အခ်စ္ေရး

ယောကျာ်းတစ်ယောက်ရဲ့ တလွဲ မာနနှင့် မိန်းမတစ်ယောက်ရဲ့ “မပွင့်လင်းမှု”

အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ … သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။ သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။ မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။ မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက်မပြောတတ်ပါဘူး။ မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက […]

အခ်စ္ေရး

ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ

မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ။ ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီး လေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။ အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့် သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။ (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ။ သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို […]

အခ်စ္ေရး

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့…

သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ် မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါမုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ… ညီမလေးရေ….ယောက်ျားဆိုတာဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်နန်းကျဘုရင်ပဲဖြစ်ဖြစ်မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာေ ကြာင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်အပြောချိုတဲ့ အအိုချောကြောင့် ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ […]

အချစ်ရေး

အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်….

အတိတ်က ဝဋ်ကြွေးတစ်ချို့ကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်…. အငြိုးအတေး တချို့ကို ကျေကျေနပ်နပ် ချေဖျက်ပေးလိုက်တယ်….. သူတစ်ပါးဆီက မျှော်လင့်ချက်တစ်ချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးလိုက်တယ်…. ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တချို့ထဲက အမှားတွေအတွက် ကိုယ်ကိုယ်တိုင်နဲ့လူတချို့ကို ကျေကျေနပ်နပ် ခွင့်လွှတ်ပေးလိုက်တယ်….. အကြောင်းမကင်းလို့ ဆုံကြရသူတွေပေါ်မှာ ကျေကျေနပ်နပ် တန်ဘိုးထားပေးလိုက်တယ်…… လူတစ်ချို့ရဲ့ ပြောင်းလဲတတ်တဲ့ သဘာဝကို ကျေကျေနပ်နပ် လက်ခံပေးလိုက်တယ်….. ကိုယ့်ဆီကထွက်သွားချင်တဲ့ လူတချို့ကို ကျေကျေနပ်နပ် ခွင့်ပြုပေးလိုက်တယ်…… မမြင်ရသေးတဲ့ အနာဂါတ်အတွက် ကြိုတင်မှန်းဆပြီး စိတ်ပူတတ်တဲ့အကျင့်ကို ကျေကျေနပ်နပ် လျှော့ချပစ်လိုက်တယ်…… ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အလွယ်တကူ စိတ်မလှုပ်ရှားမိအောင် ကျေကျေနပ်နပ် လေ့ကျင့်ယူလိုက်တယ်…… တခါတခါ စိတ္ထဲက ခံစားခ်က္အားလံုးကို ဘာမှမကျန်တော့တဲ့ထိ ကျေကျေနပ်နပ် ရှင်းထုတ်ပစ်လိုက်တယ်….. အဲဒီနောက်မှာ….. ဘာတွေဆက်ဖြစ်လာမယ်လို့ ထင္ပါသလဲ…………………? လွက်လပ်ပြီးငြိမ်းအေးပျော်ရွှင်တဲ့ဘဝကိုရမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်တယ်…..။ Credit- […]

အခ်စ္ေရး

သင့်ကို အသက်နဲ့အမျှချစ်တဲ့ သူဆိုတာ ဒီလိုလက္ခဏာ (၅) မျိုး ရှိကိုရှိပါတယ်

သင့်ကို အသက်နဲ့အမျှချစ်တဲ့ သူဆိုတာ ဒီလိုလက္ခဏာ (၅) မျိုး ရှိကိုရှိပါတယ် အချစ်ဆိုတာ နှလုံးသားချင်း ဆက်နွယ်နေမှ ဖြစ်ပေါ်လာတဲ့ အရာ အချစ်ကံကောင်းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင် ထားရမှာပါနော်။ ယခုသင်ရော ပိုင်ဆိုင် ထားရပြီး လား။ ပိုင်ဆိုင် ထားရပြီးဆို အရင်ကထက် ပိုလိမ္မာပါတော့နော် ၁။ သင့်ကို နားလည်မှု အပြည့်ပေး ထားတယ် သင့်ကို ဘယ်လောက်တောင် ချစ်တယ်ဆိုရင် သင့်ကို ချုပ်ချယ် ထားတာမျိုး မရှိဘဲ သင့်ကို စိတ်ချမ်းသာအောင် အမြဲ နားလည်မှု ပေးထားသူ တစ်ယောက်ပါ။ မကောင်းတာ ဆိုရင်တော့ ဆိုးဆုံးမ တတ်တာက လွဲရင် သင့်ကို အမြဲ လွတ်လပ်စွာ နားလည်မှု အပြည့်နဲ့ နေခိုင်းတယ်။ သူငယ်ချင်းတွေနဲ့ […]

