အေထြအေထြဗဟုသုတ
အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဆင်း ဒု ဗိုလ်အောင်မိုး . . .
အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဆင်း ဒု ဗိုလ်အောင်မိုး အိန္ဒိယ အရှေ့မြောက်၊ မြန်မာ တမူးနယ်စပ် ပြည်နယ်တခု ဖြစ်တဲ့မဏိပူရ အင်ဖားမြို့က လန်ဖဲဆေးရုံမှာမြန်မာမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ကလေးပါ ၊ နာမည်က အောင်မိုး တဲ့။ ဖခင်က 8888 ဒီမိုကရေစီတိုင်ပွဲဝင်ကျောင်းသား၊ မုံရွာသား နာမည်ကကျော်သူရ။ တမူးနယ်စပ်ရှိ မိုးရေးမြို့မှာနေထိုင်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရင်းတတ်နိုင်သမျှ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ တာဝန်ကျေခဲ့တယ်။ အဲဒီ မိုးရေးမှာဘဲ ဌေးမာနဲ့ မေတ္တာမျှပြီးအိမ်ထောင်ပြုခဲ့တယ်။ သား၊သမီး နှစ်ယောက်ထွန်းကားခဲ့ပြီး မိုးရေးမှာ လုံခြုံရေးမကောင်းတာကြောင့် နယူးဒေလီမြို့တော်ပြောင်းရွှေ့ကာ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။ ဒုက္ခသည်အထောက်အပံ့တွေကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲကြုံကြရတယ်။ လူဦးရေများပြီး ဆင်းရဲသား များပြားလှတဲ့ နယူးဒေလီမြို့တော်မှာ အလုပ်မရနိုင်တာကြောင့် ရှစ်လေးလုံး တိုက်ပွဲဝင်များအနေနဲ့ […]
အေထြအေထြဗဟုသုတ
ယနေ့ နေ့လည် ၁၂း၁၉ နေလနှစ်ပါးဆိုင် နေကြတ်မည်
ယ​နေ့(ဇွန်လ ၂၁) နေ့လည် ၁၂ နာရီ ၁၉ မိနစ်အချိန်မှာ ၂၀၂၀ ရဲ့ပထမဆုံး နေကြတ်ချိန်ရောက်လာပါမယ်။ ရန်ကုန်မြို့အတွက် နေကြတ်ချိန် (မြန်မာစံတော်ချိန်) က နေကြတ်ခြင်း စတင်မည့်အချိန် – နေ့လည် ၁၂ နာရီ ၁၉ မိနစ်၊ အမြင့်ဆုံး နေကြတ်မည့်အချိန် – ညနေ ၂ နာရီ ၄ မိနစ် နေကြတ်ခြင်း ပြီးဆုံးမည့်အချိန် – ညနေ ၃ နာရီ ၃၃ မိနစ် ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်မယ့်အချိန်က ၃ နာရီ ၁၃ မိနစ် ၅၅ စက္ကန့်ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကွဲလွဲမှုတော့ ဖြစ်နိုင်ပါတယ်။ မနက်ဖြန် ဖြစ်ပေါ်မယ့် နေကြတ်ခြင်းဟာ (နေအပြည့်ကြတ်ခြင်း) Total Solar […]
အထွေအထွေဗဟုသုတ
ရှိလို့လှူ လှူလို့ရှိ ရှိ ပြီးရင်း ရှိစေ နိုင်သော ဘုရားဆွမ်းတော်ကပ်နည်း
ရှိလို့လှူ လှူလို့ရှိ ရှိပြီးရင်း ရှိ ဆိုသော မြန်မာလူမျိူး များသည် ဒါန ၏ အကျိူးကိုလည်း ယုံကြည်သူများပင် ဖြစ်ပေသည်။ အမျိူးမျိုး အဖုံဖုံသော နည်းများဖြင့် နည်းများဖြင့် အလှုဒါန ပြု့လေ့ရှိကြသည်။ သို့သော် မြတ်စွာဘုရား အား လှုသော အလှူသည်ကား လောကတွင် အမြတ်ဆုံး အလှူဖြစ်သည်။ထို အလှုဒါန ၏ အကျိူးကား အနန္တ ပင်ဖြစ်သည်။ အကျိူးပေးသည် ကလည်း အခါပေါင်း အသင်္ချေ ပင်ဖြစ်သည်။သို့ ပါ ၍ … မြတ်စွာ ဘုရား (၇) ဆူ ဆွမ်းတော်ကပ်နည်း အား ဖော်ပြ ပေးလိုပါသည်။ မြတ်စွာ ဘုရား (၇) ဆူ အား ဆွမ်း တော် ကပ်လှုရာတွင် […]
အေထြအေထြဗဟုသုတ
အခုတလော လူမှု့ကွန်ယက်မှာ ခေတ်စားနေတဲ့ Face App သုံးရင် ကိုယ့်ဆီက ဘာတွေပါသွားလဲ..?
