ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့သူ သရုပ်ဆောင် ကျော်ဝင်းထွဋ် ပရိသတ်ကြီးရေ ဗွီဒီယိုခေတ်က နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ၆နှစ်အရွယ်မှာ ကလေး သရုပ်ဆောင်ဘဝနဲ့ အနုပညာလောက ကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် အသက် ၁၆ နှစ်မှာ နာမည်အရင်း ကျော်မင်းထွန်း ကို ကျော်ဝင်းထွဋ် လို့ ပြောင်းလဲခဲ့ပြီး လူကြီးသရုပ်ဆောင်အဖြစ် အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆက်လက်ရိုက်ကူးခဲ့တယ်။ မင်းသား ရဲကိုကို၊ရဲမင်းပိုင်တို့နဲ့အတူ အက်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။ ကျော်ဝင်းထွဋ် ဟာ ဖိုက်တင်မင်းသားဖြစ်တာကြောင့် ကရာတေးသင်တန်းတွေ တတ်ရောက်သင်ကြားခဲ့ပြီး ဇာတ်ကားတွေထဲမှာ တကယ်ဖိုက်ခဲ့တာကြောင့် အခုချိန်ထိတိုင်အောင် အဲ့ဒီဒဏ်တွေက နေမကောင်းဖြစ်ရင် ပြန်လည်ပေါ်လာတတ်တာကြောင့် အရမ်းကို ကိုက်ခဲနာကျင်ရပါတယ်တဲ့။ ဇာတ်ကားတွေရိုက်ကူးနေရင်းနဲ့ ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့ပါတယ်။ […]
cele
ပရိသတ်တွေနဲ့ မတွေ့ဖြစ်၊ စကားမပြောဖြစ်ကြပေမယ့် အားလုံးကိုတော့ သတိရနေတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
အဆိုတော် အိအိရဲ့ သမီးငယ်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည် း နေရာတစ်နေရာရရှိနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး (၅၀၅) က နဲ့ တရားစွဲခံခဲ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ အခုအချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့ပဲ အေးချမ်းစွာနေထိုင်နေဆဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ ချမ်းမြေ့မောင်ချိုက ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “အားလုံးနေကောင်းကြတယ်နော် ? မတွေ့ဖြစ် စကားမပြောဖြစ်တာကြာပေါ့။ အားလုံးကိုသတိရနေပါတယ်ဗျာ။ Milestones တွေရော အဆင်ပြေကြရဲ့လား ? မောင်ချို နေကောင်းကျန်းမာပါတယ် ဆေးလဲထိုးထားပါတယ်။ ဒီရက်ပိုင်းအေးတယ်နော်။ နွေးနွေးထွေးထွေးနေကြပါဗျ ” ဆိုပြီး […]
နေတိုးမင်္ဂလာဆောင်ပွဲနဲ့ပတ်သက်ပြီး သူမရဲ့ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ မိုးပြည့်ပြည့်မောင်ရဲ့ဗီဒီယိုလေး
