အခ်စ္နွင့္ဘဝ

ဝေးသွားးပြီးမှ ပြန်လိုချင်နေလို့မရဘူး

နာကျင်လွန်းလို့ ကျွန်မ ငိုကောင်း ငိုနိုင်ပါတယ် ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းလဲ ဒေါသထွက်ကောင်းထွက်နေနိုင်တယ် အချိန်တွေ ဖြုန်းခဲ့မိလို့ နောင်တတွေ ရနေတာလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မယ် ဘာပဲ ဖြစ်ဖြစ်ပါ လမ်းခွဲမယ်လို့ ဆုံးဖြတ်ပြီးသွားရင် နောက်ပြန်လုံး၀ ငဲ့မကြည့်နဲ့ ကျွန်မ သေချင်သေသွားပါစေ လုံး၀နောက်ပြန်လှည့်မလာနဲ့ကျွန်မဆိုတာ အသနားခံ သတ္တဝါတစ်ကောင် မဟုတ်ဘူး မိန်းကလေးတစ်ယောက်မှာ မာနဆိုတာရှိတယ် သိပ်ချစ်မိတဲ့အခါ အဲ့ဒီမာနတွေက မရှိသလောက်ဖြစ်နေပေမယ့် သိပ်မုန်းမိသွားတဲ့ အဲ့ဒီမရှိတဲ့မာနတွေကပဲ မိုးထိုးတဲ့အထိ ဖြစ်သွားတတ်တယ် ဒါသဘာ၀ပါ သိပ်ချစ်လွန်းလို့ နှလုံးသားက တောင့်တနေရင်တောင် ဦးဏှောက်က ဘယ်လိုနည်းနဲ့မှ လက်သင့်ခံတော့မှာ မဟုတ်ဘူး တိုက်ဆိုင်မှုတွေရှိလာလို့ သတိရချင်တဲ့အခါ ရမယ် ဒါပေမယ့် ပြန်လိုချင်တာမျိုးမဟုတ်ဘူး ဘယ်လောက်ပဲ ချစ်ချစ်ပါ ကိုယ့်ကို မလိုချင်တော့တဲ့လူမျိုးတစ်ယောက်ကို ပြန်ပြီးလက်သင့်ခံဖို့ဆိုတာ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့အရာလေ ဒါကြောင့် […]

အခ်စ္နွင့္ဘဝ

လွယ်လွယ်ရရင် . . .လူတွေက တန်ဖိုးထားရကောင်းမှန်း နားမလည်ကြတော့ဘူး

လွယ်လွယ်ရရင် . . .လူတွေက တန်ဖိုးထားရကောင်းမှန်း နားမလည်ကြတော့ဘူး အဲ့ဒီအထဲမှာ အချစ်နဲ့ စေတနာတွေ ထိပ်ဆုံးက ပါတယ် ။ ကိုယ်က လိုမယ်ထင်လို့ပေးလိုက်ပေမယ့် တစ်ဖက်က ပေါနေလို့ပေးတယ်လို့လွယ်လွယ်လေး သဘောထားလိုက်ကြတာလေ..၊ တန်ဖိုးရှိပါလား တန်ဖိုးထားရမှာပါလို့ မတွေးမိတော့ဘူး ဒါပေမယ့် …ဝမ်းမနည်းပါနဲ့ ကိုယ့်မေတ္တာတွေ စစ်မှန်ရင် တစ်နေ့ကျရင်ရောင်ပြန်လာမှာပါ..။ ရောင်ပြန်လာမယ်ဆိုတာ ကိုယ်ပေးလိုက်တဲ့လူဆီကနေ ပြန်ပြီး တန်ပြန်လာလိမ့်မယ်လို့တော့ တစ်ထစ်ချကြီး မတွေးစေချင်ဘူး သေချာပေါက် တန်ပြန်လာပါလိမ့်မယ် ကိုယ်ပေးလိုက်တဲ့လူဆီက ဖြစ်ချင်မှ ဖြစ်မှာပေါ့..၊ လူတွေကို တစ်ခုတော့ သိစေချင်တယ် အကူအညီပေးလိုက်တယ်ဆိုတိုင်း အရမ်းကို အဆင်ပြေနေလို့မဟုတ်ပဲ တစ်ခါတစ်လေကိုယ်ကိုယ်တိုင် ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ..။ ကိုယ်က သူအဆင်ပြေပါစေတော့ဆိုပြီး ကူညီလိုက်ပေမယ့် နောက်ဆုံး တကယ်အဆင်မပြေဖြစ်သွားတာက ကိုယ်ကိုယ်တိုင်ဖြစ်သွားတယ်ဆိုတဲ့စကား သိပ်ကိုမှန်ပါတယ် အဲ့လိုပုံစံမျိုးနဲ့ ဘဝမှာ […]

