သတိရနေပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး သတိရနေတယ်ဆိုတာထက် လွမ်းနေတယ်ဆိုရင် ပိုပြီးမှန်လိမ့်မယ် … အတိတ်မှာ နွေးထွေးခဲ့ဖူးတဲ့အချိန်တွေကို ပြန်ပြီး အမှတ်ရနေမိတယ် ခက်ခဲတဲ့ကြားက ခက်ခက်ခဲခဲဆက်သွယ်ပြီး စကားတွေ အများကြီးပြောခဲ့ဖူးတဲ့ညတွေကို အမှတ်ရနေမိတယ် .. ဒါပေမယ့် အတိတ်က အတိတ်ပါပဲလေ … ပြောစရာစကားတွေအများကြီးရှိပေမယ့်လဲ ပြောစရာမဲ့နေပြီဖြစ်တဲ့သူ့အတွက် ဆက်ဖို့ကြံရွယ်ထားတဲ့ဖုန်းကို မဆက်ပဲထားလိုက်တယ် … တစ်ဖက်က ဘာပြောမလို့လဲဆိုတဲ့ စကားလုံးကိုကြားရင် ကျွန်မ ငိုမိမှာစိုးလို့မီးစိမ်းလေးမြင်ပေမယ့်လဲ ထိုင်ပဲကြည့်နေလိုက်တယ် ကိုယ်ပို့သလောက် ပြန်ရလာမယ့် အင်းတွေ အော်တွေ မတွေ့ချင်မမြင်ချင်တော့လို့ သတိရတာပေါ့ … သူက မေ့ထားနိုင်ပါတယ် ဒီအချိန်ဆို သူဘာလုပ်နေမလဲဆိုတဲ့အတွေး တွေးနေမိရင် သူနဲ့စကားပြောချင်နေမိတဲ့စိတ်လေးတွေပိုတယ် … ဒါပေမယ့် ကိုယ်သူ့ဆီဆက်လိုက်ရင်လဲ ကိုယ်ပဲ ငိုရမှာ ဒီတစ်နေ့တော့ မငိုပဲ အိပ်ချင်တယ်လေ … သတိရတာပေါ့ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး […]
အခ်စ္နွင့္ဘဝ
ချစ်သူအတွက် သိပ်ချစ်ဖို့ကောင်းတဲ့ ယောင်္ကျားလေးတွေရဲ့ အပြုအမူ
ချစ်သူအတွက် သိပ်ချစ်ဖို့ကောင်းတဲ့ ယောင်္ကျားလေးတွေရဲ့ အပြုအမူ (၁၄) မျိုး ၁။ လေးတဲ့ ပစ္စည်းတွေကို ကူမပေးခြင်း ။ ၂။ လမ်းလျှောက်ရင် ချစ်သူ မိန်းကလေးနဲ့ အတူ တူ ဖြေးဖြေးလျှောက်ပေးခြင်း ။ ၃။ ကားလမ်းဘေးမှာ လျှောက် ရင်လည်း ကားလာတဲ့ ဘက် မှာ သူက နေပေးခြင်း ။ ၄။ အိမ်အထိ လိုက် ပို့ပေးခြင်း ။ ၅။ မထင်မှတ်ပဲ လက်ဆောင် ပစ္စည်းလေးကို ပေးခြင်း ။ ၆။ သူစားချင်တဲ့ စားသောက် ဆိုင်ကို လိုက် ထိုင်ပေးခြင်း ။ ၇။ သူသွားချင်တဲ့ ဆိုင်တွေကို တစ်နေ ကုန် လိုက်ပေး နိုင်ခြင်း […]
ယောင်္ကျားလေးတွေ ကိုယ့်ကိုတမ်းတမ်းစွဲနေစေဖို့ မိန်းကလေးတွေလိုက်နာသင့်တဲ့အရာမျာ
ဘယ်အရာကိုမဆို အလွယ်ရရင် တန်ဖိုးမထားတတ်ကြတာ သဘာဝပဲလေ ဟုတ်တယ်ဟုတ်?ဆိုတော့ ဒီတစ်ခါမှာတော့ ယောင်္ကျားလေးတွေ ကိုယ့်ကိုရူးသွပ်မတတ်စွဲလမ်းနေစေဖို့ မိန်းကလေးတွေ လိုက်နာရမယ့် အချေနည်းတွေကို စုစည်းဖော်ပြအကြံပြုလိုက်ပါတယ်။ ။ 1.သူ့၇ဲ့ဖုန်းခေါ်သံကြားတိုင်း အပြေးအလွှားသွားကောက်ကိုင်နေစရာမလိုပါဘူး။သင့်မှာလည်း မအားလပ်တဲ့အချိန်ဆိုတာ ရှိအုံးမှာပဲလေ…။ 2.msgတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် တရစပ်ဖြေနေတာမျိုးထက် လိုရင်းတိုရှင်းပဲဖြေပါ။ 3.ကိုယ့်ကိုလာရှိတ်နေတဲ့စာကို ချက်ချင်းရပလိုင်းပြန်တာထက် နာရီဝက်၊တစ်နာရီလောက်ခြားပြီးမှ ပြန်ပါ။မဟုတ်ရင် ကိုယ်ပဲ သူစကားလာစပြောမှာကို စောင့်နေတဲ့အတိုင်း အထင်ခံရနိုင်တယ်လေ…။ 4.”နောက် ၅မိနစ်အတွင်း သင်ဘာလုပ်မလဲ?’’