သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ…ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ် နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက် သေဆုံးသွားသည်။ သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ။ လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။ နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။ သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့ အချိန်တန်ပြီ” မိန်းကလေး —“ဟင် … မြန်လိုက်တာ …သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်” သေမင်း —“တကယ်စိတ်မကောင်းပါဘူး။အချိန်မရှိတော့လို့ပါ …” မိန်းကလေး —“ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?” သေမင်း -“မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ” မိန်းကလေး –“သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ […]
အထွေအထွေဗဟုသုတ
ရာသီလာတဲ့အမျိုးသမီးတွေကို အိမ်အပြင်ဖက် သီးသန့်တဲအိမ်စုတ်အတွင်းမှာသာ အိပ်စက်ခွင့်ပေးတဲ့ နိုင်ငံ(ရုပ်သံ)
ရာသီလာတဲ့အမျိုးသမီးတွေကို အိမ်အပြင်ဖက် သီးသန့်တဲအိမ်စုတ်အတွင်းမှာသာ အိပ်စက်ခွင့်ပေးတဲ့ နိုင်ငံ(ရုပ်သံ) နီပေါနိုင်ငံဟာ မိန်းကလေးအများစု ရာသီလာချိန်တွေမှာဆိုရင် သီးသန့်တဲအိမ်လေးထဲမှာ နေထိုင်ရတဲ့ဓလေ့တစ်ခုရှိကြောင်း Parwati Bogati အမည်ရှိ အမျိုးသမီးတစ်ဦးက ပြောပြထားပါတယ်။ Parwati Bogati အမျိုးသမီးဟာလည်း မိန်းကလေးတိုင်း တစ်လတစ်ခါ ကြုံတွေ့ရတဲ့ အရာတစ်ခုကြောင့် တဲအိမ်လေးထဲမှာ ခုထိနေနေရတာပါ။အမျိုးသမီးတွေ ရာသီလာစဉ်မှာ နေထိုင်နေတဲ့ သီးသန့်တဲအိမ်လေးကို သူတို့တွေက “Chhaupadi”လို့ ခေါ်ကြပါတယ်။ ဆောင်းရာသီရောက်လို့ အေးစက်နေတဲ့ ညအချိန်တွေဆိုရင် မွန်းကျပ်နေတဲ့ တဲအိမ်လေးထဲမှာ မီးမွေးပြီး သူတို့ကိုသူတို့နွေးထွေးအောင် လုပ်ဆောင်ရပါတယ်။အဲ့ဒီအမျိုးသမီးတွေကို လူတွေ ၊တိရိစ္ဆာန်တွေ ၊အပင်တွေ ၊အသီးအရွက်တွေနဲ့ ထိတွေ့ခြင်း၊ဆက်သွယ်ခြင်းတို့ကို လုံးဝပိတ်ပင်တားမြစ်ထားပါတယ်။သူတို့တွေရဲ့ ဓလေ့တွေကလည်း ယဉ်ကျေးဖွယ်ရာ ကောင်း ပါတယ်။ JRose (KB Chimmy) ရာသီလာတဲ့အမျိုးသမီးတွေကို အိမ်အပြင်ဖက် သီးသန့်တဲအိမ်စုတ်အတွင်းမှာသာ အိပ်စက်ခွင့်ပေးတဲ့ […]
သင့်ဘဝရဲ့ အရေးကြီးဆုံးအရာအကြောင်း ပြောပြနိုင်မယ့် ပြတင်းပေါက်များ
သင့်ဘဝရဲ့ အရေးကြီးဆုံးအရာအကြောင်း ပြောပြနိုင်မယ့် ပြတင်းပေါက်များ ပြတင်းပေါက် နံပါတ် (၁) သင့်ဘဝမှာ အရေးကြီးဆုံးအရာက သင့်ရဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဟာ သင့်ကို အောင်မြင်စေမယ့် အဓိကနေရာ ဖြစ်တဲ့အတွက် သင့်ရဲ့ ရှိရှိသမျှ အားထုတ်မှုတွေကို လုပ်ငန်းခွင်မှာ တိုးတက်ဖို့ ရင်းနှီးမြှပ်နှံထားသင့်ပါတယ်။ ပြတင်းပေါက် နံပါတ် (၂) နံပါတ် (၂) ကို ရွေးချယ်လိုက်တဲ့ သင့်အတွက် အရေးကြီးဆုံးအရာကတော့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုတို့ ဖြစ်ပါတယ်။ သင်ဟာ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို တန်ဖိုးထားတတ်တဲ့ တက်ကြွပျော်ရွှင်သူတစ်ဦးဖြစ်ပါတယ်။ ပြတင်းပေါက် နံပါတ် (၃) မိသားစုက သင့်အတွက် အရာရာပါပဲ။ သင်ဟာ ခိုင်မြဲပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးပိုင်ဆိုင်ဖို့ မွေးဖွားလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ hwemom […]
VPN သုံးရင် ဒီအချက်တွေကို မဖြစ်မနေသိထားပါ
