ကြားသိရသမျှ

တက္ကစီ ငှားစီးမိတဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ပါ

ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာ ကနေ လှည်းတန်းသွားတော့ တက္ကစီ ငှားစီးသွားတယ်။ ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချာရွေးပြီး ငှားရတယ်။ ကားထဲမှာလူပိုပါသလား။ အဲကွန်းဖွင့်ထားသလားကြည့်ရတယ်။ ဆေးခပ် မှာကြောက်လို့။ အဲဒါနဲ့ ကားငှားတာ တော်တော် ကြာသွားတယ် နောက်ဆုံး တက္ကစီတစ်စီးကျတော့မှ ကားသမားပုံစံကလည်း ရိုးသားတဲ့ ပုံပေါ်တယ်။ အဲကွန်းလည်းဖွင့်မထားဘူး။ လူပိုလည်းမပါဘူး။ ပိုစိတ်ချရအောင် ထပ်မေးလိုက်သေးတယ်။ လူထပ်တင်မှာလား။ လမ်းမှာ အဲကွန်းဖွင့်မှာလား ဆိုတော့ လူထပ် မတင်ပါဘူး တဲ့။ အဲကွန်းကလည်း ပျက်နေတာ တဲ့။ ဖွင့်ချင်ရင်တောင် ဖွင့်လို့မရဘူးတဲ့။ အဲဒီ့အချိန်မှာပဲ သတိရလို့ ထပ်မေးကြည့်လိုက်တယ်။ ကားမော င်းနေတုန်း ဖုန်းမကိုင်ရဘူး။( ဘာညာဗီဒီယိုကားတွေ ဖုန်းနဲ့ဖွင့်ပြတာ ဖေ့စဖုတ်ထဲ ဖတ်ဖူးတယ်လေ) တစ်ထောင်ပိုပေးမယ် ဆိုတော့ […]

ကြားသိရသမျှ


ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင် နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင် ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင် နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့် ရွှေဘတောင် ရွှေဘတောင် မုံရွာတစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။ အံသြရပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။ […]

ၾကားသိရသမွ်

ယနေ့မြန်မာဘီယာမှ (၁၀)သိန်း ဆု ကြီးကို ကံထူးခဲ့သူများ….

ဒါကနောက်တယောက် မြန်မာဘီယာ(၁၀)သိန်း ဆု ကြီးကို အောင်ပန်းမြို့ ရွာငံစုရပ်ကွက်နေ ကိုဖြိုး မှ မေဆု စားသောက်ဆိုင်တွင် ဝယ်ယူသောက်သုံးရာမှ ကံထူးသွားပါသည်.. အားလုံးပျော်ရွှင်_မြန်မာဘီယာရဲ့ဆုမဲအစီအစဥ် Credit မြန်မာဘီယာသံဗူး330mlမှ၁၀သိန်းဆုကံထူး ၅.၁၂.၂၀၂၀ မော်လမြိုင်မြို့၊မြေနီကုန်းအဝေးပြေးကားဝင်းအတွင်းရှိ ရွှေဩကြီး ဆိုင်မှ ဦးမျိုးမြင့်အောင်မှာ အမှတ်၂၃/(ဆ)လမ်း/ဒေါင်းပင်းရပ်မှနေသူမှာ ဝယ်ယူပြီး မြန်မာဘီယာသံဗူးတို(330ml)မှ ယနေ့၁၀သိန်းဆု ဆုခူးသွားခဲ့ကြောင်းသိရသည်။ ဆုမဲပေါင်းများစွာ ကျန်ရှိနေသေးသည့်အတွက် သူငယ်ချင်း တို့အနေဖြင့်သေချာစစ်ဆေး ဖို့မမေ့ကြနဲ့နော် Pyae Kyaw ဒါကနောက်တယောက် မြန်မာဘီယာ(၁၀)သိန်း ဆု ကြီးကို အောင်ပန်းမြို့ ရွာငံစုရပ်ကွက်နေ ကိုဖြိုး မှ မေဆု စားသောက်ဆိုင်တွင် ဝယ်ယူသောက်သုံးရာမှ ကံထူးသွားပါသည်.. အားလုံးပျော်ရွှင်_မြန်မာဘီယာရဲ့ဆုမဲအစီအစဉ် Credit မြန်မာဘီယာသံဗူ3း30mlမှ၁၀သိန်းဆုကံထူး ၅.၁၂.၂၀၂၀ မော်လမြိုင်မြို့၊မြေနီကုန်းအဝေးပြေးကားဝင်းအတွင်းရှိ ရွှေဩကြီး ဆိုင်မှ ဦးမျိုးမြင့်အောင်မှာ အမှတ်၂၃/(ဆ)လမ်း/ဒေါင်းပင်းရပ်မှနေသူမှာ ဝယ်ယူပြီး မြန်မာဘီယာသံဗူးတို(330ml)မှ […]

ကြားသိရသမျှ

” ပြန်လာခဲ့မယ် ” လို့ အားတင်းပြုံးကာ မျက်ရည်တွေနဲ့ ဧရာဝတီစင်​တာက (P)ဖြစ်သွားတဲ့ဗော်လန်တီယာ လူငယ်လေး….

