Zawgyi နေစရာ စားစရာမရှိလို့ အားကိုးတကြီးနဲ့ သားဆီသွားကာမှ သားကလက်မခံလို့ ပြန်လာရတဲ့ မိခင်တစ်ဦး အောက်ဆုံးတွင်ရုပ်သံဖိုင်ပါဝင်သည် မိဘရဲ့တန်ဖိုးကို နားလည်နိုင်ကြစချေင်ပါသည်။ လူတိုင်လူတိုင်းမှာ အကြီးမားဆုံး ကျေးဇူးရှင်ဆိုတာ မိဘဆိုတာကလွဲပြီး အခြားမရှိပါဘူး..။အခုကြားသိရတဲ့ ဖြစ်ရပ်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ နေစရာ စားစရာမရှိလို့ အားကိုးတကြီးနဲ့ သားဆီသွားတဲ့ ဒေါ်အေးကျင် ဆိုသူ အဘွားအိုတစ်ယောက် သားက လက်မခံလို့ ပြန်လာပြီး ဘယ်သွားလို့ ဘယ်လာရမှန်မသိပဲ ကားဝင်းမှာ ဒုက္ခရောက်နေလို့ မန္တလေး နန်းရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့ပြီး ဘိုးဘွားရိပ်သာနေမလားလို့ မေးပြီး နေမယ်ဆိုလို့ ရတံခွန်တောင်ပေါ်က YGW ဘိုးဘွားရိပ်သာကို ပို့ဆောင် ကူညီပေးခဲ့ရကြောင်း သိရပါတယ်။ဒေါ်အေးကျင်ဟာ အရင်က ဘုန်းကြီးကျောင်းတစ်ကြောင်းမှာ ကပ်နေခဲ့ရတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ဒေါ်အေးကျင်နေတဲ့ ဘုန်းကြီးကျောင်းက နေခွင့်မရတော့လို့ သားရှိရာကို နေမယ်ဆိုပြီး သွားရောက်ခဲ့ရာမှာ […]
ကြားသိရသမျှ
ဆေးဖိုးမတတ်နိုင်လို့မိခင်၏ အသက်အတွက် သူမရဲ့ အပျိုစင်ဘဝကို ရောင်းချသူ…
အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးဖိုးမတတ်နိုင်တဲ့အတွက် နောက်ဆုံး မဖြစ်မနေ တစ်ခုခုကို လုပ်ရတော့မှာပါ။ နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Caoဟာ သူအရမ်းချစ်ရတဲ့မိခင်ကို ကယ်တင်ဖို့အတွက် Caoဟာ သူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။ ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ Caoရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးက ကောင်မလေးအတွက် မိဘအပေါ်ထားတဲ့ မေတ္တာကို ဂုတ်ယူတဲ့အတွက် အလှုရှင်ပေါ်လာပြီး Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။ မိဘအပေါ်ထားတဲ့ မေတ္တာကြောင့် […]
ဖေ့စ်ဘွတ်ပေါ်သို့ သူငယ်ချင်းတစ်ယောက်က စနောက်ပြီး ပုံလေးတစ်ပုံတင်လိုက်တာကြောင့် (၉)တန်းကျောင်းသူတစ်ဦး… See more
Zawgyi ဖေ့စ်ဘွတ်ပေါ်သို့ သူငယ်ချင်းတစ်ယောက်က စနောက်ပြီး ပုံလေးတစ်ပုံတင်လိုက်တာကြောင့် (၉)တန်းကျောင်းသူတစ်ဦး… See more သွားနှင့်တော့ ကလေးရေ….စိတ်မကောင်းဘူးကလေး….ဘာမဟုတ်တဲ့ အရာလေးအတွက်နဲ့ကလေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဘူး ကလေးရယ်… သူငယ်ချင်းတစ်ယောက်က စနောက်ပီး FB ပေါ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အဆိပ်သောက် သေသွားတယ်တဲ့ ကိုယ့်တူမလေး သူငယ်ချင်း ၉တန်းကျောင်းသူလေး စိတ်မကောင်းဘူး ကလေးရယ်… ခုခေတ်မှာ တချို့လူကြီးမိဘတွေ ကလေးတွေကို ဆုံးမတာလေးတွေ လမ်းတွေလွဲနေတယ် လို့ ထင်မိပါတယ် ။ရွာမှာ ဒီလိုနဲ့ အဆိပ်သောက်တဲ့ ကလေးတွေ များနေပြီ ….. ပြီးတော့ ကလေးတွေကို လူကြီးမပါပဲ ဒီလို အဆိပ်တွေ ဆိုင်တွေက မရောင်းသင့်ဘူးလို့မြင်မိပါတယ် ။လူကြီးတောင်မှ ဝယ်ရင် စိုက်ပျိုးရေးသမားလိုအပ်တဲ့တွေလူတွေကိုသာ သေချာမေးမြန်းပြီး ရောင်းသင့်ပါတယ်။ ကံကြောင့်လို့ ဖြေသိပ်နေရပေမယ့် တခနလေးအတွင်းမှာ […]
ဘဝမှာ ကံကောင်းဖို့အစပဲရှိသေးတယ်မနက်မိုးလင်းတော့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်….
