သတိရရင် ဖုန်းဆက်လာမှာပေါ့ဆိုတဲ့ အတွေးနဲ့ စောင့်ခဲ့ရပေါင်းလဲ များပါပြီ ။ ညနက်ခဲ့ပေါင်းလဲ များပါပြီ ။ အိပ်ပျော်ခဲ့ပေါင်းလဲ များပါပြီ ။ အဲ့ဒီများခြင်းတွေနောက်မှာ ဖုန်းလေးတစ်ချက်မှ ဆက်မလာ ခေါ်မလာခဲ့ဘူး ။စိတ်ဆိုး စိတ်ကောက်ဖို့ထက် အဆင်ပြေရဲ့လား ဆိုတဲ့ စိတ်ပူမှုတွေနဲ့ နောက်ဆုံး ဖုန်းစဆက်ရတဲ့သူဟာ ကိုယ်ပဲ ဖြစ်နေခဲ့ပါတယ် သူ မအားလို့နေမှာပါဆိုတဲ့ ဖြည့်ပြီးတွေးရတာလဲ အခါခါပါ ။ ကိုယ့်ဘက်ကပဲ အစွဲအလမ်းကြီးနေလို့ ဖြစ်မှာပါ စိတ်ထင်နေလို့နေမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာလဲ အခါခါပါ ။တကယ်တော့ လူတစ်ယောက်ရဲ့ အားခြင်း မအားခြင်းဆိုတာ အမြဲတမ်း အလုပ်များခြင်း မများခြင်းနဲ့ မသက်ဆိုင်ပါဘူး ။ ကိုယ့်ဟာ သူ့အတွက် အရေးပါခြင်းမပါခြင်းနဲ့ အများကြီးသက်ဆိုင်ပါတယ် ။ အလုပ်တွေများနေတာပါဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ မအားလို့ပါဆိုတဲ့ message […]
အခ်စ္ေရး
အချစ်ဆိုတာဘာလဲလို့မေးရင် ခဗျားပေါ့လို့ တိုးတိုးလေးဖြေမယ်…
အိပ်မက်ရယ်လို့အများကြီးတော့မရှိပါဘူး ကျွန်တော်က လူသားလေးတစ်ယောက်ကိုစောင့်နေတယ် ထိုလူသားဟာ ကျွန်တော့်ကိုချစ်ပြီး ကျွန်တော်က သိပ်ချစ်ရမဲ့ ကျွန်တော့်နဲ့ အဆုံးထိ အတူရှိပေးမဲ့လူသားလေးဖြစ်ရမယ် ။ ကျွန်တော့်အနာဂတ်လေးနဲ့ တွေ့တဲ့အချိန်ကျရင်ဘယ်လောက်ကြာကြာစောင့်နေခဲ့ရကြောင်းနဲ့ ကျွန်တော့် အတိတ်ရဲ့ ဒဏ်ရာတွေရော ပျော်စရာတွေရော မခြွင်းမချန်ပြောပြမယ် ။ လူတချို့ကြောင့်ကျခဲ့တဲ့ မျက်ရည်တွေကို ထိုလူသားလေးအပြုံးနဲ့ကုစားမယ် လက်ချောင် လေးတွေကို ဆုပ်ကိုင်ပြီး တောင်တန်းတွေရှိတဲ့အရပ်ကိုအလည်သွားမယ် ။ အချိန်ရတဲ့ညတွေမှာ ကြယ်တွေကြည့်ရင်း ကြယ်တွေထက် ပိုလှနေမယ့် ခဗျားမျက်နှာလေးကိုခိုးငေးမယ် ။ ပန်းရနံ့တွေထက် ခဗျား ကိုယ်သင်းနံ့လေးကို ပိုနှစ်သက်ကြောင်း ကော်ဖီတွေထက် ခဗျားအပြုံးချိုချိုလေးကို ပိုသဘောကျကြောင်း ကပ်တိုးလေး ချွဲဦးမယ် ။ အချစ်ဆိုတာဘာလဲလို့မေးရင် ခဗျားပေါ့လို့ တိုးတိုးလေးဖြေမယ် ။ နောက်ဆုံးအနေနဲ့တော့ ခဗျားနဲ့ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်မယ်ပေါ့ ။ Credit Zawgyi အိပ်မက်ရယ်လို့အများကြီးတော့မရှိပါဘူး […]
ခွင့်လွှတ်ပေးရတာတွေ နားလည်ပေးရတာတွေကြားမှာ ပင်ပန်းနေပါပြီ …
