာ အိုမင်းနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့ လိုနေပြီ ၊ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။ လယ်သမားဟာ အိမ်နီးနားချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ ကြတယ် ။ အစမှာတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် […]