နေတိုးမင်္ဂလာဆောင်ပွဲနဲ့ပတ်သက်ပြီး သူမရဲ့ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ မိုးပြည့်ပြည့်မောင်ရဲ့ဗီဒီယိုလေး မြန်မာဇာတ်လမ်းတွေမှာ ဇာတ်ပို့နေရာဖြစ်ဖြစ် ဇာတ်ဆောင် နေရာဖြစ်ဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူလေးကတော့ မင်းသမီး မိုးပြည့်ပြည့်မောင် လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်နော်.. မိုးပြည့်ကတော့ သီချင်းဆိုလည်း ကောင်းလှသူဖြစ်ပြီး အနုပညာသက်တမ်း တစ်လျှောက်မှာအောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်နော်…မိုးပြည့်ကတော့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တာကြောင့်လည်း သူမကို ချစ်ခင်ကြသူတွေလည်း များပြားလှပါတယ်နော်။ ဒီနေ့လေး မှာတော့ မိုးပြည့်က အနုပညာမောင်နှမ ဖြစ်တဲ့ မင်းသားချော နေတိုးရဲ့ မင်္ဂလာပွဲနဲ့ ပက်သက်ပြီး ပြောပြလာ ခဲ့တာ ဖြစ်ပါတယ်နော်ေ..နေတိုးရဲ့ မင်္ဂပွဲနဲ့ပက်သက်ပြီး နေတိုးကိုချစ်ကြတဲ့ ပရိသတ်တွေ ကတော့ နှမြေတသနဲ့ အွန်လိုင်းပေါ်မှာ ပွဲဆူနေခဲ့တာဖြစ်ပါတယ်နော်.. မိုးပြည့်ပြောပြတဲ့ ဗီဒီယိုလေးကို နားထောင်ပြီ ပရိသတ်ကြီးလည်း တစ်ခုခုလေး […]
မတော်ရသေးတဲ့ ယောင်းမလေးကို မိသားစုအရင်းချာလို သဘောထားပြီး ဝမ်းနည်းစရာရှိတိုင်း အမြဲရင်ဖွင့်လေ့ရှိတဲ့ သဇင်ထူးမြင့်
ပျောက်နေ တာ ကြာ ပေ မဲ့ အဖိုး အဖွား တွေကို ငွေ၅သိန်းဖိုးအပြင်ဆန်ရယ် ခေါက်ဆွဲထုတ်စတာတွေ သွားရောက်လှူဒါန်းခဲ့တဲ့cele နေဆန်;
ပရိသတ်ကြီးရေ နေဆန်းကတော့ ဟာသ ဗီဒီယိုဖိုင် နဲ့ ပညာပေးဗီဒီယိုဖိုင်လေးတွေကို ရိုက်ကူးရင်းပရိသတ်တွေ သတိထားမိကာ အားပေးဝန်းရံခံခဲ့ရတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ မိန်းမအသွင် နဲ့ ယောကျာ်းလေးအသွင်နှစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ အောင်မြင်လာတာနဲ့အမျှ မိဘအပေါ်မှာလည်း အရမ်းကိုသိတတ်လွန်းသူဖြသ်တာကြောင့် မြင်သူတိုင်းက နေဆန်းရဲ့ လိမ္မာမှု ကို မချီးကျူးဘဲမ နေနိုင်လောက်အောင်ပါပဲနော်။ အလှူအတန်းဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ်သဒ္ဓါတရားထက်သန်ကာ စိတ်ရောလူရော နှစ်ကာ ပြုလုပ်တတ်တဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာလည်း”ဒီနေ့ အလှုမှာ သားသမီးတွေမရှိတော့တဲ့ အဘိုးတွေ အဘွားတွေကိုကြုံတွေ့ရတယ် အရမ်းသနားဖို့ကောင်းတယ် အချို့အဘွားတွေဆို စ ားစရာဆန်တောင်မရှိတော့ဘူးတဲ့ ပြောတယ် 🥺အချို့ဆိုလဲ ခါးကျိူးသွားလို့ မိန်းမပစ်လိုက်ပီး ခလေးတစ်ယောက်နဲ့ကျန်ခဲ့တယ် 🥺 အမျိူးမျိူးကြုံတွေ့ရတယ် ဒါတွေမြင်ပီးစိတ်မကောင်းဖြစ်မိတယ် 🥺နေဆန်း ဒီနေ့ တစ်အိမ်ကို အလှုငွေ ၅ထောင်ရယ် ဆန်ရယ် ခေါက်ဆွဲခထုတ်ရယ် […]