FaceApp သုံးရင် ကိုယ့်ဆီက ဘာတွေပါသွားလဲ ? ? ပထမဆုံး သူက သင့်ရဲ့ friend list ကိုယူပါတယ်။ ပြီးရင် ဖုန်း နဲ့ ကွန်ပျူတာ အမျိုးအစား model IP address စတာတွေအပြင်၊ ဘယ် website တွေဝင်ကြည့်ထားလဲ အွန်လိုင်းမှာ ဘာတွေ လုပ်နေလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ယူသွားပါမယ်။ ဖုန်းထဲကို App တခုသွင်းရင် install လုပ်တဲ့အခါ yes I agree ဆိုပြီး ဘာမှ မဖတ်ပဲ မသွင်းလိုက်ပါနဲ့ ။ သူ့ စာချုပ် (terms and condition အောက်ကပုံမှာ) အတိအလင်း ရေးထားပါတယ်။ yes I agree ဆိုရင် […]
အထွေအထွေဗဟုသုတ
ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း
ျန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ […]
အထွေအထွေဗဟုသုတ
အိမ်မှာအတိုက် အခိုက်ရှိလို့ မကောင်းတာ တခုခုကပ်ညှိနေရင်
အိမ်တွင်းမှာ အတိုက်အခိုက်ရှိနေရင် မကောင်းတာ တစ်ခုခုကပ်နေရင် ဒီနည်းအတိုင်းသာ ရှင်းထုတ်လိုက်ပါတဲ့… အိမ်အတိုက် အခိုက်ရှိရင် မကောင်းတာ တခုခုကပ်နေရင် ဆားအပြည့် ပန်းကန်မှာထည့် ဆားပေါ်မှာ စဓဗဝ ရေး ဘုရားစင်အောက်မှာ ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်ကုန်ရင် ဆားကို လက်နဲ့ဆုပ် စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ တပုဒ်ရွတ် တခါပက် ဆားကုန်အောင် နေရာအပြည့် ပက်ပါ။ တခါဆားနှင့်ပက်တိုင်း တခါရွတ်ဆိုပေးပါ….။ စက်ကြီးတစ်ဆယ့်သုံးပါး (၁) သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် (၂) တစ်ဆယ့်လေးချက် ဓမ္မစက် (၃) တစ်ဆယ့်ရှစ်ချက် သံဃစက် (၄) လရောင်းဝင်းလျှက် ရှင်ပစ္စေက ဗုဒ္ဓ ရဟန္တာစက် (၅) မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူးလျှက် မိဘစက် (၆) ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာစက် (၇) ဝရဇိန်လက်နက် ဗြဟ္မာစက် […]
အေထြအေထြဗဟုသုတ
ဒညင်းသီးကြိုက်ရင် ဒီလိုစားပါ
အထွေအထွေဗဟုသုတ
ပထမဝါဆိုလအတွက်အကောင်းဆုံးယတြာ (20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိ
ပထမဝါဆိုလဆန်း(၁)ရက်နေ့(20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိတစ်လတာလုံး “စာရွက်ပြောင်တစ်ရွက်ပေါ်တွင် အောက်ပါ အတိုင်း ဆုတောင်းစာကို အပြာရောင်ရှိသော ဘောပင်(သို့) ဆော့ပင်များဖြင့် ရေးသားပြီး ပန်းကန်ပြား တစ်ချပ်တွင် တင်ထားပါ။ “ထိုဆုတောင်းစာရေးထားသော စာရွက်ပေါ်၌ နွားနို့ကျို ပြီးသားတစ်ခွက်*ကို ထပ်မံ၍တင်ထား၍ စံပယ်ပန်းအနည်းငယ်ဝိုက်ထည့်ပြီး မိမိအိမ်/လုပ်ငန်း ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား တင်ထား ကပ်လှူ ရပါမယ် မိတ်ဆွေများ ခင်ဗျား….။ အောက်ပါ ဂါထာတော်ကို (၁၆)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။ ” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပတုံမေ။” ဆုတောင်းစာ ပထမဝါဆိုလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ၊အပ၊အခိုက် များ မှန်သမျှ ကင်းရှင်းပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။ […]
အေထြအေထြဗဟုသုတ
ဒီအိမ်မက်တွေ မက်ခဲ့ရင် မဖြစ်မနေ ထီ ထိုးပါ …
ဒီအိမ်မက်တွေ မက်ခဲ့ရင် မဖြစ်မနေ ထီ ထိုးပါ … ထီ ပေါက်မယ့် အိမ်မက် (၁) အိမ်မက်မြင်မက်ရာတွင် ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် ကြီးဖြစ်စေ ကြွရောက်လာပြီးလျှင် သင်အလိုရှိသော ဆန္ဒပြည့်ဝစေပါမည်။တရားကိုသာ အားထုတ်ပါဟု မိန့်ဆိုခဲ့သည်ဖြစ်စေ၊သို့မဟုတ် မည်သည့်ကိစ္စကို ဆောင်ရွက်၍ မည်သို့ပြုလုပ်ပါဟု မှာကြားခဲ့သည်ဖြစ်စေ၊အိမ်မက်တွင် မြင်မက်ရပါက နတ်ကြီး၊ဝိဇ္ဇာကြီးများနှင့်တွေ့ရသော အိမ်မက်သည်။ ထီပေါက်မည့် အိမ်မက်ဖြစ်သည် …။ (၂) ရွံဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက်တို့နှင့်တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မက်သည်ဖြစ်စေ မိမိကိုယ်၌ မစင်လိမ်းကျံရခြင်း၊မစင်တွင်းကြီးထဲ သို့ ကျရောက်ရခြင်း လူတဦးတစ်ယောက်က မစင်များကို ထုတ်ပေးသည်ဟု မြင်မက်ရခြင်း၊ ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ် ကပ်ရောက်သည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်တတ်သော အိမ်မက်များဟု ဆိုလိုသည် …။ (၃) ဝတ်ဖြူစင်ကြယ်နှင့် […]
အထွေအထွေဗဟုသုတ
သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး…
လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူ တွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိက်ပါတယ် အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။ (၁) ပူလောင်ခြင်း သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့်အရာကတော့ပူလောင် ခြင်းပါပဲ သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာမဟုတ်ပါဘူး တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။ (၂) စိုးရိမ်ထိတ်လန့်ခြင်း ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောကရောက်နေရမှာပါဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ၊ ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန် လုံး […]