ခွင့်လွှတ်ပေးရတာတွေ နားလည်ပေးရတာတွေကြားမှာ ပင်ပန်းနေပါပြီ … အမှားတွေရှိလာတဲ့အခါ လူတိုင်းအမှားနဲ့တော့မကင်းနိုင်ပါဘူးလေဆိုတဲ့ အတွေးနဲ့ ကျွန်မ ခွင့်လွှတ်ပေးခဲ့ဖူးတယ် အဲ့ဒီခွင့်လွတ်ခြင်းတွေအနောက်မှာ နောက်တစ်ကြိမ်တော့ထပ်ပြီး မမှားလောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက်လေးတွေလဲ ထားခဲ့ဖူးတယ်ပေါ့ … မတူညီတဲ့အမှားတွေကို ခွင့်လွှတ်ပေးရတာဟာ သိပ်တော့မပင်ပန်းပါဘူး ဒါပေမယ့် တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါပြုလုပ်နေတာကျတော့ ကိုယ့်အတွက် ပိုပြီးခံရခက်စေတယ် .. ဂရုစိုက်စရာမလိုတာလား မကြိုက်ဘူးဆိုတဲ့အရာကိုမှ ဘာကြောင့်ထပ်ခါခါလုပ်ချင်ရတာလဲပေါ့ … နားလည်ပေးပါတဲ့ အမြဲတမ်း ဒီစကားလေးကိုသုံးတယ် ဒါပေမယ့် ဘာကြောင့်နားလည်ပေးနေတာလဲဆိုတဲ့ စိတ်ကိုကျတော့ မမြင်ကြဘူးလေ …ရှင်းရှင်းပြောရရင် သူတို့ကိုပဲ နားလည်ပေးစေချင်ကြတာ ကိုယ့်ကို နားလည်ဖို့ကျ ဘယ်တော့မှ မတွေးကြဘူးလေ … အရင်ကကျတော့ တစ်နေ့ကျရင် ကိုယ့်ကိုလဲနားလည်ပေးမှာပါဆိုတဲ့ အတွေးရှိခဲ့ဖူးတယ် ခုတော့ ဝေေ၀ဝါးဝါးလေးတောင် မကျန်တော့ဘူးလေ သူဘယ်တော့မှ နားလည်ပေးလာမှာမဟုတ်မှန်းသိလာလို့ပေါ့ … ဒါဆို ကိုယ်ပေးခဲ့တဲ့နားလည်မှုတွေက […]
ကောင်လေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့ ကြူနည်းများ
ကောင်လေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့ ကြူနည်းများ ၁။ သူနဲ့ စကားပြောတဲ့အချိန် သူနဲ့ စကားများများ ပြောဖြစ်တဲ့ ရက်တွေဆိုရင် အကြာကြီး စာမပြန်ဘဲ ချေထားတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို ချေနေတာကြောင့် ကြူရတဲ့ အဓိက လိုရင်းကို မရောက်တော့ပါဘူး။ Message ကို အကြာကြီး Seen မပြဘဲ Deliver အခြေအနေနဲ့ ထားမယ် ဆိုရင်တောင် အများဆုံး ၁၀ မိနစ်ပဲ ထားသင့်ပါတယ်။ ၂။ ညဘက္မွာ ေျပာပါ ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်နဲ့ ညဘက်မှာ Chat ရတာကို သဘောကျကြပါတယ်။ သူတို့က ညဘက်မှာ စိတ်ပိုအေးဆေးပြီး သဘောကောင်းတတ်ကြပါတယ်။ သင်က သူ့စိတ်ဝင်စားမှု လိုချင်ရင် ညဘက်မှာ စကားများများ ပြောသင့်ပါတယ်။ ၃။ သူ့ဓာတ်ပုံ သင့်ဆီ […]
အဲ့ဒီနေ့က မဆုံဖြစ်ခဲ့ရင် ဒီနေ့ဒီလိုနာကျင်နေရမှာမဟုတ်ဘူး …
