မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ…မြန်မာပြည်ပြန်ရင် မလုံခြုံတာကြောင့် ဂျပန်မှာ ခေါ်ထားမယ့် မြန်မာလူမျိုးတစ်ဦး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ပြည့်လျှံအောင်ဟာ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ် ဂိုးသမား ပြည့်လျှံအောင် ဟာ မနေ့က ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနဲ့သွားရောက်ကစားတဲ့ ပွဲစဉ်မှာ ပွဲမစခင် နိုင်ငံတော်သီချင်းထုတ်လွှင့်နေချိန်မှာဘဲ We Want Democrazy စာတန်းရေးသားထားတဲ့ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ပြည့်လျှံအောင်ရဲ့လုပ်ရက်ကြောင့် စစ်ကောင်စီက မြန်မာ အသင်းကို ဖိအားပေးပြီး ထုတ်ခိုင်းတာလား (FIFA) ဖီဖာက တိုက်ရိုက် အရေးယူတာလားဆိုတာတော့ BP က ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။ အဲဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နိုင်ငံတော် သီချင်းကိုလည်း သီဆိုခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ […]
ကြားသိရသမျှ
တကယ်တော့လောကမှာ တစ်ယောက်ထဲရပ်တည်နိုင်နေတာကိုကဂုဏ်ယူစရာ ပါပဲ
အမျိုးသမီးတစ်ယောက် ရဲ့ တန်ဖိုးကိုအိမ်ထောင် ရှိခြင်း၊ မရှိခြင်းနဲ့သိပ် ကို ဆုံးဖြတ်ကြတာပါပဲ အိမ်ထောင်မကျသေးတဲ့အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ၊ပြောင်စရာ အဖြစ် မှတ်ယူထားသူ ကများတတ် ပါတယ် ။ ယူမယ့်သူမရှိလို့ပဲ အပျိုကြီးဖြစ်နေရ သလိုလို၊ အားနည်းချက် တစ်ခုခု ကြောင့် လိုလို၊အပျိုကြီးတွေကပဲ ပစိပစပ်သိပ်များနေ သလိုလို၊အထင်သေး တတ်ကြပါတယ် ။ တကယ်တော့လောကမှာ တစ်ယောက်ထဲရပ်တည်နိုင်နေတာကိုကဂုဏ်ယူစရာ ပါပဲ အိမ်ထောင်ဘက် သေဆုံးသွားတဲ့မိန်ကလေးများ ကို ဆိုရင်လည်းအနေအထိုင် သိပ်ဆင်ခြင်ကြရတယ်။ သားမရှိဘဲ သမီးတွေနဲ့ပဲကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုး တတ်ပါတယ် ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ။သမီးတွေကို အရမ်းသွန်သင်ရပြီ။ ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးကအိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ။ ရပ်ကွက်ထဲက ယောကျာ်းတွေကအထင်သေး သလိုလို မိန်းမတွေကလည်း အချင်းချင်းနစ်နစ်နာနာ ပြောချင်ကြတယ်။ ယောကျာ်းတစ်ယောက်ယောက် နဲ့ရိုးရိုးသားသား စကားပြောရင်တောင်ရှာကြံအပြစ် လို့ တင်ကြပြန်ပါတယ်။ […]
အိမ်သာတက်ရင်း ဖုန်းကြာကြာ အသုံးပြုခြင်းဟာ လိပ်ခေါင်းရောဂါ ပိုမို ဖြစ်စေနိုင်….. နည်းပညာကမ္ဘာကြီးမှာ လူတွေဟာ ဘယ်လိုနေရာမဆိုမှာ ဖုန်းသုံးတာဟာ အံ့သြစရာ မဟုတ်တော့ပါ။ အိပ်သာတက်ရင်းလည်း ဖုန်းသုံးကြတာပါပဲ။ အမှန်တကယ်ကတော့ မကြာသေးခင်က ပြုလုပ်တဲ့ သုတေသနတစ်ရပ်မှာ ဗြိတိန်နိုင်ငံသား ၅၇ ရာခိုင်နှုန်းဟာ အိပ်သာတက်ရင်း ဖုန်းသုံးကြတယ်လို့ သိရပါတယ်။ ဒီထဲမှာ ရှစ်ရာခိုင်နှုန်းက အိပ်သာတက်ရင်း ဖုန်းမပါမဖြစ်ဆိုတဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အိပ်သာတက်ရင်း