စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍ အစားအသောက် ကျိန်စာ သင့်နေသော ရွှေမြန်မာများ ရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ် အာရှမှာ အနိမ့်ဆုံးဘဲ အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့ အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲ စားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲ ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါ အညွန့်ကျိုးသွားနိုင်ပါတယ် ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့ ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ အခုဆို အသက် ၄၀ နဲ့ အထက် တွေကို ကြည့်လိုက် မေးလိုက်ရင် ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့ အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့ ဆီးချို ၊ သွေးချို […]
ဗဟုသုတ
သားသမီးတွေကို စနစ်တကျနဲ့ ဖျက်ဆီးနေကြသော မိဘများ….
“အမေ သားဒီနေ့ကျောင်းမသွားချင်ဘူး”…“အေး အေး အမေခွင့်တိုင်ပေးမယ်”… ဒီအမေအတွေးမှာ ဒီနေ့တရက်ကျောင်းမသွားတာနဲ့ ဘာမှမထူးပါဘူး ထင်မှတ်နေတာပါ။တကယ်တော့ ကျောင်းပုံမှန်သွားရမယ်ဆိုတဲ့ စည်းကမ်းကို အလွယ်တကူချိုးဖောက်ဖို့ အားပေးကူညီလိုက်တာပါ။ ကျောင်း တစ်ရက်ပျက်တာဘာမှမဖြစ်ပေမယ့် ကလေးစိတ်ထဲမှာ ငါမတက်ချင်လည်းရတာပဲဆိုတဲ့ ဘယ်အရာကိုမဆို အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က တဖြည်းဖြည်းအားကောင်းလာတာပါ။ ဒါကို ဒီအမေမသိလိုက်ဘူး။ “အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်” “အေး ဦးအောင်ပြန်ချ မခံခဲ့နဲ့ ဖြစ်လာသမျှငါလိုက်ရှင်းမယ်”… ဒီအမေအမြင်မှာ ဒီကလေးပြသနာလေးမှာ ငါ့သားနိုင်ရမယ်… ငါလိုက်ရှင်းမယ် ဘာဖြစ်ဖြစ်ဆိုတာမျိုး တကယ်တော့ကလေးဟာ ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်တော့ပဲ… ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး ဘာလုပ်လုပ် ငါ့မိဘ ရှင်းမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို တဖြည်းဖြည်းဖန်တီးယူလာတာပါ။ ဒါကိုဒီအမေမသိလိုက်ဘူး။ ဒီလိုပါပဲ ဒီဟင်း ရှိပါလျက်နဲ့ ဟိုဟင်းမြင်လို့ ဟိုဟင်းနဲ့ပဲ စားမယ်ဆိုတာမျိုး… အမေ့အမြင်မှာ ဟိုဟင်းနဲ့ကျွေးလိုက်လည်း နားအေးတယ်ဆိုတာပဲ […]
“လူနာကြည့် မလာပါနဲ့” – ( မြန်မာလူမျိုးများ ဆေးရုံမှာ လူနာကြည့်သွားတဲ့အခါ သိထားစရာအချက်များ )
နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်ရမယ့် နေရက်တွေ၊ အချိန်တွေ ရောက်လာတဲ့အခါ ကျေးဇူးပြုပြီး လူနာကြည့်၊ လူနာအားပေး မလာပါနဲ့တော့… ၁။ စကားပြောဖို့ကိုပင် မနည်းအားယူနေရမယ့် အချိန်မှာ နေကောင်းလား၊ သက်သာလားဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ။ ၂။ ရေမွှေးဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ (အမွှေးနံ့၊ ချွေးနံ့၊ ဟင်းနံ့တွေကိုတောင် မခံနိုင်တော့တာကို သတိပြုမိပါစေ) ၃။ ဝတ္တရားအရ လူနာမေးလာရင်း ဆယ်လ်ဖီလာမဆွဲပါနှင့် ( ထွက်ခွာရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြမနေပါနှင့်၊ ငါ့ကိုချစ်ရင် အားနာပါ၊ သံဝေဂလိုလို ဘာလိုလိုနှင့် ငါချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့်) ၄။ လူနာမေးလာတဲ့အခါ ငါလေလည်ချင်တာတွေ ကျင်ငယ်စွန့်ချင်တာတွေ ကျင်ကြီးစွန့်ချင်တာတွေကို အောင့်ထားရတဲ့အခါ ငါ့အတွက် တကယ်ပင်ပမ်းလွန်းလို့ပါ…. ၅။ ငါ မတတ်နိုင်လို့ ဆေးဖိုးဝါးခတွေ ပေးတဲ့အခါ […]
“ကောင်းလိုက်တဲ့စကားသင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်း ခြောက်ထောင့်လေးရာ ၈၆, ၄၀၀ ရှိတယ်..
