အခ်စ္နွင့္ဘဝ

တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ …

တခြားသူကို ချစ်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိရပါ … ကိုယ်က အရိုးသားဆုံးနဲ့ချစ်ခဲ့ပေမယ့် တချို့လူတွေက ကိုယ်ချစ်ရလောက်တဲ့အထိ အဖိုးမတန်တတ်ကြဘူး ။ တစ်စုံတစ်ယောက်ကို ချစ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားခဲ့ဖူးရင် ဒီစာလေးကို အဆုံးထိဖတ်စေချင်တယ် ။ တခြားသူကို ဂရုစိုက်လွန်းတဲ့သူက ကိုယ့်ကိုယ်ကိုကျ ဂရုစိုက်ဖို့မေ့နေတတ်ကြတယ် တဲ့ .. တကယ်အမှန်ပါပဲ … သူအဆင်ပြေလားလို့တွေးရင်း ကိုယ်ငိုခဲ့ရတဲ့ရက်တွေဟာ များလှပြီ ။ ကိုယ်အဆင်မပြေတဲ့အရာတွေရှိတဲ့အခါ သွေးအေးတတ်ခဲ့သလောက် သူအဆင်မပြေဘူးဆိုတဲ့ အသံကြားတာနဲ့ ပျာယာခတ်တတ်ခဲ့ပြီလေ ။ တချို့နာကျင်ခြင်းတွေဟာ ကိုယ်လွှတ်ချလိုက်ရုံနဲ့ လွတ်မြောက်သွားတတ်ပါတယ် ။ တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူမဲ့အတူတူဆိုတဲ့ အိပ်မက်တွေမက်ခဲ့ကြပေမယ့် ကိုယ့်အနာဂတ်ကိုကျ ကိုယ်ကိုယ်တိုင် ထည့်မတွက်ကျဘူး ။ သူ့ကို ရင်နင့်အောင်ချစ်တတ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုကျ တစ်စက်လေးမှ မချစ်တတ်ခဲ့ဘူး […]

အခ်စ္နွင့္ဘဝ


မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေသုံးတတ်တဲ့ အကွက်များ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ် ပါတယ်။ စစ်တမ်းတွေ အရဆိုရင် Relationship တွေမှာ မိန်းကလေးတွေ ဘက်ကနေ အရင်စပြီး လမ်းခွဲတာ များပါတယ်။ ယောကျ်ား အများစုက လမ်း ခွဲရအောင် ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြ တတ်ကြ ပါ တယ် ။နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..? ချစ်သူကောင်လေးကို လမ်းခွဲ ချင်လာပြီ […]

အခ်စ္နွင့္ဘဝ

ယောကျ်ား တစ်ယောက် ထားသွား ခံရလို့ မိန်ကလေး တစ်ယောက် ဘဝ ပျက်မသွားနိုင် ပါဘူး

” မိန်းကလေး တိုင်း ဖတ်ဖို့ ” ယောကျ်ားတစ်ယောက် ထား သွားခံရလို့…… မိန်ကလေး တစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး။ အဲ့ဒီ ယောကျ်ားကို ချစ်နေသေး တဲ့…… စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ။   မိန်းကလေးတစ်ယောက် အယုံကြည် လွယ်တယ်……ခံစားရလွယ်တယ် အားနာလွယ်တယ်…… အစွဲလမ်းကြီးတတ်တယ် ဆိုရင် နောင်တတွေနဲ့…… အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့။ ဖောက်ပြန်တတ်တဲ့ ယောကျ်ား တစ်ယောက်ကို…… ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့။ အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန် တာဟာ…… အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး။ မွေးရာပါ ဆင်ခြင်တုံတရား အားနည်းတာ.……စာရိတ္တ သက်လုံ မကောင်းခဲ့တာပါ။ ပြောချင်တာက……ဆန္ဒ နဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ……သိက္ခာကိုသာ ဦးစားပေးပါ။ လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ် တဲ့အခါ……လိုအပ်တာကိုသာ ဦးစားပေးပါ။ […]