အခ်စ္ေရး

ကိုယ်ချစ်လဲမရှာနဲ့ သူချစ်လဲမရှာနဲ့ လူစိတ်ရှိတဲ့သူကိုပဲရှာ

သူကပဲချစ်ချစ် ကိုယ်ကပဲချစ်ချစ် အဲဒီအချစ်တွေက ကုန်ဆုံးသွားတတ်သေးတယ် အဲဒီလိုကုန်ဆုံးသွားလို့လဲ ကွဲကြ ပြဲကြဖြစ်နေတာကိုး လူစိတ်ရှိတဲ့လူကတော့ သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့ ကိုယ့်ကို ချစ်ချစ် မချစ်ချစ် ကိုယ်ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ့်ကိုဘယ်တော့မှစွန့်ခွာသွားမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူ့ရဲ့အတွေးတွေ စိတ်တွေက သနားတတ်တယ် ကြင်နာတတ်တယ် ကရုဏာတရားရှိတယ် ဘယ်အရာကိုမဆို ‘သူ့နေရာမှာငါဆိုရင်’ ဆိုပြီး ကိုယ်ချင်းစာတဲ့စိတ်နဲ့ကြည့်တယ် အဲဒါကြောင့် ကိုယ်ချစ်တွေ သူချစ်တွေထက် လူစိတ်ရှိတဲ့လူကိုရွေးတာက သင့်အတွက်မမှားနိုင်ဘူး လူစိတ်ရှိသူများနှင့်တွေ့ကြပါစေ Credit Unicode ဖြင့်ဖတ်ရန် ကိုယ်ချစ်လဲမရှာနဲ့ သူချစ်လဲမရှာနဲ့ လူစိတ်ရှိတဲ့သူကိုပဲရှာ သူကပဲချစ်ချစ် ကိုယ်ကပဲချစ်ချစ် အဲဒီအချစ်တွေက ကုန်ဆုံးသွားတတ်သေးတယ် အဲဒီလိုကုန်ဆုံးသွားလို့လဲ ကွဲကြ ပြဲကြဖြစ်နေတာကိုး လူစိတ်ရှိတဲ့လူကတော့ သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့ ကိုယ့်ကို ချစ်ချစ် မချစ်ချစ် ကိုယ်ဘာပဲဖြစ်နေ ဖြစ်နေ […]

အခ်စ္ေရး

MESSAGES လေးတွေရဲ့တန်ဖိုး

ချစ်သူတွေကြားမှာဖြစ်စေ ” လင်မယားတွေကြားမှာဖြစ်စေကိုယ်ဘယ်ရောက်နေတယ်.. ဘာလုပ်နေတယ်ဆိုတဲ့.. massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦးဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။ တကယ်တော့လူတွေပြောနေကြတဲ့ ” ချစ်တယ် ” ဆိုတဲ့စကားဟာ လူတစ်ဦးနဲ့တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီးရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။ ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေ သူငါ့ အေပၚတကယ္ခ်စ္ပါလား ” သူ ငါ့ကိုတကယ္ခ်စ္တာပါ ” ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့အလေးအနက်ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့အမှန်ပါ ။ ဂရုစိုက်ခြင်း ‘ ကြင်နာယုယခြင်း ‘ နွေးထွေးတဲ့မေတ္တာတရားစသဖြင့် အကြောင်းတရားတွေဟာ ” အချစ် ” ဆိုတဲ့ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။ ဒါပေမဲ့ တချို့တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘူး ရပ်တန့်နေခဲ့တယ် ။ […]

အခ်စ္ေရး

သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ

သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ အချစ်ဆိုတာ ချစ်သူတွေ ထားတိုင်းလည်း တွေ့ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ သင့်ကို ပစ်ပစ်ခါခါ ပြောပြီး လမ်းခွဲသွားတာမျိုးနဲ့ သင့်ကို ဘာမှ ရေရေရာရာ မပြောဘဲ လမ်းခွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ သင့်နဲ့ မကိုက်ညီတဲ့ ချစ်သူတွေဆိုတာ သင့်နားမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ကြီး ချစ်ခဲ့လို့ အမုန်းကြီး မုန်းမယ့်အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့…. (၁) ကံကောင်းခြင်းတွေ ပေးသွားလို့ မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေနားမှာ ကြာကြာ ရှိမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ဆီမှာ မနေနိုင်ကြတာပါ။ သင့်ဘက်က အချစ်တွေ ပေးခဲ့ပေးမယ့် မထိုက်တန်တဲ့သူကတော့ ရမှာ မဟုတ်ပါဘူး။ ဒီလို […]