ဆိုတဲ့ အဆက်အစပ်မရှိ သင့်အချိန်တွေ၊စိတ်ကူးတွေကို စွက်ဖက်လိုတဲ့ မေးခွန်းမျိုးကို ဖြေနေစရာမလိုပါဘူး။လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါ။ 5.သင်ခုချိန်မှာ ဘာလုပ်နေမလဲ?ဘယ်မှာရှိနေနိုင်မလဲ?ဘသူနဲ့ရှိနေလောက်သလဲ?? အစရှိတဲ့ မေးခွန်းအကြောင်းအရာတွေကို သင့်ကိုသဘောကျချစ်နှစ်သက်သူတွေကို တွေးစေပြီး ပူပန်နေစေပါလေ။ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းတစ်ခုလုံးကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ထားတဲ့စာအုပ်တစ်အုပ်လို ဒလဟောကြီးဖွင့်ပြနေတာတော့ မဟုတ်သေးဘူးလေနော်…။ 6.သူ့ပရိုဖိုင်းအောက်မှာပဲ တ၀ဲလည်လည်ဖြစ်နေတာမျိုး၊မလိုအပ်ပဲ သူ့TIMELINEမှာစာသွားရေးတာမျိုး၊အမြဲလိုလိုသွားမန့်တာမျိုးတွေ မလုပ်ပါနဲ့။အချိန်တခဏတော့ စိတ်ထိန်းလေနော်….။ 7.သင်နဲ့စကားပြောရတာ […]
နေ့နံအလိုက် အချစ်ရေး အိမ်ထောင်ရေး ကံခေတတ်သော အသက်အရွယ်များ
မြန်မာ့လက်ဆန်းဗေဒင်ပညာဖြင့် အချစ်ရေးနှင့် အိမ်ထောင်ရေးရာ ကံဇာတာ အားနည်းတတ်သော အသက်ပိုင်းများကို ကိုယ်တိုင်တွက်စစ်သတိပြုနိုင်သည်။ မန်မာ့လက်ဆန်းဗေဒင်ပညာရပ်များထဲမှ သေသဝိဇ္ဇာပညာရပ်သည် အသက်ပိုင်းလိုက် အလွယ်တကူ တွက်စစ်သတိပြုနိုင်သော ပညာရပ်ကြီး တစ်ခုလည်းဖြစ်သည်။ သေသဝိဇ္ဇာ ပညာရပ်ဖြင့် နေ့သားအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး ကံခေ ကံညံ့တတ်သော အသက်ပိုင်းများကို အောက်ပါအတိုင်း တွက်စစ်ကြည်နိုင်သည်။ တနင်္ဂနွေနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့်စား၍ (၄) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉ နှစ် ….စသောအသက်ပိုင်းများတွင် မေတ္တာရေး အိမ်ထောင်ရေး အားနည်းလှသော အသက်ပိုင်းများဖြစ်သည်။ အထူးသဖြင့် နာမည်တွင် စေနေနံ (တ၊ ထ၊ ဒ၊ ဓ၊ န) ဖြင့် အဆုံးသတ် မှည့်ခေါ်ထားသူများအနေဖြင့် ပိုမိုသတိပြုရမည့် အသက်ပိုင်းများဖြစ်သည်။ […]
သင့်ကို အမှန်တကယ် စိတ်ဝင်စားပြီး ဒိတ်လုပ်ချင်ကြောင်း ပေါ်လွင်နေတဲ့သူမျိုးရဲ့ အပြုအမူတွေ
သင့်ကို အမှန်တကယ် စိတ်ဝင်စားပြီး ဒိတ်လုပ်ချင်ကြောင်း ပေါ်လွင်နေတဲ့သူမျိုးရဲ့ အပြုအမူတွေ သင့်ကို စိတ်ဝင်စားနေတဲ့ ကောင်လေးက သင်စိတ်ဆိုးသွားမှာ ကြောက်လို့ ဒိတ်လုပ်ဖို့ မခေါ်ရဲတဲ့ အခိုက်အတန့်မျိုး မိန်းကလေးတိုင်း ကြုံဖူးကြတယ်ဟုတ်။ တစ်ခါတစ်လေမှာ သင်သတိမထားမိပေမယ့် သင်နဲ့ ဒိတ်လုပ်ချင်တဲ့ ကောင်လေးတစ်ချို့လည်း ရှိတတ်ပါတယ်။ သင်နဲ့ ဒိတ်လုပ်ချင်နေတဲ့ ကောင်လေးတစ်ချို့ရဲ့ အပြုအမူတွေက ဒီလိုတွေပါနော် သင်သည်သာ နံပါတ်တစ် သင်ရဲ့ မိသားစု၊ သင့်သူငယ်ချင်း အကြောင်းအနည်းငယ် သိထားပေမယ့်လို့ ထပ်ပြီး ဘာမှမမေးတတ်ဘူး။ သူတို့စိတ်ထဲမှာ သင်သည်သာ အဓိက ဖြစ်နေလို့ပါ။ သင့်ရဲ့ အကြောင်းတွေကို သင်ပြောထားရုံမှအပ ဘာကိုမှ မစုံစမ်းတတ်ကြပါဘူး။ သူတို့စိတ်ထဲမှာ သင်ဘာကြိုက်တတ်တယ်၊ ဘယ်လိုပုံစံမျိုး ကြိုက်တတ်တယ်ဆိုတာကို သိနေရုံနဲ့တင် ကျေနပ်ပျော်ရွှင်နေတတ်ကြသူလေးတွေပါ သင့်ကို ဖွင့်ပြောဖို့ အချိန်အကြာကြီး စောင့်နေတတ်တယ် […]