ဖုန်းသုံးတယ်ဆိုတဲ့ အရေးဟာ စမ်းသပ်သုတေသနတွေ လုပ်ဖို့တော့ လိုပါမယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဝန်တွေက သတိပေးလာနေပါတယ်။ အိပ်သာတက်ရင်း ဖုန်းသုံးတာဟာ ကောင်းတဲ့ အကျင့်မဟုတ်ဘဲ ထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးလာတာပါ။ အဲဒီလို အိပ်သာတက်ရင်း ဖုန်းသုံးတဲ့ အကျင့်ဟာ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးတာပဲ ဖြစ်ပါတယ်။ […]
တရွာလုံးနီးပါး ပညာသည်တွေ ဖြစ်နေတဲ့ မြန်မာပြည် အထက်ပိုင်းက လမိုင်းရွာ (ဖြစ်ရပ်မှန်)
မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နယ်မြို့လေးတွေက ရွာငယ်လေးတွေတိုင်းမှာ တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဇာတ်လမ်းလေးတွေ ၊ ပရလောကဖြစ်ရပ်ဆန်းလေးတွေကတော့ ရှိတတ်ကြပါတယ် ၊ အဲ့လိုမျိုးဆန်းကျယ်တဲ့အဖြစ်အပျက် ၊ နှောင်းလူတွေ.. ကလေးငယ်တွေအထိ လက်ဆင့်ကမ်းပြီး အိပ်ယာဝင်ပုံပြင်ဆန်ဆန်ကျောရိုးယူပြီးပြောစမှတ်တွင်လောက်တဲ့ ချောက်ချောက်ချားချား ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေဆိုတာလည်း မနည်းမနောပါပဲ၊ ဒီလိုဇာတ်လမ်းလေးတွေကိုဖြစ်ခဲ့ ကြုံခဲ့ဖူးကြတဲ့ သူတွေဆိုတာလည်း တစ်ချို့က ကွယ်လွန်သွားကြသလို ၊ ဟိုးရှေးလူတွေလည်းဖြစ်နိုင်ပါတယ် ၊ တစ်ချို့က အခုထိ သက်ရှိထင်ရှားရှိပြီး လက်ဆုပ်လက်ကိုင်သက်သေနဲ့တကွ တိတိကျကျပြောပြနိုင်တဲ့အထိ ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂိုလ် ၊ နေရာတွေလည်း ရှိနေတုန်းပါပဲ ၊ အဲ့ဒီလို ပြောပြနိုင်ဆဲဖြစ်တဲ့ ရွာလေးတွေထဲမှာ ရွာလေးတစ်ရွာကလည်း အပါအဝင်ပေါ့… ၊ ရွာကလေးရဲ့နာမည်ကိုက ဆန်းနေတာ လမိုင်းရွာ တဲ့ ။လမိုင်းဆိုတဲ့ ရွာကလေးက ဒေသအခြေအနေအရ တောဆန်ပြီးတော့ လုံးဝနီးပါး မဖွံ့ဖြိုးသေးတဲ့ ရွာကလေးတစ်ရွာပါပဲ […]
မိန်းကလေးအများစုမသိသေးတဲ့ ယောက်ျားတို့ဖောက်ပြန်တဲ့အကြောင်းများ
ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အိမ်ကပေးစားတာမဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်သူ့မှာရှိတယ် တစ်နှစ်ကျော်လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ဇယားကပ်ရော ဒီအဖြစ်အပျက်ကမျိုးစောင့်ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့ မိန်းမကသိတော့တငိုငိုတရီရီနဲ့၊ကွာရှင်းမယ်မပေါင်းဘူးလုပ်ရော၊သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ် သူ့ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ်ချစ်စရာလေး၊ နောက်ယူလိုက်တဲ့ မယားငယ်က KTVကဆော်၊ သူ့ပထမမယားရဲ့ခြေဖျားမမီဘူး။ကိုယ်လဲသိသိချင်းက ဒီကောင့်ကိုရွံပြီးစကားမပြောဘူး။အဲဒီလိုဖြစ်ပြီး 2နှစ်လောက်ကြာပြီးတော့ မန်းလေးသွားရင်းတစ်ရက်ဈေးချိုထဲမှာအမှတ် မထင် ဒီကောင်နဲ့ပက်ပင်း သွားတိုးတယ် (ဈေးထဲမှာ ပစ္စည်းတွေလာသွင်းတာတဲ့) ကိုယ့်ကိုအတင်းခေါ်ပြီး မုန့်လိုက်ကျွေးပြီး သူ့ဖြစ်ကြောင်းကုန်စင် သေချာပြောပြတော့မှ ကိုယ်လဲသိတော့တယ် မင်းစဉ်းစားကြည့်ကွာ ငါ့အလုပ်ကပြန်လာရင် ညနေ7နာရီလောက်၊ သူစက်ချုပ်နေတယ် ထမင်းစားမယ်ပြောရင် ကြောင်အိမ်ထဲမှာခူးပြီးသား ထုတ်စားလိုက်လို့ စက်ခုံကမထပြောတယ်။မနက်အလုပ်သွားရမယ့်ငါက အစောကြီးအိပ်ရတာ 10နာရီဆို အိပ်ချင်ပြီ အိပ်ယာလာခင်းပေးတာမရှိသလို […]