အဲ့ဒီနေ့က မဆုံဖြစ်ခဲ့ရင် ဒီနေ့ဒီလိုနာကျင်နေရမှာမဟုတ်ဘူး … နောင်တရနေတာလားတဲ့ … ဆုံခဲ့မိတဲ့အတွက် နောင်တရနေခဲ့တာတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီနေ့ ဒီလိုကြီး ဝေးခဲ့ရမယ်မှန်းသာသိခဲ့ရင် အဲ့ဒီနေ့ကတည်းက မဆုံဖြစ်ခဲ့တာ ပိုကောင်းမယ်ဆိုပြီး မချိတင်ကဲ ဖြစ်နေမိရုံပါ … ကံကြမ္မာကလဲ ခက်တယ် မတူညီတဲ့ လူနှစ်ယောက်ကိုမှ ရေစက်ဆိုပြီး ဆုံပေးတယ် ပြီးတော့ ရေစက်ကုန်ပြီဆိုပြီး ထပ်ခွဲတယ် ။ ပေါင်းစပ်ခွင့်မရှိတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲနီးကပ်နေပါစေ ပိုချစ်မိတဲ့သူ အတွက်ပဲ ဒဏ်ရာတွေ ပိုစေခဲ့တာပါ ရက်တွေပိုကြာလေလေ ဒဏ်ရာတိုးလေပါပဲ လတွေ ကြာတော့ နှလုံးသားမှာ အမှတ်တရတွေ စွဲတယ် … နှစ်တွေကြာတော့ သံယောဇဉ်တွေ ပိုပြီး တွယ်တတ်တယ် တကယ်ဆိုရင်လေ အဲ့ဒီနေ့ကတည်းက မဆုံခဲ့သင့်တာ ။ စပြီးဆုံတဲ့နေ့ကတည်း က […]
ချစ်ချင်ယောင်ဆောင်ခဲ့တဲ့ မင်းရယ်…မုန်းချင်ယောင် ဆောင်ရတဲ့ ကိုယ်ရယ်…..အရင်ဘဝက ဆုတောင်းမှားခဲ့ကြတယ်တူပါတယ်…..
ရေစက်ရှိသလောက်ဆုံဆည်းခွင့်ရပြီး ကံပါသလောက်ပဲ ပတ်သက်ခွင့်ရတဲ့ အချိန်လေးမှာ ဘယ်လောက်ပဲ မြတ်မြတ်နိုးနိုး နဲ့ ချစ်ခဲ့ချစ်ခဲ့ ဘယ်တန်ခိုးကြီးဘုရားတွေမှာပဲ သစ္စာတွေဆိုဆို ဝေးချိန်တန်ရင် ဝေးရတာပါပဲ…… သူပျော်ရွှင်နေတာကြားတော့လည်း ကိုယ်စိတ်ချမ်းသာရသလို အရင်လူနဲ့ ရယ်ရယ်မောမောဖြစ်နေတာ တွေ့နေရတော့လည်း ကိုယ်ကျန်းမာချင်ယောင်ဆောင်ရတာပါပဲ။ ဒီလိုပါပဲ ကိုယ်တစ်ယောက်တည်းပဲ ချစ်တယ်ဆိုတဲ့ တချို့လိမ်ညာမှုတွေဟာ အဲဒီလိုပဲ အတိတ္က ကာလတစ္ခုမွာ သိပ်ကို ယုတ္တိတန်ခဲ့တာမျိုးပါ။ အလွတ်ရထားတဲ့ဖုန်းနံပါတ်တွေကို ဦးနှောက်ထဲက ထုတ်ပစ်ဖို့ ခက်ခဲနေတာကလွဲရင် ဘာလုပ်နေလဲဆိုတာသိဖို့ အချိန်တိုင်း သူ့ရဲ့ အကောင့်လေးကို မယောင်မလည် သတိထားမိနေတာတစ်ခုကလွဲရင်…. တိုက်ဆိုင်တာတွေ့လည်း ကြေကွဲလိုက် မသက်ဆိုင်တာမြင်တော့လည်း ပြိုလဲလိုက်…. သိပ်တော့ ရင်နာစရာကောင်းတယ်…. မေ့ချင်ယောင်ဆောင်ရတဲ့ ပတ်သက်ခဲ့မှုတွေရယ်…. မေ့လိုက်ပြီလို့ လိမ်ညာရတဲ့ အခိုက်အတန့်တွေရယ်…. ချစ်ချင်ယောင်ဆောင်ခဲ့တဲ့ မင်းရယ်… မုန်းချင်ယောင် ဆောင်ရတဲ့ ကိုယ်ရယ်…..အရင်ဘဝက ဆုတောင်းမှားခဲ့ကြတယ်တူပါတယ်….. […]
အချစ်စစ်၊ မစစ် ဘယ်လိုသတ်မှတ်မလဲ