ဧရာဝတီစင်​တာက (P)ဖြစ်သွားတဲ့ဗော်လန်တီယာ လူငယ်လေးပါ။ ဘယ်လိုဘဲ အားပေးကြ၊ အားတင်းထားပေမဲ့၊ လူ .. ဆိုတာ တုန်လှုပ်တတ်တာပါဘဲ။ ” ပြန်လာခဲ့မယ် ” လို့ အားတင်းပြုံးကာပြောနေပေမဲ့၊ သူ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ..!! ဖြစ်သင့် ဖြစ်ထိုက်လို့ စွန့်စားရင်း ခံရတာမျိုးကျတော့ သေဘဲသွားသွားပါ။ စွန့်စားရကျိုးနပ်ပါတယ်။ မလိုအပ်ပဲ ရောဂါကူးစက်လာသူတွေကိုစောင့်ရှောက်ရတာမျိုးအတွက်ကျတော့ကူညီရတဲ့ကလေးတွေ မှဲ့တစ်ပေါက်မစွန်းစေလိုပါ။ အုပ်ချုပ်သူတွေရော၊ အုပ်ချုပ်ခံတွေရောလုပ်သင့်တာကို ပိုင်းခြားသိမြင်နိုင်ကြဖို့တောင်းဆိုပါတယ်။ ဒီကလေးမျက်နှာကို စေ့စေ့စပ်စပ် ၂ ခါလောက်ပြန်ကြည့်စမ်းပါ။ ငါ့ သား/ တူ/ညီ/ အစ်ကို စသည်ဖြင့် ဖြစ်နေရင် ဘယ်လိုနေမလဲ … ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်ဖြစ်ကိုယ်ခံဆို‌ပေမဲ့ ကိုယ်အသုံးမကျလို့ သူတပါးပါဒုက္ခရောက်နိုင်တာကိုတော့ လူလိုစဉ်းစား၊ စာနာကြပါ လို့ ..!!! ကာယကံရှင်ခွင့်ပြုချက်ဖြင့် မျက်နှာမကာပဲ တင်ပါသည်။ Photo credit […]

ကြားသိရသမျှ

Q ဝင်နေရတဲ့ ချစ်သူကောင်လေးကို အုတ်တံတိုင်းကျော်ပြီး ခိုးဝင် လာတွေ့တဲ့ ကောင်မလေးကို ပတ်ဝန်းကျင်က စောင့်ဖမ်းပြီး အရေးယူ

ရည်းစားဖြစ်သူ Quarantine ဝင်နေချိန် အုတ်တံတိုင်းကျော်ဝင်ကာခိုးတွေ့သည့်အမျိုးသမီး Quarantine ဝင်နေရ ၊ တားမြစ်ထားသောနေရာအတွင်းကျူးကျော်ဝင်ရောက်မှုဖြင့် အရေးယူခံရမည် ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရည်းစားဖြစ်သူ Quarantine ဝင်နေရသည့်အတွက် အုတ်တံတိုင်းကျော်ပြီး ဝင်ရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီးတစ်ဦးသည် လက်ရှိအချိန်တွင် Quarantine ဝင်နေရပြီး ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အမှုဖွင့်အရေးယူထားသည် ဟု သိရသည်။ တာချီလိတ်မှ ပြန်လာပြီးကျောက်မဲရှိ အထက ( ၃ ) Quarantine စင်တာတွင် အသွားအလာ ကန့်သတ် ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဆိုသူ အမျိုးသမီးတစ်ဦးက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က အုတ်တံတိုင်းကျော်ဝင်၍ တွေ့ဆုံခြင်း၊ ခိုးထုတ်၍ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့် အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက စောင့်ကြည့် […]

ကြားသိရသမျှ

ရှာစုခဲ့သမျှငွေ မိန်းမကို ယုံပြီး အပ်ခဲ့တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရတဲ့အဖြစ်