VPN သုံးရင် ဒီအချက်တွေကို မဖြစ်မနေသိထားပါ မြန်မာမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို ပိတ်ဆို့မှုခံထားရပြီး VPN လို့ခေါ်တဲ့ Virtual Private Network (သီးသန့်ကွန်ရက်တု) စနစ်တွေကို သုံးနေရတယ်ဆိုရင် ဒီအချက်တွေကို သင်မဖြစ်မနေ သတိထားဖို့လိုပါလိမ့်မယ်။ ကောင်းပြီ ဒီတော့ ကျနော်တို့ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်- ၁) VPN သုံးတာကြောင့် အင်တာနက်သုံးစွဲမှု နှေးကွေးနိုင်ပါတယ်။ ဒါ့အပြင် bandwidth တွေကို ကန့်သတ်ခံရပြီး မိမိကိုယ်ပိုင်ထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။ ၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။ ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။ ၃) Vpn သုံးထားရင် ဖေ့စ်ဘုတ်က လွှဲလို့ ကျန်တဲ့ app […]
ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်း လုပ်တတ်ကြတဲ့ အမှားအယွင်းများ
ဖုန်းအားသွင်းတာနဲ့ ပတ်သက်လို့ လူတိုင်း လုပ်တတ်ကြတဲ့ အမှားအယွင်းများ စာဖတ်သူတွေထဲမှာ နေ့စဉ် ဖုန်းမသုံးတဲ့သူ မရှိဘူးလို့ ထင်ပါတယ်။ နေ့တိုင်း ဖုန်းသုံးကြတဲ့အခါ တစ်နေ့ကို တစ်ကြိမ်မက ဖုန်းအားသွင်း တတ်ကြပါတယ်။ ဖုန်းအားသွင်းတာနဲ့ ပတ်သက်လို့ လူတိုင်းလိုလို လုပ်တတ်ကြတဲ့ အမှားအယွင်းလေးတွေကို သတိထား ဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ် ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်း စိုထိုင်းဆနဲ့ ဓာတ်ပြုပြီး မီးလောင်ခြင်းကို ဖြစ်စေနိုင်လို့ ဖုန်းအားသွင်းပြီးတိုင်း အားသွင်းကြိုးကို ဖြုတ်ထားပါ ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိ သွင်းထားတာက အားကုန်ဖို့ ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ ဖုန်းအားကုန်ပြီး ပိတ်သွားတဲ့အထိ သုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အားသွင်းခြင်းက ဖုန်းဘက္ထရီကို လွယ်လွယ် ပျက်စေပါတယ် […]
တစ်ချိန်ချိန်အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမယ် သိမ်းထားပါ
တစ်ချိန်ချိန်အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမယ် သိမ်းထားပါ ၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။ ၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်….အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။ ၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။ ၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။ ၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။ ၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။ ၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။ ၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။ ၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။ ၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ […]
သာသနာ ( ၂၅ဝဝ )ကျော်လာရင် . . မကောင်းသူပယ် ကောင်းသူကို ကယ်မယ့် ခေတ်
သာသနာ ( ၂၅ဝဝ )ကျော်လာရင် . . မကောင်းသူပယ် ကောင်းသူကို ကယ်မယ့် ခေတ် ရှေးလူကြီးတွေ ပြောဖူးတယ်။သာသနာ ( ၂၅ဝဝ )ကျော်လာရင် မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်။မကြားဘူးတာတွေ ကြားကြရလိမ့်မယ်။မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်မယ် လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်။ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မယ်။စစ်ပွဲတွေ ဖြစ်လာမယ်။အငတ်ဘေးတွေ ကြုံလာမယ်။ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ် သဘာဝဘေးတွေ ဖြစ်လာမယ်။ရုပ်ဝတ္ထုတွေ ထွန်းတောက်တိုးတက်လာကြလိမ့်မယ်။လူ့အတတ် နတ်မကလူ့အကြိုက်လည်း နတ် မလိုက်နိုင်။လူတွေ လောဘအတ္တအားကြီးလာကြလိမ့်မယ်။ရုပ်ဝတ္ထု တိုးတက်ရင်လောဘနောက် လိုက်ကြရင်းလူတွေစိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်။မလုပ်သင့် မလုပ်ထိုက်တာတွေလုပ်ကြလိမ့်မယ် မိန်းမတွေယောက်ျားနှင့် ရင်ဘောင်တန်းလာလိမ့်မယ်။မိန်းမတွေယောက်ျားနှင့် တူလာမယ်။ရဟန်းတွေ လူနဲ့တူလာမယ်။ဘုန်းကြီးကျောင်းတွေ အိမ်နှင့်တူလာမယ် အဆိုးအကောင်း ဒွန်တွဲလာလိမ့်မယ်။အပျက်တရား ပိုမြန်လာလိမ့်မယ်။ရုပ်ဝတ္ထု တိုးတက်နေ၍လူတွေကိလေသာအာရုံ လောကီနောက်သာလိုက်နေကြလိမ့်မယ် မိဘကို ပြန်သတ် မိဘကို ပြန်စော်ကား သား သမီးကို မယားလုပ် […]
မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု နက္ခတ်ပညာရှင်ဟောကိန်းထုတ်
မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု နက္ခတ်ပညာရှင်ဟောကိန်းထုတ် လာမည့် မတ်လ ၂၉ ရက်နေ့ (တပေါင်းလဆုတ် ၂ ရက်) နက္ခတ်လပြည့်ချိန်တွင် အင်္ဂါဂြိုလ်ကို ရာဟုအရိပ်မည်းဖုံးလွှမ်းမည်ဖြစ်ကြောင်း ဦးဇေယျာကို (နက္ခတ်ဥယျာဉ်) က ဟောကြားထားပြီး …. အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ခဲ့သောနောက်ဆုံးအကြိမ်တွင် နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်နေဝင်းနန်းကျပြီး အထိန်းအသိမ်း ခံခဲ့ရသည်ဟု သိရသည်။ လာမည့် ၂ဝ၂၁ ခုနှစ်၊ မတ်လ (၂၉) ရက်၊ တနင်္လာနေ့၊ နက္ခတ်လပြည့်ချိန် နံနက် (၁) နာရီ (၁၈) မိနစ်အချိန်တွင် အင်္ဂါနှင့်ရာဟုဂြိုလ်များ ဒီဂရီတိက်စြာ ပူးယှဉ်ကြမည်ဟု နက္ခတ်ပညာရှင်က ဆိုသည်။ ထိုသို့ပူးယှဉ်မှုမှာ မြန်မာ့အရေးကိစ္စများအတွက် များစွာလွှမ်းမိုးပတ်သက်လာနိုင်သည်ဟု ဆိုသည်။ (၁၈) နှစ်လျှင် (၁) ကြိမ်ပူးယှဉ်လေ့ရှိသော ၎င်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော နောက်ဆုံးအကြိမ်သည် ၂ဝဝ၂ […]
“လူတစ်ယောက်ကံကောင်းချင်လာပြီဆိုရင် ဒီလိုတွေဖြစ်လာမယ်. . . .”
“လူတစ်ယောက်ကံကောင်းချင်လာပြီဆိုရင် ဒီလိုတွေဖြစ်လာမယ်. . . . လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် …။၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ထိုစိတ်မျိုး ဝင်လာလျှင် ‘ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ’ ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကိုပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည် ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်းပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည် လှူချင်တန်းချင်စိတ်ပေါက်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ’၊ သီလဆောက်တည်ချင်စိတ် ပေါက် လာလျှင် […]
လက် (၄) မျိုး အကြောင်း သိပြီးပြီလား
လက် (၄) မျိုး အကြောင်း သိပြီးပြီလား စတုရန်းပုံသဏ္ဍာန် လက်ဖဝါးနဲ့ ထောင့်မှန်စတုဂံ ပုံသဏ္ဍာန် လက်ဖဝါး ဆိုပြီး (၂) မျိုး ရှိပါတယ်။ လက်ချောင်းတွေဆိုရင်လည်း တိုတာနဲ့ ရှည်တာဆိုပြီး (၂) မျိုး ရှိပါတယ်။ ဒီ (၂) မျိုးစီကို တွဲဖက်ကြည့်လိုက်ရင် လက်ပုံစံ (၄) မျိုး ထွက်လာပါတယ်။ (၁) စတုရန်းပုံ လက်ဖဝါးရှိပြီး လက်ချောင်းလေးတွေက တိုတိုတုတ်တုတ်နဲ့ဆိုရင် သင့်လက်က ပထဝီဓာတ် စိုးမိုးတဲ့ မြေလက် ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဘဝကို ရင်ဆိုင်နေတဲ့သူပါ။ လက်တွေ့ ကျတယ်။ အောက်သက်ကျေပြီး ဘယ်လောက် အောင်မြင်၊ အောင်မြင် ဘဝင် မမြင့်တတ်ကြပါဘူး။ ခံစားချက် ပြင်းထန်သူတွေ ဖြစ်ပေမယ့် တုန်လှုပ်တဲ့ ပုံစ ံ […]