အချစ်စစ်၊ မစစ် ဘယ်လိုသတ်မှတ်မလဲ ၁။ ကိုယ့်ချစ်သူကိုအမြဲတမ်းပေးဆပ်ချင်တာ သူ့အတွက်ဆို အရာရာထောက်ပံ့ပေးချင်တဲ့စိတ်၊ သူတိုးတက်အောင်မြင်ဖို့ဆိုရင် ကိုယ့်ဘက်က ဘာပဲပေးရပေးရ စွန့်လွှတ်အနစ်နာခံပြီးချစ်တတ်တာကလည်း အချစ်စစ်တစ်မျိုးပါပဲတဲ့။ ကိုယ့်အပေါ်မှာရော အဲဒီလိုချစ် တတ်တဲ့ချစ်သူမျိုးနဲ့ ဆုံခဲ့ဖူးပြီလား။ ၂။ အမြဲတမ်းဂရုစိုက်တာ ကိုယ့်မှာဘာအကြောင်းကိစ္စရှိရှိ အသေးအဖွဲလေးကအစ ဂရုစိုက်တတ်တဲ့ချစ်သူမျိုး သင့်မှာရှိပါသလား။ ဒါဆိုရင်တော့ သူ့ကိုပိုပြီးတန်ဖိုးထားချစ်တတ်ဖို့လိုပါတယ်။ သူကသင့်ကို တကယ်အချစ်စစ်နဲ့ချစ်လို့ပါ။ ၃။ ကိုယ့်အတွက်ဆို မာနတွေခဝါချထားတတ်တာ ကိုယ့်အတွက်ဆိုရင် သူ့ရဲ့မာနတွေကို ခဝါချထားတတ်တဲ့ ချစ်သူမျိုးပါ။ သူ့ဘက်ကမှန်နေရင်တောင်မှ ကိုယ့်အတွက်ဆို ရင် သူ့မာနတွေကိုခဝါချပြီး တောင်းပန်တတ်တဲ့သူမျိုးပါ။ စိတ်ကောက်၊ စိတ်ဆိုးကြတဲ့အခါ တိုင်း သူ့ဘက်ကမမှားပေမဲ့ အရင်တောင်းပန်တတ်တဲ့ချစ်သူမျိုးပိုင်ဆိုင်ထားရရင်တော့ သူ့ကိုတန်ဖိုးထားလိုက် ပါနော်။ ၄။ လက်တွေ့ကျတဲ့အချစ် သူကတော့ သူများတွေလိုအပေါ်ယံအပြောနဲ့ချစ်ပြနေမှ ာမဟုတ်ပါဘူး။ ကိုယ့်ကိုကြင်နာမယ်၊ ဂရုစိုက်မယ်၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်၊ ကိုယ့်ကိုစိတ်ချမ်းသာ […]
သင့်အတွက် သူဘယ်တော့မှ ပြောင်းလဲပေးမှာ မဟုတ်ကြောင်း ပြသနေတဲ့ အချက်များ
လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။ ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်။ ကိုယ့်အမှားကို ဘယ်တော့မှ မမြင်တတ်ဘူး ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို သူများပြောပြလို့ နားလည်လက်ခံတဲ့သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါ။ နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်၊ နာကျင်စေမယ်၊ ကတိတွေ ထပ်တလဲလဲ မတည်ဘူးဆိုတာတွေက […]
ယောက်ျားလေးတွေ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြတဲ့ မိန်းကလေးပုံစံများ
လူအများစုက ယောင်္ကျားလေးတွေက လှတဲ့ မိန်းကလေးမြင်ရင် ကြိုက်ကြတာပဲ လို့ ယေဘုယျ ပြောကြလေ့ ရှိပါတယ်။ တကယ်တော့ ယောင်္ကျားလေးတင်မက မိန်းကလေးလည်း အလှကြိုက်တတ်ကြပါတယ်။ လှလို့ ကြည့်တယ်ဆိုတဲ့ သဘောမှာပဲ ရှိတာပါ။ ယောင်္ကျားလေးတွေက သူတို့ ဘဝလက်တွဲဖော်ကိုတော့ ဒီလို မိန်းကလေးမျိုး ဖြစ်ဖို့ ပိုမျှော်လင့်သလို