“ကောင်းလိုက်တဲ့စကားသင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်း ခြောက်ထောင့်လေးရာ ၈၆, ၄၀၀ ရှိတယ်။ လူတစ်ယောက်က သင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့။ အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက် သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀) လုံးကို ပုံပြီးသုံးမလား။ ဒါမှမဟုတ် မေ့မေ့ပျောက်ပျောက်နေမလား။ အဖြေ ကတော့ ရှင်းပါတယ်။ စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။ ၁၀၀လောက်လျော့သွားတာ အတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေမလဲ။ ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွနု်ပ်တို့ရဲ့တနေ့တာမှာ စက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။ အဲဒီထဲက တစုံတယောက်ကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရတဲ့ အချိန် တစ်မိနစ်ကျော်ကျော်(စက္ကန့် ၁၀၀လောက်) အတွက်နဲ့ ဘာကြောင့်များစိတ်ဆိုးဒေါသတွေ ထွက်ပြီး ကျန်တဲ့ တနေ့တာရဲ့လက်ကျန် ၈၆, […]
မိဘတွေ ဖုန်းကိုင်ပါများလာရင် သားသမီးတွေအပေါ် ရလာနိုင်တဲ့ဆိုးကျိုး (၅) ခု
အမေရိကန်နိုင်ငံမှာ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ကို ၃ နာရီခန့် ဖုန်းအသုံးပြုပါတယ်။ နည်းပညာတွေက တဖြည်းဖြည်း တိုးတက်လာတာကြောင့် ဖုန်းကို အချိန်ပေးတာများပြီး မိသားစုကို အချိန်ပေးတာ နည်းလာတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ မိဘတွေက ဖုန်းအတွက် အချိန်ပေးတာများပြီး ကလေးကို အချိန်ပေးတာ နည်းရင် ဘယ်လိုတွေ ခံစားလာရမလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။ ၁။ ကလေးတွေရဲ့ လူမှုရေးဖွံ့ဖြိုးမှုတွေမှာ ပြဿနာရှိလာနိုင်ခြင်း မိဘတွေရဲ့ အာရုံစိုက်မှု ကင်းမဲ့ခြင်းဟာ ကလေးတွေရဲ့ စိတ်ဖွံ့ဖြိုးမှုကို အားနည်းစေပြီးတော့ စိတ်ဓာတ်ကျစေပါတယ်။ ပြီးတော့လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ ပြောကြားချက်အရ မိခင်စောင့်ရှောက်မှု အပြည့်အဝ မရတာဟာ ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေလည်း ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ ကလေးငယ်တွေဟာ […]
” ဗီဇ “ကိုတော့ လိမ်လို့ မရပါ…
” ဗီဇ “ကိုတော့ လိမ်လို့ မရပါ… တစ်ခါက… လူတစ်ယောက်ဟာ သူ့ရဲ့တတ်အပ်တဲ့ပညာနဲ့ နန်းတော်မှာအမှုထမ်းလိုကြောင်းပြောတော့ မှူးမတ်တွေကနေတဆင့် ဘုရင့်ရှေ့တော်မှောက်ကို ရောက်လာတယ်…။ ရှင်ဘုရင်က… ” မောင်မင်း ဘာပညာတတ်လဲ ” လို့ မေးတော့ အမှုတော်ထမ်းလိုသူက ရဲရဲဝံ့ဝံ့လျောက်တယ်… ” ကျွန်တော်မျိုး… သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ်” တဲ့ ။ ရှင်ဘုရင်ဟာ သူ့ကို နေရာကောင်းပေးဖို့ နေရာအလွတ် မရှိတာနဲ့ မကြာသေးခင်က မြင်းထိန်းတစ်ဦးသေသွားတာမို့ အဲ့ဒီ နေရာလေးကို သူ့အားပေးလိုက်တယ်။ ရက်အနည်းငယ်ကြာတော့… ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကိုတတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာရောက်နေတဲ့သူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့ရဲ့အကြိုက်ဆုံး မြင်းရဲ့အကြောင်းကိုမေးတော့တယ်…။ ” မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ… မျိုးစစ်မျိုးမှန် […]
ရင်သား တင်းရင်းပြီးလှပစေမည့် ပြုပြင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ၂မျိုး
ရင်သား တင်းရင်းပြီးလှပစေမည့် ပြုပြင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ၂မျိုး ရင်သားတွဲတာ ၊ နှစ်ဖက်မညီတာဟာ အိမ်ထောင်သည် ၊ ကလေးအမေတွေမှဖြစ်လေ့ရှိတာမဟုတ်ပါဘူး ။ နေထိုင်စားသောက်ပုံမှားယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒီလို ရင်သားတွဲကျမှုအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းနဲ့ အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ် ။ ပထမဆုံး အိမ်တွင်း နည်းလမ်းကောင်းတွေ အများကြီး ရှိပေမယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လူသုံးများတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော် ။ လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ တစ်မျိုးတည်းပါပဲ ။ အဲ့ဒါကတော့ သံလွင်ဆီစစ်စစ်ပဲဖြစ်ပါတယ် ။ ပထမဦးစွာ အိပ်ရာပေါ်လှဲပြီး ကျောနောက်မှာ ခေါင်းအုံးခံထားလိုက်ပါ ။ ထို့နောက် သံလွင်ဆီ အနည်းငယ်ကိုယူပြီး ရင်သားပေါ် ပွတ်လိုက်ပါ ။ ပြီးလျှင် ရင်သားကို စက်ဝိုင်းပံစံအတိုင်း နှိပ်နယ်ပေးရပါမယ် […]