ပျောက်နေတာကြာပေမဲ့ လည်း ဇနီးမေင်နှံတွေအမြဲတမ်းလုပ်ဖြစ်ခဲ့တဲ့လေးစားစရာလုပ်ရပ်လေးတစ်ခု ကို ထုတ် ဖေါ် ပြော ပြ လာတဲ့ ရွေထူး
တစ်ချိန်ကမြန်မာနိုင်ငံရဲ့ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေနဲ့အတူ ရေပန်းစားခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြပါတယ်။သူတို့ကတော့ တစ်ယောက် ကိုတစ်ယောက် အမြဲ Surprise တိုက်လွန်းတာကြောင့် ရွှေ၂ ရွှေဆိုပြီးလူမှုကွန်ရက်မှာနာမည်ကြီးခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီတို့ဇနီးမောင်နှံပဲဖြစ်ပါတယ် ။တစ်ချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်သူတွေဖြစ်ခဲ့ပေမယ့် ခုမှာတော့ ဝေဖန်မှုတွေနဲ့လည်းကြုံနေခဲ့ရတာပါ။ ဖေဖော်ဝါရီလ၁ရက်နေ့အာဏာသိမ်းပြီးချိန်မှာ ပရိသတ်တွေရှေ့ခဏထွက်လာသေးပေမယ့်နောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ တာပါ။ နာမည်ကျော်တစ်ခြားအနုပညာရှင်တွေတောင် မိမိကိုယ့်ကျိုးစွန့်ပြီးတော်လှန်နေချိန်မှာ သူတို့နှစ်ယောက်ဟာ မဆိုင်သလိုနေပြီးပျောက် ကွယ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုတောက်လျောက်ခံနေရတာပါ။ လူမှုကွန်ရက်မှာလည်း အချိန်တော်ကြာပျောက်သွားခဲ့ပြီး မကြာခင်ရက်ပိုင်းကတော့ ပြန်ပေါ်လာခဲ့ပါတယ်။ ထူးရဲ့ Facebook My Day ကနေပြီးတော့ လမ်းဘေးမှာ စျေးရောင်းနေတဲ့လူကြီးတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။လိုင်းပေါ်တင် တင်မ တင်တင်ပါသလောက်ငွေနဲ့ကျွန်တော်တို့အပြင်သွားတိုင်းလုပ်နေကြအလှုတွေပါဆိုပြီး video လေးတင်ထားတာပါ။ပရိသတ်တွေလည်း ခုမှ အလှုပုံရိပ်တွေနဲ့ပေါ်လာခဲ့တဲ့သူတို့ကိုလည်း တစ်ခုခုပြောသွားကြပါဦးနော်။ Credit ; Cele Thadin klcelenews တစ်ချိန်ကမြန်မာနိုင်ငံရဲ့ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေနဲ့အတူ […]
ကိုယ်တိုင်အပင်ပမ်းခံပြီး အပိုလိုမရှိအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒါရိုက်တာရဲ့ ချီးကျူးမှုကို ရခဲ့တဲ့ သန်းထိုက်(ကိုစိန်သောင်း)
ပရိသတ်ကြီးရေ ကျော်ထက်ကတော့MRTV4ဇာတ်လမ်းတွဲတွေမှာ စတင်ရု်က်ကူးကတည်းက ကျရာဇာတ်ရုပ်ကိုပရိသတ်ရင်ထဲစွဲနေအောင်သရုပ်ဆောင်တတ်သူတစ်ယောက်ပါ။ လက်ရှိမှာ ပြသလျက်ရှိတဲ့ စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲမှာလည်း ကိုစိန်သောင်းအဖြစ်ပါဝင်ကာ မင်းသားမင်းဘုန်းမြတ်(မောင်ဘုန်း)ရဲ့အစ်ကို အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ မနေ့ကပြသခဲ့တဲ့အပိုင်း၂၃မှာတော့ ကိုစိန်သောင်းတစ်ယောက် ညီဖြစ်သူအတွက် အသေခံကာ ကာကွယ်ခဲ့တဲ့ ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့ကာ သူ့ရဲ့ ပါဝင်တဲ့အပိုင်းတွေ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲကိုရိုက်ကူးတဲ့ ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာဖြစ်သူ သန်းထိုက် (ရွှေရိပ်)ကလည်း ကိုယ်တိုင်ကလည်း ကိူစိန်သောင်းကာရိုက်တာကိုအသေးစိတ်ကအစဂရုစိုက်စွာ သရုပ်ဆောင်ခဲ့ကြောင်း ချီးကျူခဲ့တာပါ။ ” ဘယ်နဲ့လဲပရိသတ်ကြီး ရင်ထဲ ခိုးလိုးခုလုတွေများ ပိုဖြစ်သွားကြရဲ့လား.လှည့်ကွက်တွေနဲ့ပျော်နေလို့များမထင်ပါနဲ့ဗျာ… မနက်ဖြန်ဆို စေတစ်လုံးမောင်ဘုန်း နှုတ်ဆက်ပါတော့မယ်နော်… ဆက်လာမယ့် မကြေးစည် ကားလေးကို ဆက်လက်ကြည့်ရှုအားပေးပေါ့လေ… ဒီည ဘ၀အမှောင်ထဲကနေ ထိုးထွက်လာပြီး ပရိသတ်ကြီးကို နှုတ်ဆက်သွားရတဲ့ စိန်သောင်း(ကျော်ထက်) အရမ်းအရမ်းတော်ပါတယ်။တစ်ကားလုံးမှာ အပင်ပန်းအခံဆုံးလို့ဂုဏ်ယူပြောလိုပါတယ်။နံရံနဲ့ခေါင်းဆောင့်ပြီးငိုတဲ့အခန်းဆို တကယ်ဆောင့်ခဲ့ပါတယ်။ မိခင်မြေပုံမှာ ပါးရိုက်ပြီး ငိုတဲ့အခန်းဆိုလည်း တကယ်သူ့ပါးသူရိုက်ခဲ့တာ ထမင်းတောင်မစားနိုင်တဲ့အထိပါပဲ။ ဒီနေ့ […]
အာမခံချက်မရှိတဲ့ တိုင်းပြည်မှာ သားသမီးတွေရဲ့အနာဂတ်အတွက် စဉ်းတောင်မစဉ်းစားရဲဘူးလို့ ရင်ဖွင့်လာတဲ့ ကောင်းကောင်း
(Unicode ဖြင့်ဖတ်ရန်) ကရင်အဆိုတော်လေး ကောင်းကောင်းကတော့ သီချင်းဆိုကောင်းရုံသာမက သီချင်းရေးမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ကောင်းကောင်းက ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ် ဇူလိုင်လအတွင်းက အမေရိကန်နိုင်ငံမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ ချစ်ဇနီးနဲ့အတူတူ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိဘတစ်ဦးပီပီ အခုလို တိုင်းပြည်ဆုတ်ယုတ်နေချိန်မှာ သားတွေရဲ့အနာဂတ်အတွက် စိုးရိမ်နေရကြောင်း အခုလိုပဲရင်ဖွင့်လာပါတယ်။ “အာမခံချက်မရှိတဲ့ တိုင်းပြည်မှာ မနက်ဖြန်အတွက်တောင် မတွေးရဲပါဘူး။ ဒါပေမယ့် ဟန်ဆောင်ပြီးပျော်အောင်နေပါတယ်။ တနေနေရာသွားဖို့အခွင့်အရေးရပေမယ့် ဒီနိုင်ငံကို ချစ်လွန်းလို့ ကပ်သပ်ပြီးနေရပေမယ့် သူတို့တွေရဲ့ အနာဂါတ်အတွက်တော့ စဉ်းတောင်မစဉ်းစားရဲဘူး😥 နှစ်ခြိုက်စွာအိပ်ပါသားငယ်ရယ်….ပါပါးအသက်ရှူနေသ၍ သားတို့အတွက် လုံခြုံစေရပါ့မယ်”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ ကောင်းကောင်းကတော့ တိုင်းပြည်က ဆုတ်ယုတ်နေပြီး လူငယ်တွေရဲ့ အနာဂတ်တွေပျောက်ဆုံးနေချိန် လူမမယ်သားလေးတွေရဲ့ အနာဂတ်ကိုလည်း […]