အခ်စ္နွင့္ဘဝ

ယာဉ်တိုက်မှုကြောင့် မင်္ဂလာဆောင်ခဲ့မှန်း သတိမရတော့တဲ့ ဇနီးအတွက် ဒုတိယမင်္ဂလာပွဲကို စီစဉ်ပေးခဲ့တဲ့ ခင်ပွန်း

လူတိုင်းအတွက် စစ်မှန်တဲ့ လက်ထပ်ခြင်းက သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီး၊ သတို့သား၊ မိသားစုဆွေမျိုး နဲ့ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ စုံစုံလင်လင်ပါဝင်မှသာ လက်ထပ်ယူချင်းလို့ခေါ်ပါတယ်။ အဲ့ဒီနေ့တွေမှာဆိုသတို့သား၊ သတို့သမီးတွေက သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ အခြားသောသူတွေအတွက် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဝေမျှပေးကြပါတယ်။ လက်ထပ်ယူခြင်းဟာ လူတွေတွက် တစ်သက်မှာတခါသာ ကြုံတွေ့ရတာကြောင့် မင်္ဂလာဆောင်တဲ့နေ့ကို မကြာခဏ ပြန်ပြီးခံစားချင်ကြတယ်။ဒါပေမဲ့ ကိုယ့်ရဲ့ထိမ်းမြှားမင်္ဂလာဆောင်ခဲ့တဲ့နေ့ကို မမှတ်မိတော့တဲ့အခါမှာ ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြပေးမှာပါ Justice နဲ့ Jeremy Stamper ဟာ ကျောင်းသားဘဝအသက်10နှစ်အရွယ်မှာ ဆုံတွေ့ခဲ့ကြတာပါ။ သူတို့တွေ အချိန်အနည်းငယ်သာတွဲကြပြီး အဲ့ဒီနောက် သြဂုတ်လ 1ရက်နေ့မှာ လက်ထပ်ယူခဲ့ကြပါတယ်။ သူတို့ရဲ့ Honeymoon ခရီးလည်းဖြစ်တဲ့ Smoky တောင်မှာ သွားရောက် မင်္ဂလာဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး 19ရက်နေ့အတွင်းမှာဘဲ Jeremyက […]

အခ်စ္နွင့္ဘဝ

လမ်းခွဲချိန်မှာ ဘယ်သူကပိုပြီးခံစားရတာလဲ

လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရမှာတော့ အနည်းနဲ့ အများပါပဲ။ မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်ပြီးစိတ်ဝင်စားတတ်ကြပါတယ်။   လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါတယ်လို့တော့မထင်မိပါဘူး။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား။ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။ တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဘယ်သူက […]

အခ်စ္နွင့္ဘဝ

26 နှစ်နဲ့ 32 နှစ်ကြားမှာ ဘာကြောင့် လက်ထပ်သင့်တာလဲ

အသက် 26 နှစ် မှ 32 နှစ် ကြား အရွယ်က လက်ထပ်ဖို့ အသင့်တော်ဆုံး အရွယ် ဖြစ်ပါတယ်။ ဒီအသက်အပိုင်းအခြားမှာ ယူဖြစ်ကြတဲ့ စုံတွဲ အများစုက အိမ်ထောင်ရေး ပြိုကွဲနိုင်ခြေ နည်းပါးပါတယ်။ အသက် 20 မတိုင်ခင် အိမ်ထောင်ကျတဲ့ သူတွေနဲ့ အသက် 35 ကျော်မှ ဝက်သက်ပေါက်တဲ့ သူတွေကျတော့ ပြတ်စဲနိုင်ခြေ ကွဲကွာနိုင်ခြေ ပိုများလေ့ ရှိကြပါတယ်။ သစ်ရွက် လှုပ်တာနဲ့ ရင်တွေ ဟပ်ဟပ်ထိုး ခုန်တဲ့အရွယ် 20 မရောက်ခင်မှာ… အချစ်ကို ဘဝလို့ ထင်မှတ်ပြီး ကိုးကွယ်မယ်။ ပညာရေးက တစ်ပိုင်းတစ်စ မိဘ စိတ်ကျေနပ်အောင် ဘာတစ်ခုမှ လုပ်မပြနိုင်သေး။ အိမ်မှာဆို စားပြီးသား ပန်းကန်တောင် မဆေး။ ကိုယ့်အဝတ်တောင် […]