ဂျပန်တရားရေးဝန်ကြီးကတော့ ရွှေမြန်မာတို့အတွက် ဝမ်းသာစရာသတင်းကောင်းပါးလိုက်ပါပြီ…
ဂျပန်တရားရေးဝန်ကြီးမှ မြန်မာတွေ ဂျပန်ကိုဆန္ဒရှိရင်လာနိုင်ကြောင်း အလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ကြောင်းပြောဆို ဂျပန်က မြန်မာတွေရဲ့ ဒုတိယအိမ်ဖြစ်လာမှာလား ? အုံကြွမူတွေ ဖြစ်ပေါ်နေတဲ့ မြန်မာမှာ အရပ်သားပြည်သူတွေထိခိုက်သေဆုံးမူတွေဖြစ်ပေါ်နေတဲ့အတွက် ဂျပန်တရားရေးဝန်ကြီးဌာနကနေ မြန်မာလူမျိုးတွေကို ဂျပန်မှာနေထိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ခွင့်ပြုပေးဖို့ အတည်ပြုလိုက်တယ်လို့ သိရှိရပါတယ်.. တရားရေးဝန်ကြီး Kamikawa က သတင်းစာရှင်းလင်းပွဲမှာ – မြန်မာတွေ ဆန္ဒရှိပါက ဂျပန်မှာလာနေထိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးအစီအစဉ်အနေနဲ့ [အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်(မြန်မာလူမျိုးများအတွက်) ] ကို ၂၈ရက်နေ့ကနေ စပြီး ခွင့်ပြုပြီလို့ ထုတ်ပြန်လိုက်ပါတယ်.. ဒုက္ခသည်အဖြစ်လျှောက်ထားလာမယ်ဆိုရင်တော့ ချက်ချင်းစစ်ဆေးပေးမယ်ဟုကြေညာပြီး ဒုက္ခသည်အဖြစ်အတည်မပြုပေးနိုင်ရင်တောင် ဂျပန်မှာနေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်.. နေထိုင်ခွင့်ကျပြီးသားသူတွေက သတ်မှတ်ကာလကုန်ဆုံးသွားချိန်မှာလည်း တစ်နှစ်ထပ်တိုး အလုပ်လုပ်ကိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး မြန်မာမှာ အခြေအနေပြန်ကောင်းလာရင်တော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်.. မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်သူပြည်သားတွေကို ဖိနှိပ်မူတွေ ကြောင့် အသက်ဆုံးရူံးရမူတွေ ကြီးစွာဖြစ်ပွားနေပါတယ် […]
စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်း လေးပါ
စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်း လေးပါ စိတ်ထဲမှာမြင်ရတဲ့အခါတိုင်း ရင်နင့်ဖွယ်ကောင်းတဲ့ မြင်ကွင်း လေးပါ..အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။ အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီးလာခဲ့ကြရပါသတဲ့။ စာသင်ကျောင်းတွေရှေ့ရောက်ရင်အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကိုအပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်.. တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်းကျေးဇူးတင်မိပါတယ် ။ သာသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။ (လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့စာနာကြည့်မိတိုင်းကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ […]
