အခ်စ္ေရး

ကိုယ့်ချစ်သူကို တစ်ချက်မျက်နှာမညိုးစေချင်တတ်တဲ့ ကောင်လေးတွေရဲ့အပြုအမူများ

ကိုယ့်ချစ်သူကို တစ်ချက်မျက်နှာမညိုးစေချင်တတ်တဲ့ ကောင်လေးတွေရဲ့အပြုအမူများ လူတစ်ယောက်ကို ချစ်မိတဲ့အခါ သူ အနာတရလေး ဖြစ်သွားရင် ကိုယ်က ရင်နာရတာကို ချစ်ဖူးသူတိုင်း သိကြမှာပါ။ဒီလိုမျိုးခံစားချက်က ကောင်မလေးတွေထက် ကောင်လေးတွေမှာ ပိုပါတယ်။ကောင်လေးတွေက ရင်ထဲမှာနင့်အောင် ချစ်မိသွားတာနဲ့ ကိုယ့်ချစ်သူကို အပျော်ရွှင်ဆုံး ဖြစ်နေအောင်ပဲ ထားချင်တတ်ကြပါတယ်။ကိုယ့်ချစ်သူမျက်နှာလေး ညိုးသွားရင်တောင် စိတ်မကောင်းဖြစ်တတ်တဲ့ ကောင်လေးတွေမှာတော့ အခုလို အပြုအမူတွေကို တွေ့ရမှာပါနော် …။ (၁) တောင်းပန်ဖို့ ဝန်မလေးဘူး ကိုယ့်ချစ်သူကို တန်ဖိုးထားရတဲ့ ကောင်လေးတွေက ကိုယ် အမှားလုပ်မိလို့ ချစ်သူ စိတ်ဆိုးသွားရင် မနေတတ်ကြပါဘူး။ချစ်သူက ကိုယ့်ကို စိတ်ဆိုးနေရပြီး စိတ်ညစ်နေရတာကိုလည်း မကြည့်ရက်ကြပါဘူး။ဒါကြောင့် အမှားတွေကို ဝန်ခံပြီး တောင်းပန်တတ်ကြပါတယ်။ ချစ်သူနဲ့ ရန်ပြိုင်ဖြစ်တာမျိုးကို ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။မကျေလည်ရင်တောင် လေသံအေးအေးနဲ့ ရှင်းပြပြီး ချစ်သူကို စိတ်ပြေစေတတ်တဲ့သူမျိုး ဖြစ်ပါတယ် […]

အခ်စ္ေရး

အမျိုးသမီးအများစု ယောကျာ်းတွေကို ဘယ်တော့မှ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက် (၄) ချက်

အမျိုးသမီးအများစု ယောကျာ်းတွေကို ဘယ်တော့မှ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက် (၄) ချက် ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတ တ်ပါတယ်။ တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွနု ်ပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေအနေနဲ့ အမှန်အတိုင်း ဖွင့်ပြောလို့မရှိတဲ့ အရာ (၄) မျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ (၁)သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက် သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် […]

အခ်စ္ေရး

ယောကျ်ားတွေ တောင့်မခံနိုင်တဲ့မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာများ…

မိန်းကလေးတွေ ဆွဲဆောင်မှု ရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကို ရိုးရှင်းလွန်ပါတယ် …။ တချို့သူတွေကတော့ ကိုယ်မွေးကတည်းက ပါလာတဲ့အရာကို ထုတ်မသုံးတတ်ကြတာပါ …။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှု အရှိစေဆုံးသော အရာတွေကတော့ ဒီမှာပါနော် …။ (၁) နှုတ်ခမ်း ကိုက်တာ” မိန်းကလေးတွေ နှူတ်ခမ်းကိုက်လိုက်တာဟာ ယောင်္ကျားလေးတစ်ယောက်ရဲ့ မေတ္တာတင်မကပဲ နှုတ်ခမ်းတစ်စုံက အာရုံ စူးစိုက်မှုကိုပါ ရရှိစေနိုင်ပါတယ် …။ (၂) နူးညံ့တဲ့ အသားအရည်” အသားရည် နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိပါဘူး …။ ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိူးတွေက ခန္ဓာကိုယ် အမွှေးတွေကို ရိပ်သိမ်းခဲ့ကြတာပါ …။ (၃) ဆံပင်ကို ရှင်းလင်းနေအောင် ချည်ထားတာ” လည်ပင်းနဲ့ နားရွက်ပေါ်အောင် ဆံပင်စည်းထားတာလေးကလည်း မိန်းကလေး […]

အခ်စ္ေရး

အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက် သိထားဖို့လိုမယ်

အချစ်ရေးကိစ္စတွေကို အထာကျကျ ဆရာကျကျ ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့… ၁။ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသပါ။ နေ့ရက်တိုင်းမှာ အကောင်းဆုံးချစ်ပါ။   ၂။ နှလုံးသားကို မကစားမယ့် ကတိသစ္စာတည်တဲ့ လူမျိုးအပေါ်မှာပဲ ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံပါ။   ၃။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးပြီး အလေးပေးဂရုစိုက်တဲ့သူတွေအတွက် ဘဝအတွက်အချိန်ပေးပါ။   ၄။ အခြားလူတွေရဲ့ အချစ်ရေးနဲ့ ကိုယ့်ရဲ့အချစ်ရေးကို နှိုင်းယှဉ်နေတာမျိုးကို ရှောင်ကြဉ်ပါ။ ချစ်သူရဲ့ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပါ။   ၅။ မာနကို Relationship ထက်ပိုပြီး နေရာပေးတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာဖြစ်လာတဲ့အခါ မေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းပါ။   ၆။ ချစ်သူရဲ့ လိုအပ်ချက်တွေကို မြင်ပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါ။ အလိုက်သိတတ်ခြင်းဟာ ချစ်ခြင်းရဲ့ အခြေခံသဘောတရားဖြစ်တယ်ဆိုတာကို သိထားပါ။ […]

အခ်စ္ေရး

မမျှော်တော့ပါဘူး … တကယ် မမျှော်တော့ပါဘူး

ကိုယ့်အနားမှာ မပျော်တော့လို့ အတင်းပြေးထွက်သွားတဲ့ခြေထောက်ကို ကျွန်မကို ချစ်ရင်ဆိုတဲ့ စကားတွေနဲ့ မချုပ်ချင်တော့ဘူး … ပျော်မယ့်အရပ်ကို သွားမယ့်လူလဲ သွားပါစေ … ကိုယ်လဲ အဆင်ပြေသလိုလေး ကျန်ခဲ့မယ်လို့ပဲ တွေးတယ် … အရင်က … အရင်က … ဒီလိုစိတ်တွေ မထားခဲ့နိုင်ခဲ့တုန်းက အတွေးတွေထဲမှာ ခဏခဏ ၀မ်းနည်းဖူးတယ် ။ နေ့မှ ညမှ မဟုတ်ဘူး အဲ့ဒီအတွေးတွေ ၀င်လာတဲ့အခါတိုင်း မျက်ရည်နဲ့ မျက်ခွက်ပဲ …အဲ့ဒီရက်တွေတုန်းက မပျော်မှန်းသိပေမယ့် ကိုယ့်အနားမှာရှိနေရုံနဲ့တင် ဖြစ်ပါတယ်ဆိုတဲ့အတွေးနဲ့ ​ကျောခိုင်းဖို့ ကြံနေတဲ့သူကို အတင်းဖက်တွယ်ထားခဲ့ဖူးတယ် ။ လက်တွေ ရင်တွေ နာနာနဲ့ပေါ့ ။ တကယ်ဆို အဲ့ဒီအချိန်ကတည်းကနေ လက်လွှတ်ပေးလိုက်ဖို့ တွေးရမှာ ။ မမျှော်တော့ဘူး … တကယ်ကို မမျှော်တော့ပါဘူး […]

အခ်စ္ေရး

သိပ်ချစ်တတ်လွန်းတဲ့သူကို ခဏခဏ အနိုင်မယူပါနဲ့

သိပ်ချစ်တတ်လွန်းတဲ့သူကို ခဏခဏ အနိုင်မယူပါနဲ့ သူက ငါ့ကို သိပ်ချစ်တာပဲလေ ဘယ်တော့မှ ပစ်မသွားပါဘူးဆိုတဲ့အတွေးမထားနဲ့ အချစ်ကြီးတာကိုပဲ မမြင်ပါနဲ့ အနောက်မှာ အမျက်လဲ ကြီးတတ်တယ် … သိပ်ချစ်တယ်လို့ တဖွဖွပြောနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ပြီး ဂရုစိုက်ပေးဖို့ သတိရပေးပါ လိုအပ်တယ်လို့ပြောနေတုန်းမှာ နဲနဲလေးပဲဖြစ်ဖြစ် အလေးထားပေးပါ မျက်ရည်တွေနဲ့ ဆွဲနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးပါ ။ သူ င့ါကို ချစ်တာပဲ ငါ ဘာလုပ်လုပ် သူခွင့်လွှတ်နေမှာပါဆိုပြီး တစ်ယူသန်ကြီး မတွေးထားနဲ့ လူတစ်ယောက်ဆိုတာ အသွေးနဲ့ အသားနဲ့တည်ဆောက်ထားတာလေ ဘယ်လောက်နူးညံ့တဲ့ စိတ်ထားပဲ ဖြစ်ဖြစ် ဘယ်လောက် ချစ်တတ်တဲ့ နှလုံးသားပဲ ဖြစ်ဖြစ် နာကျင်လွန်းလာတဲ့အခါ အချိန်အတိုင်းအတာ တစ်ခုထိ နာကျင်လာရတဲ့အခါ ထုံအသွားတတ်တယ် ဒါမှ မဟုတ် မာကျောသွားတတ်တယ် ။ […]