အခ်စ္နွင့္ဘဝ

ရေသန့်တစ်ခွက် နဲ့ တူတဲ့မိန်းမ

ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ လျစ်လျူရူခံရတာများပါတယ်။ ရေသန့်ဟာ အရသာကင်းမဲ့ပြီး အရောင်အဆင်း မရှိတတ်ပါဘူး ။ ရေဟာ ဖြူစင်ပါတယ် မစင်ကြယ်တဲ့အရာတွေကိုတောင် စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။ အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာများပတယ်။ သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကိုစွဲဆောင်မှုတစ်ခုတော့ ပေးပါလိမ့်မယ်။ဒါပေမယ့် ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့ သောက်သုံးဖူးသွားတဲ့သူတိုင်း သိကြပါတယ်။ အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ရနေတဲ့ရေတစ်ခွက်ကိုတော့တန်ဖိုးမထားတတ်ကြပါဘူး။ မိန်းမကောင်း မိန်းမမြတ်တွေကလဲ ရေသန့်တစ်ခွက်နဲ့တူပါတယ် အရောင်အဆင်းမရှိပေမယ့် လူတိုင်းအတွက်တန်ဖိုးရှိပါတယ်။ ပေါ့ပျက်ပျက် အပေါစားဆန်တဲ့ မိန်းမတွေကတော့အချိုရည်လိုပါပဲ။ သူ့တို့ပင်ကိုယ်အရည်အချင်းမရှိပဲ အရောင် အရသာနဲ့သာ ဆွဲဆောင်ပါလိမ့်မယ်။တန်ဖိုးတော့ မရှိပါဘူး။ သင့်လက်ထဲမှာရော ရေသန့်တစ်ခွက်ရှိနေပီလား…???? […]

အခ်စ္နွင့္ဘဝ

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး ကျွန်မလျှောက်တဲ့လမ်းက ဆူးခင်းလမ်းဖြစ်နေခဲ့ရင်တောင် ကျွန်မဆက်လျှောက်ဖို့ ဝန်မလေးဘူး။ ဘာကြောင့်ဆို ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်ရှိနေလို့ပါပဲ။ ကျွန်မဘဝက ကြမ်းတမ်းတယ်လို့ ငြီးပြီးငိုမနေဘူး။ ဘာကြောင့်ဆို ကျွန်မဝမ်းနည်းရင် နှစ်သိမ့်မယ့်သူက ကျွန်မပဲဖြစ်နေလို့ပါပဲ။ ကျွန်မ လဲကျခဲ့ရင်တောင် ပြန်ထဖို့လက်တစ်စုံကိုစောင့် မနေခဲ့ဖူးဘူး။ ဘာကြောင့်ဆို ကျွန်မခွန်အားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထတတ်အောင် အရှုံးတွေထဲက ခဏခဏသင်ခန်းစာတွေရခဲ့ဖူးလို့ပါပဲ။ ကျွန်မချစ်နေခဲ့ရင်တောင် မေ့ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြန်တမ်းတနေမှာမဟုတ်ဘူး။ ဘာကြောင့်ဆို အချစ်က ခါးသီးစွာရခဲ့တဲ့ ဒဏ်ရာဆိုတာခဏခဏ ထိုးဆွနေလို့ ခံစားရနေတာထက် ပိုပြီး မချစ်တတ်အောင် သတိတွေပေးနေတတ်လို့ပါပဲ။ ကျွန်မအတွက် ကျွန်မအသင့်ရှိနေဖို့ ကျွန်မကျန်းမာနေဖို့လိုတယ်။ ကျွန်မအတွက် ကျွန်မခွန်အားတွေပေးနေဖို့ စာပေဖတ်ရှု့ပြီး ဦးနှောက်အာဟာရပြည့်နေဖို့တယ်။ ကျွန်မအတွက် ကျွန်မရှိနေဖို့အာဟာရအတွက် ခန္ဓာကိုယ် ဖြည့်စွက်စာနဲ့ကိုယ်ကာယလေ့ကျင့်ဖို့အတွက်အချိန်ပေးဖို့လိုတယ်။ ကျွန်မအတွက် ဘယ်သူမှ မလိုပါဘူး […]

အခ်စ္နွင့္ဘဝ

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ မိန်းကလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ဘူး … ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ မိန်းကလေးဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူတွေပါ … ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူ ရင်ခွင်မှာပါ … ။ ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး စိတ်မရှည်တတ်ကြဘူး မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ … ။ ဂရုစိုက်မှုမရှိရင် အချစ်က အလကားပဲလေ ချစ်တယ်ပြောပြီး … ပစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့်ဆိုရင် သွေးအေးအေးနဲ့ […]

အချစ်နှင့်ဘဝ

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင် ကျေနပ်စွာ ထွက်ခွာသွားခွင့် ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရ သလိုပါပဲ။ သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား …၊ ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့ အခါ လူ အတော်များများကနာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစား တတ်ကြပါတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ …။ တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစား တာဟာ သူ့ကို ပိုသတိ ရနေ စေပါတယ်။ ဒါဟာ မိမိကိုယ်ကို နှိပ်စက်နေတာပါ။ လူတိုင်းက ကိုယ့်ကိုကိုယ်ထက် […]

အခ်စ္နွင့္ဘဝ

ဘယ်သူကမှ သင့်ကို သူတို့ကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး

ဘယ်သူကမှ သင့်ကို သူတို့ကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူတို့ကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။ လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ ကိုယ်ပိုတန်ဖိုးထားတဲ့ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။ ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်အောင်နေပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးတိတုံးအမေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။ ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။ တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ […]