ငွေထုတ်ပေးဖို့ ရက်ချိန်းပေးပြီးမှ ငွေထုတ်မပေးဘဲ မိုက်ရိုင်းတဲ့ မန်နေဂျာကြောင့် CB BANK မှာ ပွဲကြမ်းကုန်ပြီ
CB Bank နဲ့ ဖြစ်တဲ့ကိစ္စ ပြောပြမယ်နော် ငါးလပိုင်း အလယ်ထဲက CB Bank မှာငွေထုတ်ဖို့ အတွက် ငါးလပိုင်းအကုန်အထိပြည့်နေပြီမို့ ၆ လပိုင်းအတွက် တုံကင်ကို ၅ လပိုင်း ၂၈ ရက်နေ့ ၉နာရီခွဲပေးမယ် လာယူပါဆိုပြီး ပြောပါတယ်။ အခု ဒီနေ့ ၈နာရီခွဲ သွားယူတော့ ည ၂ နာရီ ၃ နာရီထဲက တန်းစီပြီး သူတို့ဖာသာ တုံကင် နံပါတ်တွေစီထားကြတာပါတဲ့။ (ရဲက မဖမ်းဘူးလား မာရှယ်လော ဘာလဲ? ဘယ်လဲ?)။ မနက် သူတို့ ပြောထားတဲ့အချိန်သွားတဲ့လူတွေကိုကျ အကုန် ခွေးမောင်းသလို ပြန်လွှတ်ပါတယ်။ Customer Service ပေးတဲ့ နေရာတစ်ခုက အဲလို ရိုင်းစိုင်းဖို့လိုလား။ ကိုယ့်စကားကိုယ်တန်ဖိုးထားရင် ကိုးနာရီခွဲမှ တိုကင်ပေးမယ် […]
ပုဂံတွင် ထူးခြားလှတဲ့ နေထီးဆောင်းမှု….မြန်မာနိုင်ငံအတွက် ကောင်းသောအတိတ်နိမိတ်ပါ…
ပုဂံတွင် ထူးခြားလှတဲ့ နေထီးဆောင်းမှု ပုံရိပ်တစ်ချိူ့ မေလ ၂၈၊၂၀၂၁။ မြန်မာ နိုင်ငံတွင် နေထီးဆောင်းခြင်း နှင့် ပတ်သက် ၍ အတိတ် နိမိတ် တဘောင် များစွာရှိ ပြီး… ယနေ ့ နေထီးဆောင်း ခြင်း နှင့် ပတ်သက် ၍ အတိတ်၊နိမိတ် ကောက် ယူမှု ဆိုင်ရာ သုတေသီဦး ကျော်မြင့် က နေထီးဆောင်း တယ် ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို ့မင်းလောင်ပေါ်တဲ့ အချိန် တို ့တိုင်းပြည် မှာ အငတ် ဘေး တို ့ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ် ဟု ပြောကြားသည်။ […]
ဂျိုးဘိုင်ဒန်ခန့်အပ်လိုက်တဲ့ သံတမန်အသစ်ကြောင့် အမေစု လွတ်တော့မည်
မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မယ့် အထူးသံတမန်တစ်ဦးကို ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရကို အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ခန့်လိုက်တဲ့အထူးသံတမန်ဟာ ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကို မဟာဗျူဟာကျကျ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်နိုင်မှာဖြစ်သလို မဟာမိတ်တွေဖြစ်တဲ့ Quad အဖွဲ့ဝင်၊အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မယ်လို့ ယူဆပြီး ကောင်စီဘက်က တောင်းဆိုလိုက်တာပါ။ crd zawgyi မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မယ့် အထူးသံတမန်တစ်ဦးကို ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရကို အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ခန့်လိုက်တဲ့အထူးသံတမန်ဟာ ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကို မဟာဗျူဟာကျကျ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်နိုင်မှာဖြစ်သလို မဟာမိတ်တွေဖြစ်တဲ့ Quad အဖွဲ့ဝင်၊အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မယ်လို့ ယူဆပြီး ကောင်စီဘက်က တောင်းဆိုလိုက်တာပါ။ crd









