ဗဟုသုတ

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ၁၀ မျိုး

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ၁၀ မျိုး မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ ၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ […]

ဗဟုသုတ

ထုံးတို့ မီးသွေးတို့ မျှစ်တို့များ ဘယ်တော့မှ ဈေးမဆစ်မိပါစေနဲ့

ကိုယ့်အဖေလည်းပြောဖူးတယ်..ထုံးတို့မီးသွေးတို့ မျှစ်တို့များဘယ်တော့မှ၊ ဈေးမဆစ်ပါနဲ့သမီးရယ်တဲ့ မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..သိပ်ပင်ပန်းဆင်းရဲကြတာ ကိုယ်ချင်းစာပါသမီးရယ်တဲ့.. ”မဆစ်နဲ့”မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက “မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။ ဟုတ်တယ် သူပြောဖူးတယ်…… ” မဆစ်နဲ့”လို့။ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေကောင်းကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့သွားကြရာက..တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါရေသန့်ဘူးရောင်းတဲ့ ကလေးမ ကလေးတစ်ယောက် ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊ သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့..ခြစ်ခြစ်တောက်အောင်ပူတဲ့ အညာနေရဲ့ အောက်မှာ “ရေသန့်ဘူး၊ ရေသန့်ဘူး”ဆိုတဲ့ အသံလေးဟာ စာ နေတာပဲ။ နဂိုမူလ ညိုတဲ့အသားကလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်.. ဟဲ့ သမီးလေး ရေသန့်ဘူး ဘယ်လောက်လဲ ဘာညာပေါ့။ […]

ဗဟုသုတ

အကြွေးပြန်ရစရာတွေရှိပေမယ့် ပြန်တောင်းရမှာအားနာသူတွေဖို့ အကြံပြုချက် (၄)ခု

အကြွေးပြန်ရစရာတွေရှိပေမယ့် ပြန်တောင်းရမှာအားနာသူတွေဖို့ အကြံပြုချက် (၄)ခု ပိုက်ဆံတစ်ခုတည်းနဲ့ စားဝတ်နေရေးအရာအားလုံး ရပ်တည်နေရချိန်မှာ ကိုယ့်ပိုက်ဆံတွေသူများဆီမှာ အလဟသတ်ပေးထားရတာမျိုး သင်အဖြစ်ခံတော့မလို့လား။ သင့်ဆိုင်မှာအမြဲလာဝယ်နေကျ ဖောက်သည်က အကြွေးမပေးတာပဲဖြစ်ဖြစ်၊ ခင်လို့မင်လို့ ပိုက်ဆံချေးထားတာပဲဖြစ်ဖြစ်၊ ကိုယ်အလုပ်လုပ်ပေးထားတဲ့ ပိုက်ဆံတွေကို အလုပ်ရှင်ဖက်ကမပေးသေးဘဲ ကြန့်ကြာနေတာမျိုးတွေကို သင်တောင်းရမှာ အားနာစိတ်ဖြစ်တတ်တယ်မဟုတ်လား။ ရည်ရှည်ဆက်ဆံရမယ့်လူတွေဖြစ်တာကြောင့် ပိုက်ဆံလေးတစ်ခုတည်းနဲ့ မျက်နှာပျက်စရာတွေ၊ စိတ်ခုစာတွေဖြစ်သွားမှာ စိုးရိမ်တတ်ကြတာသဘာဝပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ဖက်ကိုယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ရှာဖွေထားတဲ့ပိုက်ဆံတွေနဲ့ လုပ်အားခတွေမလို့ သင့်ဆီမှာ တောင်းပိုင်ခွင့် အပြည့်အဝရှိနေတယ်ဆိုတာ မေ့မပစ်ပါနဲ့ဦး။ ဒီအတွက် အကြံပြုချင်တဲ့အချက်လေး ၄ ချက်ရှိတာကြောင့် ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။ (၁) တောင်းကြည့်ပါ။ ပိုက်ဆံပေးစရာရှိတဲ့လူတွေက အားမနာဘဲ ပိုက်ဆံရစရာရှိလို့ တောင်းရတဲ့လူတွေကပဲ အားနာကြရတာ ယနေ့ခေတ်ရဲ့ သဘာဝတရားကြီးလို ဖြစ်နေပါပြီ။ တချို့ကျတော့ ကိုယ့်ကိုပေးစရာရှိတာကို အလုပ်တွေများနေလို့ မေ့လျော့နေတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေအမျိုးတွေမှာ […]

ဗဟုသုတ

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မေလဖွားတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ…

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မေလဖွားတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ… (၁) အလုပ်ကြိုးစားသူတွေ မေလမှာမွေးတဲ့သူတွေဟာ ဘဝရဲ့ ဘယ်အချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် သတ်သတ်မှတ်မှတ်ရှိပြီး ကိုယ်ရည်မှန်းထားတာတွေ တကယ်ဖြစ်လာအောင် အပြင်းအထန် အားထုတ်ကြိုးစားတတ်ကြတဲ့သူတွေပါ။ အလုပ်တွေ ပင်ပန်းလို့ နားနေတဲ့အခါမှာတောင် ငါဘာမှမလုပ်ဘဲနေမိနေပြီလားဆိုပြီး တွေးပူနေတတ်သူတွေပါ။ (၂) ခံစားလွယ်သူတွေ စကားတစ်ခွန်းကြောင့် ချက်ချင်းဝမ်းနည်းသွားနိုင်၊ ချက်ချင်းစိတ်ဆိုးဒေါသဖြစ်နိုင်ပြီး၊ ချက်ချင်းကြေကွဲသွားနိုင်တဲ့သူတွေပါ။ အဲ့ဒီလို စိတ်ခံစားလွယ်ပေမယ့် စိတ်လည်းပြန်ပြေလွယ်တာကြောင့် ဒီအချက်က သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပြီး လူတွေရဲ့ ဒါကိုအသုံးချတာခံရတတ်ပါတယ်။ (၃) ခေါင်းမာတဲ့သူတွေ သူတို့ ခံယူထားတဲ့အမြင်နဲ့ခံယူချက်ကို လွယ်လွယ်နဲ့ပြောင်းလဲတတ်သူတွေမဟုတ်လို့ သူတို့နဲ့ အမြင်မတူတဲ့အကြောင်းအရာတွေ သွားမပြောတာအကောင်းဆုံးဖြစ်ပါတယ်။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ဆရာလာလုပ်တာမျိုး လုံးဝလက်မခံတတ်တဲ့သူ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ်နေတတ်သူတွေဖြစ်ပါတယ်။ (၄) ပိုက်ဆံဖြုန်းတတ်သူတွေ ကိုယ်လိုချင်တာတွေဝယ်ဖို့ ဘယ်တုန်းကမှ လက်မတွန့်တဲ့သူတွေ၊ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ်စုထားတဲ့ […]