အခ်စ္နွင့္ဘဝ

ပေးဆပ်မှုတိုင်းက အရာမထင်တာ မဟုတ်ဘူး ပေးဆပ်ယုံသပ်သပ် ဝဋ်ကြွေးတွေမကုန်နိူင်သေးတာ

ပေးဆပ်မှုတိုင်းက အရာမထင်တာ မဟုတ်ဘူး ပေးဆပ်ယုံသပ်သပ် ဝဋ်ကြွေးတွေမကုန်နိူင်သေးတာ ကိုယ်ပေးသမျှ ပြန်မရတိုင်း စိတ်ဓာတ်တွေ အကြိမ်ကြိမ်ကျဖူးကြမှာပါ။ ဘဝမှာ ဘယ်လောက်ထိ ကြိုးစားရုန်းကန်နေပါစေ ကိုယ်လိုချင်တဲ့ ဆန္ဒတွေက ပြည့်လာတယ်လို့မရှိပါဘူး ဒါကိုပဲ တွေးရင်း ငါဘာကြောင့် မတိုးတက်သေးတာလဲ စသည်ဖြင့် သင့်ကိုယ်သင်ယုံကြည်မှုတွေလျော့နည်းလာပါလိမ့်မယ်။ ဒီအချက်က လူတိုင်းခံစားဖူးမှာပါ လူရယ်လို့ ဖြစ်လာရင် ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ၊အနာဂတ်ပန်းတိုင်တွေထားရှိကြပါတယ်။ တစ်ချို့က ဘဝအတွက် တစ်ချို့က မိသားစုအတွက် ၊တစ်ချို့က အချစ်ရေးအတွက် ၊ တစ်ချို့ကအိမ်ထောင်ရေးအတွက် ၊တစ်ချို့က သားသမီးအရေးအတွက်စသည်ဖြင့် စိတ်ထဲက တစ်ခုခုကို သက်မှတ်ထားတဲ့အခြေအနေထိရောက်အောင် ကြိုးစားနေတတ်ကြပါတယ်။ သို့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကွာခြားကြတဲ့အခါ တစ်ချို့က ကိုယ်လွတ်ရုန်းပြီး လောကကြီးထဲက ထွက်သွားကြတယ် တစ်ချို့က ဘဝနဲ့ရင်းပြီး သင်ခန်းစာတွေပွေ့ဖက်ထားကြတယ်။ ဒီလိုပဲဘဝမှာ မဖြစ်ချင်ဘူး ဆိုတဲ့အရာတွေပဲ ခံစားရတယ်လို့မတွေးပါနဲ့ […]

အခ်စ္နွင့္ဘဝ

ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ

ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ။ အချိန်ကြာတော့ အေးစက်စက် ဆက်ဆံရေးက ဖြစ်တတ်တဲ့သဘောလား။ ချစ်ခြင်းဟာ ပူလောင်တတ်ပါရဲ့နှင့် အပူခံ ဆုပ်ကိုင်ထားမိတာဟာဆုံးရှုံးရမှာကို ကြောက်လို့ပေါ့။ ဆန်ကျင်ဘက် ခံစားချက်တွေဟာနှလုံးသားကို နာကျင်ရတာထက်ပိုပါတယ်။ ဘဝတခုလုံးကိုပါ ပျင်းရိချောက်သွေ့စေခဲ့တာ။ အားအင်တွေကုန်ခမ်းစေလိုက်တာ။ ဒဏ်ရာမဲ့ အနာတွေက သွေးစိမ်း‌တွေစီးကျစေခဲ့တာ။ ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတဲ့ လမ်းစကိုပါ ပျောက်ပျက်သွားနိုင်တာမျိုး။ ရိုက်နှက်တာထက် ပိုနာကျင်ရပါတယ်။ ဘာပြောပြော ၊ဘာဖြစ်ဖြစ်မျက်တောင်ကိုပုတ်ခတ် မေးကိုတချက်ကိုက် မျက်ရည်စကိုသိမ်းဆည်းရင်း ကိုယ်ဆက်ချစ်နေမိအုံးမှာ။ လက်မလွတ်နိုင်သေးဘူး။ဘာလို့လဲ..မင်းသိလား။ မင်းကို ချစ်နေရတာကိုက..ကျေနပ်နေရလို့။ Credit Unicode ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ။ အချိန်ကြာတော့ အေးစက်စက် ဆက်ဆံရေးက ဖြစ်တတ်တဲ့သဘောလား။ ချစ်ခြင်းဟာ ပူလောင်တတ်ပါရဲ့နှင့် အပူခံ ဆုပ်ကိုင်ထားမိတာဟာဆုံးရှုံးရမှာကို ကြောက်လို့ပေါ့။ ဆန်ကျင်ဘက် ခံစားချက်တွေဟာနှလုံးသားကို နာကျင်ရတာထက်ပိုပါတယ်။ ဘဝတခုလုံးကိုပါ ပျင်းရိချောက်သွေ့စေခဲ့တာ။ အားအင်တွေကုန်ခမ်းစေလိုက်တာ။ ဒဏ်ရာမဲ့ အနာတွေက […]