ရွေးချယ်တတ်ကြပါတယ်။ သူတို့က ချစ်ရတဲ့သူ ယာင်္ကျားလေးတွေ အရေးအထားဆုံးက သူတို့က ချစ်ရသူကို ဘဝ တစ်သက်လုံး လက်တွဲချင်တာပါ။ ဒါကြောင့်လည်း မချစ်တဲ့သူထက် သူတို့ချစ်ရတဲ့သူကို ရအောင်ယူဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။ သူတို့က ချစ်တဲ့အခါ တစ်ဘဝလုံး ပိုင်ဆိုင်ခွင့် ရချင်တဲ့သူတွေလည်း ဖြစ်ပါတယ်။ မိသားစုကို ခ်စ္တတ္တဲ့သူ ယောင်္ကျားလေးတွေက နွေးထွေးမှုကို ကြိုက်နှစ်သက်ပါတယ်။ မိသားစုဝင်တွေကို ဂရုစိုက်ပြီး ချစ်တတ်တဲ့သူတွေကိုလည်း သဘောကျတတ်ပါတယ်။ မိသားစုတစ်ခုက […]
အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်
အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ် အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်အငြိုးအတေး တချို့ကိုကျေကျေနပ်နပ် ချေဖျက်ပေးလိုက်တယ် သူတစ်ပါးဆီက မျှော်လင့်ချက်တစ်ချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးလိုက်တယ်ြပီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တချို့ထဲကအမှားတွေအတွက်ကိုယ်ကိုယ်တိုင်နဲ့ လူတချို့ကိုကျေကျေနပ်နပ် ခွင့်လွှတ်ပေးလိုက်တယ်။ အကြောင်းမကင်းလို့ ဆုံကြရသူတွေပေါ်မှာကျေကျေနပ်နပ် တန်ဘိုးထားပေးလိုက်တယ်လူတစ်ချို့ရဲ့ ပြောင်းလဲတတ်တဲ့ သဘာဝကိုကျေကျေနပ်နပ် လက်ခံပေးလိုက်တယ််။ ကိုယ့်ဆီကထွက်သွားချင်တဲ့ လူတချို့ကို ကျေကျေနပ်နပ် ခွင့်ပြုပေးလိုက်တယ် အနာဂါတ်အတွက်ကြိုတင်မှန်းဆပြီး စိတ်ပူတတ်တဲ့အကျင့်ကို ကျေကျေနပ်နပ် လျှော့ချပစ်လိုက်တယ် ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်အလွယ်တကူ စိတ်မလှုပ်ရှားမိအောင်ကျေကျေနပ်နပ် လေ့ကျင့်ယူလိုက်တယ်။ တခါတခါ စိတ္ထဲက ခံစားခ်က္အားလံုးကိုဘာမှမကျန်တော့တဲ့ ထိကျေကျေနပ်နပ် ရှင်းထုတ်ပစ်လိုက်တယ်ငြိုးအတေး တချို့ကိုကျေကျေနပ်နပ် ချေဖျက်ပေးလိုက်တယ်။ သူတစ်ပါးဆီက မျှော်လင့်ချက်တစ်ချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးလိုက်တယ်။ ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တချို့ထဲက အမှားတွေအတွက်ကိုယ်ကိုယ်တိုင်နဲ့လူတချို့ကို ကျေကျေနပ်နပ် ခွင့်လွှတ်ပေးလိုက်တယ်။ အကြောင်းမကင်းလို့ ဆုံကြရသူတွေပေါ်မှ ာကျေကျေနပ်နပ် တန်ဘိုးထားပေးလိုက်တယ််။ လူတစ်ချို့ရဲ့ […]