ဘဝမှာ ကံကောင်းဖို့အစပဲရှိသေးတယ်မနက်မိုးလင်းတော့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတယ် သူ့သမီးလေး နာမည်ကြီးတာကိုမြင်လိုက်သလား ၊ ကြားလိုက်သလား သေချာမသိပေမယ့်သေမယ့်ရက်ကို တစ်ပတ်လောက် နောက်ဆုတ်ပေးခဲ့ရင်သိပ်ကောင်းမှာပဲလို့ တွေးမိနေတုန်းပဲ။ သရက်ကင်ရောင်းတာကိုစက်ဘီးလေးနဲ့ရောင်းပါလားဆိုတော့ မှောက်ကျမှာပေါ့တဲ့တွန်းလှည်းလေးနဲ့ကျပြန်တော့လည်း လက်ညောင်းမှာပေါ့တဲ့ခေါင်းပေါ်ရွက်ပြီးပဲ ရောင်းမှာတဲ့လေ အဲဒီ interview လေးကြည့်ပြီးကိုယ်တောင် ပြုံးစိစိနဲ့ ရယ်လိုက်မိသေးတယ်။ ဘယ်လောက် ရိုးသားတဲ့ အပြုအမူလေးလဲ။ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ မူလတန်းဖတ်စာအုပ်ထဲကသစ်ခုတ်သမားကို ရေနတ်သားက ရွှေပေါက်စိန်၊ ငွေပေါက်စိန်တွေနဲ့ စမ်းသပ်တဲ့ ဝတ္ထုလေးတောင်သတိရသွားတယ်။ လောဘမရှိ ဒေါသမရှိနဲ့ ရိုးသားစွာသရက်ကင် ထမ်းရောင်းနေသူ။ မိသားစုအများကြီးအပေါ် အစ်မကြီးအမိအရာဆိုတဲ့အတိုင်း ရိုးသားစွာ ရှာကျွေးနေသူ။ အရွယ်နဲ့မမျှအောင် လောကဓံတရားကို အံတုရင်းခက်ခဲစွာ အသက်ရှင်နေရသူ။ မျှော်လင့်မိပါတယ်။ဒီသမီးလေးကိုလည်း “ဂွေးတို” တို့လိုSupporting လုပ်ပေးမယ့် လူတွေနဲ့ အမြန်ဆုံးတွေ့ပါစေလို့။ ဘယ်လောက်ရုံးကန်ခဲ့ရပြီးပြီလည်းဆိုတာထက်နောက်ထပ်ဘယ်လောက်ထိ ရုန်းကန်ရအုံးမလဲဆိုတာကိုတွေးရင်း ရင်တွေလည်း လေးလှပေါ့။ နောက်ထပ် ဘဝကို […]
ကားတစီးနဲ့ တမိသားစုလုံးကို လုံးဝ ရှာလို့ မတွေ့တဲ့ ဖားကန့်မှော်ဟောင်းကြီးထဲက ထူးဆန်းတဲ့ ဖြစ်ရပ်
ဖားကန့်မြို့တွင် လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့် မိသားစုဝင် ၃ ဦးနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရပါတယ်။ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ် ၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်ပါတယ်။ “အခြေအနေကတော့ မထူးသေးဘူးဗျ။ ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ကနေ ဖောင်ကနေ ချတာ နှစ်ပေ သုံးပေလောက်ပဲပိုတယ်။ အလောင်းလည်းရှာမတွေ့သေးဘူး […]
အမြင့်ဆုံးစံချိန်သစ်ချိုးလိုက်တဲ့ စက်သုံးဆီဈေးနှုန်း
အောက်တိန်းတစ်လီတာ ကျပ် ၂၃၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ်၂၆၀၀ ကျော်ကာ အမြင့်ဆုံးစံချိန်သစ်ချိုး ရန်ကုန်၊ ဇွန် ၁၁ လူငယ့်ခေတ် ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့ပြီးအမြင့်ဆုံးစံချိန်သစ် ချိုးသွားကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှသိရသည်။ ရန်ကုန်အထိုင်စက်သုံးဆီအရောင်းဆိုင် များတွင် ယနေ့အောက်တိန်း-92တစ်လီတာ (၂၃၀၅)ကျပ်၊အောက်တိန်း-95 တစ်လီတာ (၂၃၇၀)ကျပ်၊ ဒီဇယ်တစ်လီတာ(၂၆၁၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၂၆၄၀)ကျပ်နှုန်းဖြင့်ရောင်းချနေသည်။ ယင်းဈေးနှုန်းမှာ ယမန်နေ့ကထက်တစ်လီ တာ လျှင် ၄၀ကျပ်မှ ၇၀ကျပ်အထိတိုးမြင့်သွားခဲ့ပြီးလက်ရှိရောင်းဈေးမှာပြည်တွင်းစက်သုံးဆီသမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြစ်လာသည်။ “ဆီဈေးကတရှိန်ထိုးတက်နေတော့ ရပ်တဲ့ကားလည်းရပ်ကုန်ပြီ။ ဒီထက်ဆက်တက်လာ ရင် တခြားအလုပ်ပဲပြောင်းလုပ်ရတော့မယ်။ ဆီဘယ်လောက်ကုန်သွားပြီလဲဆိုပြီး ဆီဂိတ် ကိုကြည့်ပြီးမောင်းနေရတာစိတ် မချမ်းသာဘူး”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။ ပြည်တွင်းစက်သုံးဆီဈေးမှာ ယခုနှစ်မတ်လကုန်ပိုင်းက အောက်တိန်းတစ်လီတာ ၂၃၀၀ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၆၀၀ ကျပ်ဖြင့်အ မြင့်ဆုံးရပ်တည်ခဲ့ပြီး ယနေ့တွင်ယင်းစံချိန်ကိုချိုးသွားခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့ကပြောသည်။ “ဒီအရှိန်နှုန်းနဲ့ဆိုရင် […]
မျက်နှာတစ်ခြမ်းလေဖြတ်ခဲ့သည့် justin_bieber ရှိုးပွဲအစီအစဉ်များဖျက်သိမ်းလိုက်ရ(ရုပ်သံ)
ကမ္ဘာကျော်ကနေဒါအဆိုတော်’ဂျက်စတင်ဘီဘာ’ဟာ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရပြီး မျက်နှာတစ်ခြမ်းလုံး လေဖြတ်သွားခဲ့တာကြောင့် အခုနောက်ဆုံး သူ့ရဲ့ရှိုးပွဲအစီအစဉ်များကို ဖျက်သိမ်းလိုက်ရပါတယ်။ ဗိုင်းရပ်စ်က နားရွက်ကအာရုံကြောများကို ထိခိုက်စေခဲ့ကာ Ramsay Hunt Syndrome လက္ခဏာခံစားရတာဖြစ်ကြောင်း ရှာဖွေသိရှိရပါတယ်။ ‘ဘီဘာ’တစ်ယောက် ဝေဒနာအတော်လေးခံစားနေရပုံကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာကနေ ဗီဒီယိုတင်ပြီးပြသခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့’ဂျက်စတင်ဘီဘာ’ဟာ လက်ရှိအချိန်မှာ မြောက်အမေရိကတခွင် Justice ရှိုးပွဲခရီးစဉ်ပြုလုပ်နေတာဖြစ်ပြီး တိုရွန်တို၊ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်တို့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းထားပါတယ်။ “ဗိုင်းရပ်စ်က ကျွန်တော့်နားရွက်နားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကိုဖျက်ဆီးပစ်ပြီး မျက်နှာတစ်ခြမ်းလေဖြတ်သွားတာပါ၊ မြင်တဲ့အတိုင်းပါပဲ ဒီဘက်မျက်လုံးမျက်တောင်ခတ်လို့မရတော့ဘူး၊ မျက်နှာဒီဘက်ခြမ်းက ရယ်လို့မရတော့ဘူး၊ နှာခေါင်းပေါက်လည်း လှုပ်လို့မရဘူး၊ ဒီဘက်မျက်နှာတစ်ခြမ်းလုံးလေဖြတ်သွားပါတယ်” လို့ ပြောပြပါတယ်။ အဆိုပါ ၃ မိနစ်စာဗီဒီယိုထဲမှာ ရယ်ဖို့ မျက်တောင်ခတ်ဖို့ မျက်နှာပြင်လှုပ်ရှားဖို့ကြိုးစားပေမယ့် မျက်နှာတစ်ခြမ်းက မတုန့်ပြန်နိုင်ခဲ့ပါဘူး။ ပြန်လည်သက်သာလာဖို့အတွက် အခုတော့မျက်နှာလေ့ကျင့်ခန်းများပြုလုပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ […]
ဖေ့ဘုတ်ကို အင်တာနက်လို့ ထင်နေကြတဲ့ မြန်မာပြည်က လူတချို့နဲ့ ၁၉၇၀ ခုနှစ်မှာ ပိတ်မိနေသူများ