အခ်စ္နွင့္ဘဝ

မိန်းမကောင်း တစ်ယောက် ပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများ

၁။ သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။ အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။   ၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။ ၁။ သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။ အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။ ၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။ အရည်အချင်းရှိတဲ့မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို […]

အခ်စ္နွင့္ဘဝ

မိန်းကလေးတွေ အချစ်ရေးမှာ လုပ်မိတတ်ကြတဲ့ အမှား (၆) ခု

လူတိုင်း တစ်နေ့မှာ မလွှဲမသွေ ကြုံရတဲ့အထဲမှာ အချစ်ရေးကလည်း ပါဝင်နေပါတယ်။ လူနှစ်ယောက် ချစ်တယ်ဆိုတာထက် အချစ်ရေးမှာ ရှုပ်ထွေးနေတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။ မိန်းကလေးတွေ အများစုကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် စိတ်နုပြီး အမှားတွေလည်း လုပ်မိနေတတ်ကြပါတယ်။ မိန်းကလေးတွေ အများစု အချစ်ရေးမှာ လုပ်မိနေတတ်တဲ့ အမှားတွေကတော့…. ၁။ အလျင်စလိုနိုင်ခြင်း။ ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ ချစ်ရေးဆိုတဲ့ ပုံစံတွေက ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲမှုမှာ လွယ်လွယ် ချစ်ခွင့်ပန်တဲ့သူတွေလည်း ပိုပြီး များလာပါတယ်။ တစ်ယောက်ပြီး ချစ်ခွင့်ပန်နေတတ်တဲ့ ကောင်လေးက အွန်လိုင်းမှာ ကိုယ့်ကို ချဉ်းကပ်ပြီး ကိုယ်ကို စဉ်းစားချိန်တောင် မပေးဘဲ အတင်း အဖြေတောင်းတာမျိုးကို လိုက်လျောမိတာမျိုးလည်း ရှိနေပါတယ်။ ဒီလို လွယ်လွယ်စတင်တဲ့ အချစ်ရေးက […]

အခ်စ္နွင့္ဘဝ

ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပါ

ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပြီး မေ့ပစ်ပါ…ကိုယ့်ဘေးနားမှာ မရှိတော့တဲ့သူတစ်ယောက်၊ ကိုယ့်ကို ထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေတတ်ကြတယ်။ အဲ့လိုအချိန်တွေက ခံစားရဆုံးပါ။ သတိရလွန်းလို့ ငိုမိရင်လည်း ငိုမိမယ်။ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော် …။ အိမ်မှာချည်းပဲ မနေပါနဲ့….တစ်စုံတစ်ယောက်ကို သတိရနေတာက အိမ်မှာပဲ တံခါးလော့ချပြီးနေနေလို့ပါ။ အဆိုးဆုံးကတော့ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားတာပါပဲ။ အိမ်မှာနေနေရင် ပိုပြီးသတိရတတ်တယ်။ အဲဒါကြောင့် တစ်စုံတစ်ယောက်ကို သတိမရအောင်ဆိုရင် အပြင်ထွက်ပေး၊ GYM ဆော့ပေးပါ။ အိမ်မှာပဲနေလိုက်ရင် တစ်စုံတစ်ယောက်ကို သတိရစိတ်က ပိုပြီး တိုးလာရုံပဲ ရှိပါတယ် …။ သူငယ်ချင်းတွေနဲ့ အတူရှိနေပါ….တစ်စုံတစ်ယောက်ကို သေလောက်အောင် သတိရနေရင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ပါ။ သင့်ရဲ့သူငယ်ချင်းတွေကလည်း သင်အတွက် အမြဲရှိနေပေးမှာပါ။ သူငယ်ချင်းတွေနဲ့အတူရှိနေလိုက်ရင် သူ့ကို […]

အခ်စ္နွင့္ဘဝ

ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုမခံရဖို့ မိန်းကလေးတိုင်းသိထားသင့်တဲ့အချက်များ

မိန်းကလေးတွေအနေနဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာတဲ့အခါ သူဟာ ကိုယ့်ကိုချစ်လို့ချဉ်းကပ်လာတာလား၊ ကိုယ့်ကိုအပျော်တွဲချင်တာလား၊ ဘာရည်ရွယ်ချက်နဲ့ကိုယ့်အနားရောက်လာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။ ဒါတွေကို သေချာနားမလည်ဘူးဆိုရင်တော့ ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုခံရနိုင်ပြီး ကိုယ့်ဘဝမှာကမောက်ကမတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ယောကျာ်းတစ်ယောက်ရဲ့ ကစားတာမခံရအောင် သူကိုယ့်အနားရောက်လာတာဟာ ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်လာသလဲဆိုတာကို သိအောင်လုပ်ပါ။   (၁) လက်ရှိအချိန်ကိုပဲအာရုံစိုက်တာလား၊ အနာဂတ်အတွက်အစီအစဉ်ရှိသူလား ယောကျာ်းတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာပြီဆိုရင် သူဟာ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။ ချစ်သူရည်းစားတွေအဆင့်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သူရဲ့အပြုအမူတချို့ကို လေ့လာဖို့လိုပါတယ်။ သူဟာ သင်နဲ့အတူရှိတဲ့အချိန်တွေမှာပျော်ရွှင်နေတယ်၊ သူနဲ့တွေ့တဲ့အချိန်တွေမှာ သင့်ကိုပျော်အောင်ထားတယ် ဒါပေမယ့် အနာဂတ်အတွက်တော့ ဘာမှစဉ်းစားထားခြင်းမရှိဘူး၊ သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ သင်နဲ့မဆွေးနွေးဘူးဆိုရင်တော့ သင့်ကိုအပျော်သဘောနဲ့ပတ်သက်တာဖြစ်ဖို့များပါတယ်။ (၂) ကိုယ်အဆင်ပြေတဲ့အချိန်မှကိုယ့်အနားရှိတာလား၊ အချိန်တိုင်းကိုယ့်အတွက်ရှိနေတာလား သူဟာ ဘယ်လိုအချိန်တွေမှာသင့်အနားရှိတတ်သလဲဆိုတာကြည့်ပါ။ သင်အဆင်ပြေနေတဲ့အချိန်၊ ဘာပြဿနာမှမရှိတဲ့အချိန်တွေမှာ သင့်အနားရှိနေတတ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အချိန်၊ ပြိုလဲနေတဲ့အချိန်မှာ ပေါ်မလာဘူးဆိုရင်တော့ အဲ့ဒီလိုလူမျိုးအတွက် […]

အခ်စ္နွင့္ဘဝ

ယောင်္ကျားတယောက်အပေါ် မိန်းမတယောက်ရဲ့ မျှော်လင့်ချက်

၁။ ယောက်ျားတယောက်ရဲ့ ကြင်နာစွာပြောသောစကားသံသည် မိန်းမတယောက်ကိုနွေးထွေးစေသည်။ ၂။ ယောက်ကျားတယောက်ရဲ့ ထွေးပွေ့မှုသည် မိန်းမတယောက်ကို လုံခြုံစေသည်။ ၃။ ယောက်ျားတယောက်ရဲ့ နားလည်ပေးမှုသည် မိန်းမတယောက်ကို စိတ်ချမ်းသာစေသည်။ ၄။ ယောက်ျားတယောက်ရဲ့ တည်ကြည်ဖြောင့်မတ်မှုသည် မိန်းမတယောက်ကို ဆွဲဆောင်မှုအပြည့်ဖြစ်စေသည်။   ၅။ ယောက်ျားတယောက်ရဲ့ အခွင့်အရေးမယူခြင်းသည် မိန်းမတယောက်ကို လေးစားစေသည်။ ၆။ ယောက်ျားတယောက်ရဲ့ ခေါင်းဆောင်နိုင်မှုသည် မိန်းမတယောက်ကို အားကိုးလိုစိတ်ဖြစ်စေသည်။ ကျွန်တော်တို့ယောက်ျားများသည် ချစ်သည်ဆိုသောစကားများပြောနေရုံနဲ့မပြီး ချစ်တတ်ဖို့လည်းအများကြီးကြိုးစားရပါဦးမည်။ Unicode ယောင်္ကျားတယောက်အပေါ် မိန်းမတယောက်ရဲ့ မျှော်လင့်ချက် ၁။ ယောက်ျားတယောက်ရဲ့ ကြင်နာစွာပြောသောစကားသံသည် မိန်းမတယောက်ကိုနွေးထွေးစေသည်။ ၂။ ယောက်ကျားတယောက်ရဲ့ ထွေးပွေ့မှုသည် မိန်းမတယောက်ကို လုံခြုံစေသည်။ ၃။ ယောက်ျားတယောက်ရဲ့ နားလည်ပေးမှုသည် မိန်းမတယောက်ကို စိတ်ချမ်းသာစေသည်။ ၄။ ယောက်ျားတယောက်ရဲ့ တည်ကြည်ဖြောင့်မတ်မှုသည် မိန်းမတယောက်ကို […]