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ကြုံတွေ့နိုင်တဲ့ ဒုက္ခ ဆိုးကျိုး (၇) ချက်
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ကြုံတွေ့နိုင်တဲ့ ဒုက္ခ ဆိုးကျိုး (၇) ချက် ယနေ့ခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့ရေးကို သိပ်မတွေးကြဘဲ အိမ်ထောင်ပြုကြသူတွေ တစ်နေ့တစ်ခြား များပြား လာနေပါတယ်။ ရည်းစား သက်တမ်း အချိန်တိုတိုလေးနဲ့ စောစီးစွာလက်ထပ်တာဟာ romantic ဆန်တယ်လို့ ထင်ရပေမယ့် ငယ်ရွယ်တဲ့ သူတွေ ဖြစ်တဲ့ဖြစ်တဲ့အတွက် အိမ်ထောင်ရေး၊ စီးပွားရေး ပြဿနာတွေကိုကြုံတွေ့လာနိုင် ပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာဟာ နှစ်ယောက် အတူ လက်တွဲညီညီ တည်ဆောက် ရတဲ့ အရာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိဖို့ အရေးကြီး တာကြောင့် မတည်ငြိမ်၊ မရင့်ကျက်သေးတဲ့ အရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ ဘဝကိုရင်ဆိုင်ဖို့ခက်ခဲတဲ့အခြေအနေတွေ ဖြစ်ပေါ် လာစေ တတ်ပါ တယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် […]
ချစ်သူတိုင်း အချစ်တွေ ပိုတိုးလာစေမယ့် နည်းလမ်း (၁၅)မျိုး
ချစ်သူတိုင်း အချစ်တွေ ပိုတိုးလာစေမယ့် နည်းလမ်း (၁၅)မျိုး ကိုယ့်ချစ်ရတဲ့သူနဲ့ ချစ်သူဘ၀ကို ဒီထက်ပိုပြီး အဆင်ပြေချောမွေ့နေစေဖို့ ကအရေးကြီးပါတယ်။ အချိန်ကြာလာလေသွေးအေးသွားတာထက် တစ်ယောက်ကိုတစ်ယောက် အချိန်တွေပိုလာကြတာပိုကောင်းပါတယ်။ အဓိကက သင့်တို့ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ စိတ်ရင်းအတိုင်း လုပ်ပေးတာပိုထိရောက်ပါတယ်။ ဒီနည်းတွေကတော့ အချိန်လာလေ အချစ်တွေပိုတိုးလာစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ (၁) တစ်ယောက်ကို တစ်ယောက် အနစ်နာခံပြီး ချစ်ပေးကြပါ။ (၂) ကိုယ့်ချစ်ရတဲ့သူအပေါ်ကို ဘယ်တော့မှ မလိမ်ပါနဲ့။ (၃) တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောပေးကြပါ။ (၄) ချိုချိုသာသာပြောပေးရပါတယ်။ (၅) တစ်ယောက်ကအမှားလုပ်ရင်တောင် တစ်ကြိမ်တည်းဆို ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလိုက်ပါ။ (၆) ရန်ဖြစ်ရင်တောင် လမ်းခွဲဖို့ ဘယ်တော့မှမပြောပါနဲ့။ (၇) တကယ်အဆင်မပြေဘဲ ၊ အဆင်ပြေပါတယ်လို့ မပြောပါနဲ့။ (၈) ချစ်သူတွေကြား မာနတွေမထားပါနဲ့။ (၉) […]
တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာရှိတတ်တဲ့ အချက်(7)ချက်
တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာရှိတတ်တဲ့ အချက်(7)ချက် ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့် သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ … ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တစ်ချို့ ရှိပါတယ်။ ကြည့်လိုက်ရအောင်နော် … ၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း” ချစ်တယ်ဆိုတဲ့စကားဟာ Relationship အစမှာပဲ ပြောရမယ့် စကားမဟုတ်ပါဘူး။ နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကားဖြစ်ပါတယ် …. တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့ ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။ ဒီလိုမျိုး […]
သင်ချစ်တာထက် ပိုချစ်တဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင် ဒါမျိုးတွေကြုံရမှာပါ
လူတိုင်းက ကိုယ့်ချစ်သူရဲ့ အချစ်ဆုံးတစ်ယောက် ဖြစ်ချင်ကြတာ ချည်းပါပဲ။ ချစ်သူနှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ပိုချစ်ရတယ်ဆိုတဲ့အတွေးကလည်း ချစ်သူတွေကို အမြဲတမ်းနှိပ်စက်လို့ နေတတ်ပါတယ် ။ အဲ့ဒီအတွေးတွေက သင့်ကိုလည်း ဖိစီးနေတယ်ဆိုရင်တော့ သင်ကလည်း သင်တို့ချစ်သူနှစ်ယောက်မှာဘယ်သူကပိုချစ်လဲ ဆိုတာကို သိချင်နေမှာပေါ့။ ဒါဆို သင့်ချစ်သူက၊ သင်သူ့ကိုချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့ ချစ်နေမှန်း ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ် ။ (၁) သင်တို့နှစ်ယောက်ကြားက ပြဿနာတွေကို မကြီးထွားစေဘူး” အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနှစ်ယောက် ရန်ဖြစ်တဲ့အခါ သူဟာ ပြဿနာတွေပိုကြီးထွားစေမယ့်စကားတွေ မပြောတတ်သလို၊ ပြဿနာပိုကြီးမယ့် လုပ်ရပ်တွေလည်း မလုပ်ပါဘူး။ အဲ့ဒါက သူဟာပြဿနာဖြစ်မှာကို ကြောက်တာထက် သင်နဲ့သူ့ကြားမှာ အဲ့ဒီလို ပြဿနာတွေဖြစ်တာကို မလိုလားလို့ ၊ မကြိုက်လို့ပဲ ဖြစ်ပါတယ် ။ (၂) သင်ကသာ […]
Crush က သင့်ကိုပြန်ကြိုက်လာစေမယ့် အလွယ်ကူဆုံးနည်း(၈)မျိုး
Crush က သင့်ကိုပြန်ကြိုက်လာစေမယ့် အလွယ်ကူဆုံးနည်း(၈)မျိုး အရေးကြီးတဲ့အချက်တစ်ချက်ပြောမယ်နော်။ ဘာမှမသိပဲ cb ကနေ မစပါနဲ့။ စရင်လည်း ထမင်းစားပီးပီလား၊ ရေချိုးပီပီလား စတဲ့ ဂလယ်အူကြောင်တွေသွားမမေးပါနဲ့။ လူတော်တော်များများ မှားကြတဲ့အချက်တွေ …. ဆိုတော့ကာ အောက်ကအချက်လေးတွေ အရင်လုပ်ပါ …။ ၁။ အရင်ဆုံး သူကိုယ့်ကိုသတိထားမိလာအောင် လုပ်ရမယ်။ သူ့ပို့စ်မှန်သမျှ react တခုခုပေး ( likeတော့ မပေးနဲ့။ အသဲကြီးပဲလဲစွတ်မပေးနဲ။့ စိတ်မကောင်းစရာ ရေးထားရင် sad ရီစရာဆို ha ha ဖီးလ်ပို့စ်ဆို sad) အ့လိုတလှည့်စီပေး အစုံ။ ၂။ ပြီးရင်ပို့စ်နဲ့ဆိုင်တဲ့ ကွန်မန့်လေးတွေရေး ( အချောလေး ဂုညတော့ မလုပ်နဲ့ ) သူများသတိမထားမိတဲ့ အရာလေးတွေ မန့်ပေး။ ဥပမာ လည်ပင်းနားမှာ […]