အခ်စ္ေရး

ကိုယ့်အပေါ် မကောင်းတာတွေ လုပ်လာတဲ့အခါ ၀ဋ်လည်ပါစေဆိုတဲ့ ကျိန်စာလဲ မတိုက်ဘူး

ကိုယ့်အပေါ် မကောင်းတာတွေ လုပ်လာတဲ့အခါ ၀ဋ်လည်ပါစေဆိုတဲ့ ကျိန်စာလဲ မတိုက်ဘူး ကိုယ့်ဘက်ကမေတ္တာတွေ စစ်မှန်ခဲ့ရင် သူမကောင်းသလို ကိုယ်လဲပြန်လုပ်လိုက်မယ်ဆိုတဲ့ အာဃာတလဲ မရှိဘူး လက်စားချေရတာ မနှစ်သက်ဘူး ဒါပေမယ့် ၀ဋ်လည်တဲ့အခါ ပြုံးပြီးကြည့်နေရတာကိုတော့ သဘောကျတယ် ငါ့ကို ဒီလိုလုပ်ရက်ပါလားဆိုတဲ့ ၀မ်းနည်းစိတ်ကလွဲရင် အမုန်းတရားဘာမှ မရှိပါဘူး ဒဏ်ရာတွေက ရင်ဘတ်ထဲ စွဲကျန်နေရုံပါ အငြိုးတွေ အာဃာတတွေ သိပ်ပြီးမထားတတ်ဘူး ကိုယ့်အပေါ်ကောင်းရင် ကိုယ်က ဆယ်ဆပြန်ကောင်းတယ် ကိုယ့်အပေါ်မကောင်းရင် မကောင်းပါလားဆိုတဲ့ အသိတစ်ခုက လွဲလို့ သူ့လို ပြန်လုပ်ရမှဆိုတဲ့ စိတ်တော့ မရှိဘူး ဒါပေမယ့် မကောင်းတဲ့ အကျင့်တစ်ခုတော့ ရှိတယ် သူ၀ဋ်လည်တဲ့အခါ ပြုံးပြီးထိုင်ကြည့်ရတာ သဘောကျတယ် လူဆိုတာက ကိုယ့်ထိမှ နာတတ်တဲ့အမျိုးလေ တခြားသူအပေါ် လုပ်ချင်တာ လုပ်နေကြတာ သူ့တို့အတွက်ကျ သူတို့သိကြတယ် […]

အချစ်ရေး

ဒီအချက်တွေနဲ့ကိုက်ညီနေရင်တော့ သူသင့်ကိုအပျော်တွဲနေတာပါ…

မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း အရမ်းကို မာယာကြွယ်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ပဲ အပျင်းပြေသဘောမျိုး ကစားတတ်ကြပါတယ်။ ဒါကို မိန်းကလေးဖက်က မသိတဲ့အခါ ကိုယ့်ကိုတကယ်ပဲ ချစ်သလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ မသေချာမရေရာကြီး ဆန့်ငင်ဆန့်ငင် ခံစားရတတ်ကြပါတယ်။ တကယ်လို့ သင်နဲ့ပတ်သက်တဲ့ ယောက်ျားလေးမှာ ဒီလိုအချက်တွေရှိနေရင်တော့ အချိန်ကုန်ခံ မနေပါနဲ့။ သင့်ကို ကစားနေတာပါ။ (၁) ပုံမှန်အဆက်အသွယ်မလုပ်ဘူး သင့်ကို တကယ်ချစ်တဲ့ ယောက်ျားလေးတစ်ယောက်က သင့်ကို ဖုန်းဆက်တာတွေ၊ စာပို့တာတွေ၊ chatting တွေ နေ့တိုင်း လုပ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ စိတ်ပါတဲ့အချိန်ကျရင် အသည်းအသန်လွမ်းပြပြီး စိတ်မပါရင် အဖက်တောင် မလုပ်ဘဲ (၃၊ ၄) ရက်လောက် အဆက်အသွယ် မလုပ်ဘူးဆိုရင်တော့ သေချာပါတယ်၊ သင့်ကို အပျင်းပြေရုံ ကစားနေတဲ့သူပါ။ ဒီလိုလူမျိုးရဲ့ […]