စာရေးသူဟာ ယခုလို သတင်းစာတွင် ဆောင်းပါးရေးခွင့် ရသည့်အတွက် အလွန်အမင်း ဝမ်းမြောက်နေပုံရ ပါတယ်။ ဒီကနေ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဘဝင်မကျတာလေး ရှိနေလို့ အခုလို ရေးတာပါ။ ဖေ့ဘုတ်ဟာ အင်တာနက်ထဲက များစွာသော လူမှုကွန်ယက်တွေထဲက တခုပါ။ ပညာရှာမှီးလိုတဲ့ လူတယောက် အတွက် အင်တာနက်ဟာ အသက်တမျှ အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် ကျောင်းသား ဘဝက အင်တာနက် ဆိုလို့ အိုင်ပီစတား သာရှိပြီး လက်ဖက်ရည် တခွက် ၅၀ ကျပ် ခေတ်မှာ အင်တာနက် တနာရီ ၁,၂၀၀ ကျပ် ပေးရပါတယ်။ ဒါပေမဲ့ အမြန်နှုန်းက အခုခေတ်ရဲ့ ဖုန်းလိုင်းရဲ့ အပုံ ၂၀ ပုံတပုံတောင် မရှိပါဘူး။ စဉ်းစားသာ […]
ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more
Zawgyi ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more ငွေကြေးအဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသား တစ်ဦး မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ညနေပိုင်းက တောင်ငူမြို့ မှာ ဖြစ်သွားခဲ့ပါတယ် ။ ကြိုးဆွဲချ သေဆုံးသူမှာ တောင်ငူမြို့ ( ၁၃ )ရပ်ကွက်၊ကျန်းမာရေးလမ်းနေ ဦးမျိုးဝင်း ( ၄၉ )နှစ် ၊( ဘ ) ဦးထွန်းရီ ဆိုသူဖြစ်ကြောင်းသိရပါတယ် ။ သေဆုံးသူဟာ ၎င်း၏ နေအိမ်ဘုရားခန်းရှေ့ရှိ ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာလျှပ်စစ်ဝါယာကြိုးဖြင့် မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ သေဆုံးသူ ဦးမျိုးဝင်းသည် ငွေကြေး အဆင်မပြေဖြစ်ကာ စိတ်ညစ်ပြီး ယခုလို […]
မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဥ်ဖြင့် လိုက်ပို့ခဲ့သော စားသောက်ဆိုင် နာမည်ကြီးနေ
မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဥ်ဖြင့် လိုက်ပို့ခဲ့သော စားသောက်ဆိုင် နာမည်ကြီးနေ နိုင်ငံတကာတိုင်းတွင် မိမိလိုချင်သည့် ကုန်ပစ္စည်းများကို လိုင်းပေါ်ကနေဖြစ်စေ ဖုန်းနှင့် ဆက်သွယ်၍ မှာယူနိုင်ခြင်းသည် အလွန်အမင်း ခေတ်စားလျက်ရှိသည်။ ယခုအခါတွင်လည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဖောက်သည်တစ်ဦးသည် စားသောက်ဆိုင်တစ်ခုမှ နာမည်ကြီးအစားအစာဖြစ်သော Nasi ganja ဆန်ထမင်း ၃၆ထုပ်အား ဖုန်းဆက်ပြီး မှာယူခဲ့သည်။ ထိုစဥ် မှာယူထားသော အစားအစာကို ၅မိနစ်တွင်း ရောက်လာ၍ ထူးဆန်းနေသည်ဟု သံသယဝင်ခဲ့ရာ ထွက်ကြည့်လိုက်မှ ရဟတ်ယာဥ်နှင့် လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ ထိုသို့ ထူးဆန်းသည့်အဖြစ်အပျက်အား ဒေသခံရဲတပ်ဖွဲ့မှ ချက်ချင်းသိရှိပြီးနောက် ထိုရဟတ်ယာဥ်နှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ credit Zawgyi မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဉ်ဖြင့် […]