ာစုခဲ့သမျှငွေ မိန်းမကို ယုံပြီး အပ်ခဲ့တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ လိမ်လည်တိုင်တန်းထားသည့် အမှု နိုဝင်ဘာလ(၂၁)ရက်နေ့ မနက် (၁)နာရီအချိန်ခန့်ကတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အမှုထမ်းရပ်ကွက်တွင်နေအိမ်ထဲ၌သားအမိနှစ်ယောက်ထဲရှိနေစဉ်အမည်မသိအမျိုးသား(၁)ဦးမျက်နှာကိုပုဆိုးအုပ်စည်းလျက်အရိုးအသွား(၆)လက်မခန့် ဓားဦးချွန်ကိုင်ဆောင်ကာခြိမ်းခြောက်၍ရွှေ/ငွေတန်ဖိုးခန့်(၉၄၀၀၀၀၀)ကျပ်ခန့်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂၁)ရက်နေ့မနက်(၁)နာရီအချိန်ခန့်ကတရားလိုဖြစ်သူ ဒေါ်သန်းသန်းဝေ(၄၇)နှစ်(ဘ)ဦးသံချောင်း သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နေသူသည် ၎င်း၏နေအိမ်၌ သမီးဖြစ်သူမအေးမြတ်သူ(၈)နှစ်နှင့်အတူနေအိမ်ရှေ့ခန်းတွင် – ကာတွန်ကားထိုင်ကြည့်နေစဉ်သမီးဖြစ်သူမှဗိုက်ဆာသည်ဆိုသဖြင့် အိမ်ရှေ့တံခါးဖွင့်ပြီးလက်ဆေး၍ တံခါးဂျက်အားဂျက်မထိုးပဲဟထားကာ ထမင်းကျွေးပြီးသမီးဖြစ်သူမှထမင်းစားပြီးအိပ်မည်ပြောသောကြောင့်ခြင်ထောင်ထောင်ပေးနေစဉ် နေအိမ်ရှေ့တံခါးအားတွန်းဖွင့်သံကြား၍ကြည့်လိုက်ရာနေအိမ်ထဲသို့မျက်နှာပုဆိုးဖြင့်အုပ်စည်းထားသောအမည်မသိအမျိုးသားတစ်ဦးဝင်လာပြီး၎င်းလက်ထဲတွင်အရိုးအသွား (၆) လက်မခန့်ဓားဦးချွန်တစ်ချောင်းကိုင်ထားကာ – တရားလိုဖြစ်သူအား”ပိုက်ဆံပေး”ဟုတောင်းခံရာတရားလိုမှပိုက်ဆံမရှိကြောင်းပြန်လည်ပြောဆိုလိုက်စဉ်”သားအမိနှစ်ယောက်လုံးသက်ပြစ်မယ်””ရှိတာထုတ်ပေးဟု”ပြောဆိုကာ ဘီဒိုသော့အားအတင်းဖွင့်ခိုင်းသဖြင့်ကြောက်​လန့်၍ဖွင့်ပေးလိုက်စဉ်ထိုသူမှဗီဒိုတွင်းထဲ့ထားသည့်အမျိုးသမီးဘေးလွယ်အိတ်တစ်လုံးအားတွေ့ရှိသွားသဖြင့် – ဖွင့်ခိုင်းရာအိတ်အတွင်းမှငွေစက္ကူရောရာ(၇၅)သိန်းကျပ် ရွှေဆွဲကြိုးအပါစုစုပေါင်းရွှေအလေးချိန်(၂)ကျပ်သား(၂)မူးကာလခန့်မှန်းတန်ဖိုး(၁၉၀၀၀၀၀)ကျပ်အားတို့အားတွေ့ရှိရသဖြင့်ယူဆောင်၍နေအိမ်ပြန်ထွက်သွားရာ​- အိမ်အပြင်ဘက်တွင်အမည်မသိအမျိုးသားတစ်ဦးစောင့်နေသည်ကိုတွေ့ရှိရကြောင်းနှင့်ပိုက်ဆံပေးရင်ပေးမပေးရင်သက်ပြစ်မယ်ခြောက်လှန့်၍ရွှေနှင့်ငွေများတောင်းယူသွားသူအမည်မသိအမျိုးသား(၂)ဦးအားဥပဒေအရအရေးယူဆောင်ရွက်ပေးရန် သန်လျင်မြို့မရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်၊တရားလိုဖြစ်သူ၏ခင်ပွန်းဦးမိုးသူနှင့်သားဖြစ်သူမောင်ရှိုင်းကိုကိုတို့သည် ကိုဗစ် လူနာများနေထိုင်ရေးအတွက်အဆောက်အဦးအသစ်ဆောက်လုပ်ရန်ဖောင်ကြီးမြို့နယ်သို့ဆောက်လုပ်ရေးလုပ်ငန်းကို နိုဝင်ဘာလ(၇)ရက်နေ့ကသွားရောက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်၊ ယခုအခါသန်လျင်မြို့မရဲစခန်းမှဖြစ်စဉ်နှင့်ပက်သက်၍(ပ)၃၀၇၅/၂၀၂၀၊ပုဒ်မ- ၃၈၆/၁၁၄ အရအမှုဖွင့်၍အမှုစစ်အဖြစ်နယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှတရားခံအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်လိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ကျော်ကျော်(သန်လျင်) Unicode ရှာစုခဲ့သမျှငွေ မိန်းမကို ယုံပြီး အပ်ခဲ့တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် […]