အခ်စ္ေရး

သင်တကယ်ချစ်တဲ့သူနဲ့ တွေ့နေပြီဆိုတာ ဖော်ပြနေတဲ့အချက်များ

ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်တောင် ချစ်ခြင်းနှစ်ခု ထပ်တူကျဖို့ကလည်း မလွယ် ပါဘူးနော်။ ပိုပြီးမလွယ်တာက ချစ်သူနှစ်ဦး ဆက်ဆံရေး တည်မြဲဖို့ဆိုတာပါပဲ။ ချစ်သူနှစ်ဦး ချစ်တာထက် နားလည်မှုရှိမှသာ ရေရှည်လက်တွဲသွားနိုင်မှာ ဖြစ်တယ်။ ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး သင့်အတွက်ရော သူ့ အတွက်ပါ ကောင်းမွန်တဲ့လက်တွဲဖော်ချစ်သူအစစ် အမှန်ကို ရှာတွေ့နေပြီဆိုတဲ့ လက္ခဏာရပ်တွေကို စာဖတ်ပရိသတ်တို့အတွက် မျှဝေပေးချင်ပါတယ်။ သူ့ကို မြင်မြင်ချင်း သတိထားမိတယ်။ သူ့ကို ပထမဆုံး စတွေ့တုန်းက သူက သင့်ကို တစ်ခုခု ခံစားရစေတယ်။ သူ့ရဲ့ အပြုအမူတွေက သင့် အတွက် ထူးခြားနေတယ်။ စွဲဆောင်ထားတယ်ဆိုရင် သင့်ချစ်ရမယ့် ကောင်မလေးတစ်ယောက်ကို သင် ရှာတွေ့နေပါပြီ။ သူ့ရဲ့ ပြောဆိုဆက်ဆံပုံတွေကို သင် စွဲလန်းမိနေတယ်ဆိုရင် သင်သူ့ကို ချစ်မိတော့မှာဖြစ်သလို ချက်ချင်းလည်း ချစ်သွားနိုင်ပါတယ် သင်ရဲ့ […]

အချစ်ရေး

အချစ်ရဲ့ ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့ အဖြစ်

အချစ်ရဲ့ ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့ အဖြစ် ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုသားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။သားလေးလည်း အလွန်လိမ္မာပါတယ်။အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။ ဒီလိုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကိုရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကိုပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲအိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။ ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကိုသတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။ အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကိုသတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်ဘယ်လောက်အားကျလိုက်မလဲဆိုတာတွေးတောပြီး […]

အချစ်ရေး

ဒီလို ချစ်သူ “ကိုကို” တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက ကံအကောင်းဆုံးပါ

မိန်းကလေးတိုင်း ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင် အချစ်ရေးမှာ ပျော်ရွင်ရပြီး စိတ်ချမ်းသာနေတဲ့သူလေးတွေပါ။ သင့်မှာ ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ရတယ်ဆိုရင် ကံကောင်းတဲ့သူလေးပဲဖြစ်တယ်။ ၁-အားကိုးရတဲ့ ‘ကိုကို’ မျိုး သင်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် ‘ကိုကို’ မျိုးရှိနေပြီးလား။ သင်ရဲ့အခက်အခဲတစ်ဝက်ကို ကူထမ်းပေးတတ်တဲ့ ‘ကိုကို’ မျိုးက အားကိုးရတဲ့ ‘ကိုကို’ မျိုးပါ။ သင့်စိတ်ညစ်စရာတွေကို မျှဝေခံတတ်တယ်။ သင့်မသိတဲ့အကြောင်းတွေကို သေချာရှာပြီး စိတ်ရှည်ရှည်ရှင်းပြတတ်တယ်။ သူ့ကို သင့်ဘဝတစ်လျှောက်လုံးစာအတွက် အားကိုးနိုင်လောက်တဲ့ယောကျ်ားတစ်ယောက်အဖြစ်နေတယ်။ သင့်အပေါ်ကို ကလေးဆန်တဲ့အတွေးတွေမရှိသလို လူကြီးဆန်ဆန်ပဲ ဆုံးမတတ်တယ်။ ၂-အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုး အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုးဆိုတာ ကလေးဆိုးဆိုးနေတတ်တဲ့ သင့်ကို အမြဲအလျော့ပေးတတ်တာမျိုးပါ။ သင့်ကို စကားနဲ့တောင် အနိုင်မယူတတ်ပါဘူး။ သင့်ဘယ်လောက်ပဲဆိုးဆိုး အပြစ်မမြင်ဘဲ အလျော့ပေးတတ်တယ်။ […]

အခ်စ္ေရး

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်

မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။ ၁- ထစ်ခနဲ့ရှိ စိတ်ကောက် ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။ ချော့ရလွန်းလို့ […]