ဗဟုသုတ

အသက် ၃၀ အရွယ်မှာစတင်ကျင့်သုံးသင့်တဲ့ ချွေတာရေးနည်းလမ်းများ

အသက် ၃၀ ဆိုတာ လူငယ် တစ်ယောက် လူကြီးဖြစ်လာတဲ့အချိန်ပါပဲ။ဒါပေမယ့်တစ်ချို့သောသူတွေဟာ အသက် ၃၀ အရွယ်မှာတောင် စုမိဆောင်းမိမရှိသေးတာကိုတွေ့ရပါတယ်။ဒါတွေဟာ မှားယွင်းနေတဲ့ ငွေသုံးနည်းစနစ်တွေကြောင့်ပါပဲ ။ဒါဆိုရင် ငွေတွေကိုဘယ်လိုချွေတာစုဆောင်းကြမလဲ။ ၁- နိုင်ငံရပ်ခြား ကို သာမန်ဖုန်းနဲ့ခေါ်ဆိုခြင်း ရှောင်ကျဉ်ပါ အခုချိန်မှာ အင်တာနက်နည်းစနစ်တွေတိုးတက်လာပြီဖြစ်တဲ့အတွက် မက်ဆင်ဂျာတို့ wechat တို့ကခေါ်မယ်ဆိုရင် အကုန်အကျမရှိသလောက်ကိုနည်းပါးပါလိမ့်မယ်။ ၂- Retail Tharapy လို့ခေါ်တဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို ရှော့ပင်းထွက်ခြင်းနဲ့ကုစားတဲ့နည်းလမ်းဟာလည်း အကျင့်ဆိုးတစ်ခုပါပဲ သင်ဝယ်ယူတဲ့ပစ္စည်းတွေဟာ တန်ဖိုးသိပ်မရှိဘူးဆိုပေမယ့် ပမာဏများပြားလာတဲ့အခါ ဒီပစ္စည်းတွေဝယ်တဲ့ကုန်ကျစရိတ်အပေါ် သင်အံ့အားသင့်မိပါလိမ့်မယ်။ ဒီတော့ Retail Tharapy ကိုလည်းဖြစ်နိုင်ရင် မပြုလုပ်တာအကောင်းဆုံးပါပဲ ၃- ခရက်ဒစ်ကဒ် ကို သုံးချင်သလိုသုံးတာမျိုးရှောင်ရှားသင့်ပါတယ် ခရက်ဒစ်ကဒ်ဟာ ဘဏ်ကချေးငွေကိုသုံးစွဲတဲ့ကဒ်ဖြစ်တဲ့အတွက်သင်များများဝယ်ယူလေလေ အတိုးများများပေးရလေလေပါပဲ။ ၄- ခရီး တစ်ခုသွားမယ်ဆိုရင် အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ ပိတ်ရက်တွေမှာခရီးသွားမယ့်အခါ လက်မှတ်ဝယ်မယ်ဆိုရင် […]

ဗဟုသုတ

ဒီည ဒီစာကို မဖြစ်မနေ ဖတ် လိုက်ပါ မင်းဘဝအတွက် အရမ်းကောင်းလွန်းလို့ပါ

ဒီည ဒီစာကို မဖြစ်မနေ ဖတ် လိုက်ပါ မင်းဘဝအတွက် အရမ်းကောင်းလွန်းလို့ပါ ကောင်းလိုက်တဲ့စကား သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ(၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်ကသင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက်သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)လုံးကို ပုံပြီးသုံးမလား။ ဒါမှမဟုတ်မေ့မေ့ပျောက်ပျောက်နေမလား။အဖြေ ကတော့ ရှင်းပါတယ်။ စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။၁၀၀လောက်လျော့သွားတာ အတွက်ဘာကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်နေမလဲ။ ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွနု်ပ်တို့ရဲ့တနေ့တာမှာစက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။ အဲဒီထဲက တစုံတယောက်ကြောင့်စိတ် အနှောင့်အယှက်ဖြစ်ရတဲ့အချိန် တစ်မိနစ်ကျော်ကျော်(စက္ကန့် ၁၀၀လောက်) အတွက်နဲ့ဘာကြောင့်များစိတ်ဆိုးဒေါသတွေ ထွက်ပြီးကျန်တဲ့ တနေ့တာရဲ့လက်ကျန်၈၆, ၃၀၀စက္ကန့် လုံးလုံးကိုအဆင်မပြေဖြစ်အောင် လုပ်မလဲ။ ဘဝဟာ ကျယ်ပြန့်ပါတယ်။အသေးအမွှားကိစ္စလေးတွေကြောင့်အနှောင့်အယှက် အဖြစ်မခံပါနဲ့ Crd Practical Dreams […]

ဗဟုသုတ

ပိုက်ဆံတစ်ကျပ်မှ မရှိဘဲ အကောင်းဆုံးစတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး

မဂ်လာပါ ပရိတ်သတ်ကြီးရေ ပိုက်ဆံတစ်ကျပ်မှ မရှိဘဲ အကောင်းဆုံးစတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသို က်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်း သာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ချမ်းသာခဲ့တာ မဟုတ်ပါဘူး။ သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့သူ့ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့် ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်နော် (၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ […]