ကားချင်း အားလုံးတူနေပါလျှက်နဲ့ နံပါတ်အနက်သမားက ဘာကြောင့်နံပါတ်အနီယာဉ်ကိုမောင်းခွင့်မရှိတာပါလဲ
ကားချင်း အားလုံးတူနေပါလျှက်နဲ့ နံပါတ်အနက်သမားက ဘာကြောင့်နံပါတ်အနီယာဉ်ကိုမောင်းခွင့်မရှိတာပါလဲ ************************************************ ကြည့်ပါအုံးဆရာရယ် သူလဲပရိုဘောက် ကျွန်တော့်ကားလဲပရိုဘောက် သူ့ကားကလဲ 2007 ကျွန်တော့်ကားကလဲ 2007အမျိုးအစားလဲတူတယ် ကားချင်းလဲတူတယ် ပုံကလဲ တပုံစံထဲ ကွဲခြားတာဆိုလို့ကားတစ်စီးလုံးမှာ နံပါတ်ပြားတစ်ခုပဲကွဲတယ် သူကအနီ ကျွန်တော်ကအနက် အဲ့လိုအားလုံးတူညီနေတဲ့ကားကို ကျွန်တော်ကသူ့ကားကိုတက်မောင်းလို့မရတော့ဘူးလားဗျာ ကျွန်တော့်ယာဉ်မောင်းလိုင်စင်ကတော့ မှန်ပါတယ်”ခ”ပါ ဒါပေမဲ့ ကားကအတူတူလေတဲ့။ မှန်ပါတယ် အဲ့ဒီလို တွေးတဲ့ မေးတဲ့သူတွေလဲရှိပါတယ်မေးသင့်တဲ့မေးခွန်လည်းဖြစ်တာကိုဒီတော့ ဒီလိုလေးဗဟုသုတမျှဝေချင်ပါတယ်။ ကားနှစ်စီးလုံးဟာ နံပါတ်ပြား အနီ အနက်ကွဲလွဲတာကလွဲလို့ အားလုံးတူညီနေကြပေမဲ့ အနက်သမားက အနီကားကို တက်မောင်းမရတာဟာ အဓိက ယာဉ်မောင်းလိုင်စင်ပါ ယာဉ်မောင်းလိုင်စင်ကရော ဘယ်လောက်အရေးပါနေသလဲလို့မေးရင်။ နံပါတ်အနက် ကိုယ်ပိုင်ယာဉ်ကိုမောင်းနိုင်ဖို့ သိပ်မခဲရင်းပါဘူး သင်မောင်း(သ)သုံးလ ဒါမှမဟုတ် ဆိုင်ကယ်မောင်းလိုင်စင်(က)သုံးလပြည့်တာနဲ့ စာမေးပွဲ ဖြေဆိုအောင်မြင်ရင်”ခ”ယာဉ်မောင်းလိုင်စင်ရလို့ ကိုယ်ပိုင်ကားမောင်းခွင့်ရပါပြီ ကိုယ်ပိုင်ကားဆိုတော့ မိမိမိသားစု သူငယ်ချင်းအပေါင်းအသင်း ဆွေမျိုးတွေကို […]
မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ… (ကောင်းလွန်းလို့ ဖတ်ကြည့်စေချင်တယ်)
မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ… မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ ကြားဖူးကြမှာပါ။ ဟွန်းဒါး ကုမ္ပဏီကို စတင်တည်ထောင်သူက ဂျပန်လူမျိုး ” ဟွန်းဒါးပါ ” နာမည် အပြည့်အစုံက ” Soichiro_Honda “(ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။ ဟွန်းဒါးကို အနောက်နိုင်ငံကသတင်းစာ မဂ္ဂဇင်းတွေမှာ အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အရှုံးမပေးတဲ့ လူလို့ ချီးကျူး ရေးသားကြပါတယ်။ ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို အနောက်နိုင်ငံတွေက ချီးမွန်းနေရတာလဲဆိုတာ… လေ့လာကြည့်ကြ ရအောင်။ ၁၉၃၈ခုနှစ်မှာ .အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ မော်တော်ကား အင်ဂျင်မှာသုံးတဲ့. ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ […]
မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ …
မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ … ကိုယ့်ရဲ့နေ့စဉ် လုပ်နေကျ နိစ္စဓူဝ ကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေ ထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ်ပြောင်း လဲနေထိုင်လိုက် ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် အတော်လေး အထောက် မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများမိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများမိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများအကူဖြစ်စေတဲ့ ကိစ္စ တခုပါပဲ ပျိုမေတို့ရေ ။ ဒါကြောင့် မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကြို ပန်လည်မျှဝေပေးချင် ပါတယ်။ (၁) တယောက်တည်းခရီးတွေ ထွက်ပါ […]