ၾကားသိရသမွ်

ဆေးရုံမှာဘဲ လက်ထပ်ပွဲကျင်းပခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ ကွယ်လွန်သွားခဲ့တဲ့ သတို့သမီး

ကျွန်တော်တို့တက်ရောက်ခဲ့ဖူးတဲ့မင်္ဂလာပွဲတွေမှာ သတို့သားနဲ့သတို့သမီးက ရှေ့ဆက်မယ့်သူတို့ဘဝအတွက် “ကောင်းအတူ ဆိုးအတူ ၊ချမ်းသာဆင်းရဲအတူ၊ကျန်းမာပျှော်ရွှင်စွာနဲ့အတူတူ ဖြတ်သန်းသွားကြမယ်”စတဲ့စကားတွေ ကတိသစ္စာပြုကြတာကို တွေ့ဖူးကြမှာပါ။ဒါပေမဲ့ အခုမင်္ဂလာစုံတွဲတစ်တွဲအတွက်ကိုတော့ ကံတရားကြီးကမျက်နှာသာမပေးခဲ့ပါဘူး။ အခုအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ Connecticutပြည်နယ် Hartfordမြို့ St. Francis ဆေးရုံမှာ ဖြစ်ပွါးခဲ့တာပါ။အသက် ၃၅နှစ်အရွယ် David Mosherအမည်ရှိတဲ့အမျိုးသားနဲ့ သူ့ချစ်သူအသက် ၃၂နှစ်အရွယ် Heather Lindsayတို့ဟာ မကြာခင်က ဆေးရုံခန်းထဲမှာ ချစ်ခြင်းထုံးဖွဲ့ခဲ့ကြပါတယ်။ကြေကွဲစရာကောင်းတဲ့မင်္ဂလာပွဲဓာတ်ပုံတွေဟာ onlineမှာ ပျံ့နှံ့သွားလေခဲ့ပါတယ်။ Davidဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့မှာသူတို့နှစ်ဦး ဆရာဝန်ဆီသွားခဲ့ပြီး Lindsayဟာ lymph node တွေထဲပြန့်နှံနေတဲ့ရင်သားကင်ဆာခံစားနေရတာကိုသိခဲ့တဲ့အဲဒီနေ့မှာဘဲ သူမကို ချစ်ခွင့်ပန်ခဲ့တာပါ။Davidဟာ ရောဂါကြောင့် သူတို့ချစ်ခြင်းကို အခွဲမခံစေခဲ့ပါဘူး။”ငါသူ့ကို ချစ်ခွင့်ပန်ခဲ့တယ် ငါတို့ဘဝရဲ့အပြင်းထန်ဆုံးနှစ်ဘဲ သူ ရိုးရာကုထုံးတွေနဲ့ကင်ဆာကို တိုက်ဖြတ်ဖို့ ရုန်းကန်နေရတယ်”လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ကင်ဆာက Lindsayရဲ့ဦးနှောက်နဲ့အဆုတ်ကိုပြန့်နှံ့သွားခဲ့ပြီး […]

ကြားသိရသမျှ

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ တစ်သောင်းတန်အထပ်လိုက်ကို ပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုး

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ တစ်သောင်းတန်အထပ်လိုက်ကို ပံ့သကူပစ်ပြီးကုသိုလ်ယူမယ့် နန်းဆုရတီစိုး နန်းဆန်ပြီးချစ်ဖို့ကောင်းတဲ့အပြုံးပိုင်ရှင်လေးနန်းဆုရတီစိုးကတော့ အနုပညာနယ်ပယ်မှာသာမက ဂီတနယ်ပယ်မှာလည်းအောင်မြင်နေသူတယောက်ပါ။ အဆွေးသီချင်းကောင်းကောင်းလေးတွေနဲ့ ပရိတ်သတ်ရင်ထဲကိုရောက်အောင်သီဆိုနိုင်ပြီး ဖော်ရွှင်တဲ့စိတ်ထားလေးကြောင့် နန်းဆုကိုချစ်ခင်သူတွေပိုများနေတာပါ။နန်းဆုကတော့ နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ယူဖို့အတွက်ကြိုးစားနေတာပါ။   နန်းဆုကတော့တန်ဆောင်းမုန်းလပြည့်နေ့မှာ ပံ့သကူလှူမယ့်အကြောင်းကိုတန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေးတွေလှူဖို့အတွက် ပြင်ဆင်နေကြပုံလေးတွေပါချစ်စရာအစဉ်အလာအလေ့အကျင့်လေးမို့ နန်းဆုလည်း ဝမ်းသာပျော်ရွှင်စွာလိုက်လုပ်ဖြစ်ပါတယ်။   ပံ့သကူအလှူလေးတွေရရှိသူတွေအားလုံးစိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင့်။နန်းဆုတို့ပံသကူပစ်ဖို့ပြင်ဆင်နေကြတာနဲ့လိုက်ပစ်တဲ့video လေးကိုညကျတင်ပေးမယ်နော်ချစ်ပရိတ်သတ်တွေအားလုံးတန်ဆောင်မုန်းလပြည့်နေမှာပျော်ရွှင်ကြပါစေအပူအပင်တွေကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင်ပြင်ဆင်နေတဲ့ပုံလေးတွေကိုလည်းမျှဝေခဲ့တာဖြစ်ပြီးတစ်သာင်းဆန်အထပ်လိုက်ကိုလှူဒါန်းဖို့အတွက်ပြင်ဆင်နေတာကိုလည်း တွေ့ရမှာပါ။ ရုပ်ချောသလော စေတနာသဒ္ဓါတရားထက်သန်လွန်းသူလေးပါပဲနော်။ Source – Nan Su Yati Soe

ကြားသိရသမျှ

ဗန်းမော်ဈေးထဲ ဆိုင်ကယ်တစ်စီးနဲ့ စာအိတ်တွေလိုက်ချနေလို့ ဘာလဲဆိုပြီးဖွင့်ကြည့်လိုက်တော့……

ဗန်းမော်ဈေးထဲ ဆိုင်ကယ်တစ်စီးနဲ့ စာအိတ်တွေလိုက်ချနေလို့ ဘာလဲဆိုပြီးဖွင့်ကြည့်လိုက်တော့ ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဗန်းမော်က အမည်မသိ လူတစ်ယောက်ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်လေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီကိုဗစ်ကာလဟာ ကာလကြာရှည် လော့ဒ်ဒေါင်းပိတ်ထားသည်ကို ပရိသတ်ကြီးလည်း အသိပါ။ ဒါ့ကြောင့် ပြည်သူတော်တော်များများ ဒုက္ခရောက်ကြရပါတယ်။ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ ချို့တဲ့သူတွေ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေကြရသူတွေအတွက် အရမ်းကို ပင်ပန်းခက်ခဲလွန်းတဲ့ ကာလကြီးပါ။ လှူဒါန်းသူတွေကလည်း လှူကြပေမယ့် တချို့ရပ်ရွာတွေက အတော်ကို ဝေးလံခေါင်ပါးလွန်းပါတယ် ။ ဒါလေးကတော့ ဗန်းမော်မြို့ကထူးခြားဖြစ်စဉ်လေး တစ်ခုပါ။ မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့နေစဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ရုတ်တရက် တွေးမိလိုက်တာ ဘာတိုင်သလည်းပေါ့။ ပြေးကောက်ပြီး ဖွင့်ကြည့်မိလိုက်တယ်။ အထဲမှာ […]

ကြားသိရသမျှ

ရန်ကုန်မြို့မှာ မြွေကြီးတွေ အတွေ့ရများလာတဲ့ အကြောင်းရင်း နောက်ကွယ်…..

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင်မြွေများတွေ့ရှိမှု ခုနစ်ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် ကြီးမားသည့် စပါးအုံး မြွေများလည်း ပါဝင်ပါတယ်။ ဖော်ပြပါ ၁၂ ရက်အတွင်း မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့ရသည့် မြွေ ခုနစ်ကောင် အနက်နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်ပါတယ်။စပါးအုံးကဲ့သို့ အရွယ်အစားကြီးမားသည့် မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရခြင်းမှာ ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှု တစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အချို့က ပြောပါတယ်။ “အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ပေါ့နော်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေကဘာတွေဖြစ်နေမှန်းမသိဘူး။ ငလျင်တွေ ဒီ့ထက်လှုပ်လာမလား။ ရေတွေ ဒီ့ထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ဆိုင်တယ်လို့တော့ ထင်တယ်” […]