ဗဟုသုတ

မိန်းမလှတွေက ရတနာ တစ်ပါးဆိုမိန်းမကောင်းကတော့ ရတနာသိုက်ပါပဲ…

သိက္ခာရှိတဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ တစ်ဖက်သက်လိုက်မကြိုက်ဘူး မြင့်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ တစ်ခြားမိန်းမနဲ့ ယှဉ်မလှုဘူး ထက်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ အီစီကလီလုပ်မချစ်တတ်ဘူး ရိုးသားဖြူစင်တဲ့ မိန်းမကောင်းဆိုတာ ဘယ်ယောကျာ်းကို မှမလှည့်စားဘူး ချစ်သူရည်းစားများတိုင်း အပေါစားမိန်းမ မဟုတ်ပါဘူး ဒါပေမယ့် မိန်းမကောင်းပီသသူတိုင်း ကတော့ ပန်းကောင်းတစ်ကာပွင့်ပဲ ပန်တယ် မိန်းမကောင်းရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲ မှာ…မိန်းကလေးတစ်ယောက်ရဲ့ စာရိတ္တဆိုတာ သူ့လက်ထဲမှာ ရေအိုင် အဆင့်လောက်ရှိရင် တွေ့သမျှလူတိုင်းက ခြေဆေးကြမှာပဲ ဇရပ်အဆင့်လောက်ရှိရင် သူတောင်းစားလည်းလာအိပ်နိုင်တယ် အနင်းခံ ဖိနပ်တန်ဖိုးလောက်ရှိရင် ခြေထောင့်မှာပဲ နေရာမယ် အမြင့်မှာနေတဲ့ ဦးထုပ်လောက် တန်ဖိုးရှိရင် လူတိုင်းက ခေါင်းပေါ်တင်ထားကြမှာပဲ လူမိုက်များလေလေ ပညာရှိတန်ဖိုးတက်လေလေပဲ မိန်းမပျက်များလေလေ မိန်းမကောင်းတွေ တန်ဖိုးတတ်လေလေပဲ ပန်းတွေ လွယ်လွယ်ပွင့်ရင် လူတိုင်းက နမ်းရှိုက်လို့ နွမ်းသွားရင် […]

ဗဟုသုတ

မိမိတို့၏ တစ်နေ့တာ မှာ ဖုန်းလုံးဝ မသုံးသင့်တဲ့အချိန် များ

ယနေ့ခေတ်ချိန်ခါမှာ လူကြီးလူငယ် ကျားမ အကုန်လုံးမှာ ဖုန်းအသုံးမပြုတဲ့ သူမရှိသလောက်ပါပဲအကြောင်းတစ်ခု ခုကြောင့်တော့ဖုန်းကို မလွှဲ မရှောင်သာ အသုံးပြုနေကြရ တာပဲဖြစ်ပါတယ်။ မရှောင်လွှဲနိုင် တဲ့အခြေအနေကြီး မှာ ဖုန်းအသုံးပြုခြင်းကတစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကိုသိမ်းပိုက်ထားတာ မျိုး မဖြစ်ရ အောင် ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကိုအခုလို ဖော်ပြပေး လိုက် ရပါတယ် ၎င်းအချိန်တွေမှာ ဖုန်း အသုံးမပြုဖြစ်အောင် ဆင်ခြင်ရာကရလာမယ့် အကျိုးကျေးဇူးလေး တွေကို ပြောပြပေးသွားမှာပါနော်။ နံပါတ်(၁)နံနက်အိပ်ရာနိုးနိုးချင်း လူအတော်များများကတော့ ပုံမှန်လုပ်မြဲအလုပ် တစ်ခုလို ဖုန်းကို အရင်ဆုံးသုံးလေ့ရှိကြပါ တယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်း ဖို့ဆိုတာ သိပ် ကိုအရေးကြီးပါတယ်။ နိုးနိုးချင်း အိပ်ယာထဲမှာဆက်လှဲနေပြီး ဖုန်းနဲ့အချိန်ကုန် လိုက်ခြင်းကလူကို လေးလံသွားစေ သလို facebook ကြည့်တတ်ကြတဲ့သူ တွေအတွက် ၎င်းကနေ စိတ်ညစ်စရာတွေ […]

ဗဟုသုတ


ပိုက်ဆံရှာရာတွင်….ရေ အတိမ်အနက်ကို ခြေ(၂)ချောင်းလုံးချပြီး မစမ်းပါနဲ့ ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ် ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ် တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ် ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ် မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ် ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ သုံးပြီးလို့ပိုမှ […]