ဆောင်းယွန်းစံ ရဲ့ မွေးနေ့လေးမှာ ရှုတင်အထိ အအေးလှည်းကြီး SURPRISE လက်ဆောင် ပို့ပေးခဲ့တဲ့ မေချစ်သွေး
သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဗီဒီယိုဇာတ်ကားေတွနဲ့ ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ်တွေကြား အောင်ြမင်လာခဲ့ သူတစ်ေယာက်ဖြစ်ပါတယ်။ ဆောင်းယွန်းစံက ပရိသတ်ကြီးအားလုံးသြိ ပီးသားအတိုင်း သရုပ်ဆောင်ပိုင်တံခွန်ရဲ့အစ်မ ဓာတ်ပုံ ဆရာမေ လး မေချစ်သွေးနဲ့ ချစ်သူတြွေ ဖစ်နေတာပဲဖြစ်ပါတယ်။ LGBT စုံတွဲလေးပီပီ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ဆောင်းယွန်းစံနဲ့မေချစ်သွေးတို့ဟာ ပရိသတ်တွေချစ် ကြရတဲ့စုံတွဲလေးတစ်တွဲပါပဲ။ ဇန်နဝါရီလ (၂၃) ရက်နေ့ကေ တာ့ ဆောင်းယွန်းစံ ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မေချစ်သွေးကချစ်သူလေး ဆောင်းယွန်းစံရဲ့ မွေးနေ့မှာ ဆောင်းယွန်းစံရှိရာ ရှုတင်ကို အအေးတွန်းလှည်းလေး လက်ဆောင်ပို့ပေးခဲ့ပြီး Surprise ပြုလုပ်ခဲ့ပါတယ်။ ဆောင်းယွန်းစံကလည်း သူမရဲ့မွေးနေ့မှာ တန်ဖိုးထားဂရုစိုက်ပြီး Surprise လုပ်ပေးတဲ့ မေချစ်သွေးကြောင့် ပျော်ရွှင်ကြည်နူးေနခဲ့တာကိုတွေ့ရပါတယ် ။ ဆောင်းယွန်းစံကတော့ မွေးနေ့မှာ တစ်သက်မမေ့ နိုင်စရာေကာင်းတဲ့ Surprise လေးတစ်ခုကို […]
ငါ့ကိုလဲကြိုက်ကြပါအုံးလို့ဆိုလာတဲ့ အမုန်းတော်ခံလူမိုက်ကြီးမာဃ
ကိုလဲကြိုက်ကြပါအုံးလို့ဆိုလာတဲ့ အမုန်းတော်ခံလူမိုက်ကြီးမာဃ မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ MRTV – 4 မှထုတ်လွှင့်တင်ဆက် ပြသလျက်ရှိသော စေတလုံးမောင်ဘုန်း ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် လူကြိုက်များပြီး ပြည်လုံးကျွတ်နီးပါး ဝက်ဝက်ကွဲ အောင်မြင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရလောက စုန်းကဝေစတဲ့ မကောင်းတဲ့ အောက်လမ်း အတတ်ပညာရှင်တို့ ပြုစားတဲ့ ပြဿနာအရပ်ရပ်ကို လိုက်လံကူညီအဖြေရှာ ရှင်းပေးနေတဲ့ အထက်လမ်းဆရာလေး မောင်ဘုန်းရဲ့ တည်ကြည်ပြတ်သား တိကျတဲ့ ဟန်ပန် သရုပ်ဆောင်ချက်များကြောင့် မိန်းခလေး ပရိသတ်တင်မက ယောကျာ်းလေး ပရိသတ်များ၏ အားပေးခြင်းခံရတဲ့အထိ လူကြိုက်များလွန်းလျက် ရှိပါတယ်။ ဇာတ်လမ်း ဇာတ်ကွက် စွဲဆောင်မှု့ ရှိတဲ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တိုင်းဟာလည်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ အဓိက ဇာတ်ရုပ်မင်းသားရဲ့ ဆန့်ကျင်ဘက်ရန်သူ ၂၁ရာစု လူဆိုးကြီးမာဃကတော့ တဇောက်ကန်း […]